Shrinking (2023) S01 Complete
~ IMDb – 8/10, Rotten Tomatoes – 93% ~
လူတစ်ယောက်က Negative Vibe လို့ခေါ်တဲ့ အပူတွေ စိတ်သောကတွေကို သိပ်ပြီးများများစားစား ခံနိုင်ရည်မရှိလှပါဘူး။ အတော်လေးခံနိုင်ရည်ရှိတဲ့ ပါရမီထူးတဲ့ လူတွေကတော့ စိတ်ကုထုံးပညာရှင်တွေအဖြစ်နဲ့ လာသမျှ လူနာသောင်းခြောက်ထောင်ရဲ့ လူမှုရေး စီးပွားရေး အချစ်ရေး စုံစီနဖာရဲ့ သောကဗျာပါဒတွေကို ဒိုင်ခံနားထောင်ပေးပြီး အကြံဉာဏ်တွေပေးကြတာပေါ့။
ဒါပေမဲ့ စိတ်ကုထုံးဆရာတွေလည်း လူတွေပဲ။ သူများထက်ထူးပြီး နဖူးမှာ ချိုတက်ပေါက်နေတာမှ မဟုတ်ဘဲလေ။ အဲဒီတော့ သူတို့မှာလည်း သူများရဲ့အပူဒဏ်ကို ခံနိုင်တဲ့ Limit လေး ရှိတယ်ပဲ ဆိုပါစို့။ ဒီ Series ကတော့ အဲဒီ Limit လွန်သွားတဲ့ ကုထုံးဆရာတစ်ယောက်ရဲ့အကြောင်းပါ။
Shrinking လို့ခေါ်တဲ့ ဒီ Series က Comedy Drama အမျိုးအစားပါ။ Comedy ဖြစ်နေလို့ အထင်မသေးပါနဲ့။ ဇာတ်လိုက်ကျော်၂ယောက်က နာမည်ကျော် Sitcom Series ဖြစ်တဲ့ How I Met Your Mother ထဲက Jason Segel နဲ့ မိတ်ဆက်နေစရာ လိုကိုမလိုတဲ့ မင်းသားကြီး Harrison Ford ပါ။ ၂ပိုင်းထွက်ထားပြီး IMDb က 7.7/10 နဲ့ RT 82% ရှိနေပါပြီ။ ထုတ်ထားတဲ့ Production က Apple TV+ မို့ Quality အပိုင်းကို သိပ်ပြောစရာ မလိုတော့ပါဘူး။
ဇာတ်လမ်းအကျဉ်းကို ဆက်ကြတာပေါ့…
ဂျင်မီဆိုတဲ့လူက စိတ်ကုထုံးပညာရှင်တစ်ယောက်ပါ။ ကုထုံးဆရာဆိုတာ မှန်ပေမယ့် အပေါ်မှာပြောခဲ့သလိုပဲ။ လူနာတွေရဲ့ မပဋာမြေလူးတာထက်ဆိုးတဲ့ အပူတွေကိုခံနိုင်တဲ့ ခန္တီစပါရမီ Limit ပျက်နေတဲ့ကုထုံးဆရာပေါ့။ ပျက်ဆိုလည်း သူကိုယ်၌ကိုက မိသားစုရဲ့အပူတွေ ရင်ထဲရှိနေတာကိုး။
ဒီလိုနဲ့ လူနာတွေကို သည်းညည်းမခံနိုင်တော့တဲ့ ဂျင်မီတစ်ယောက် ကုထုံးဆရာရဲ့ ကျင့်ဝတ်နဲ့မညီတဲ့လုပ်ရပ်တွေ စလုပ်ပါတော့တယ်။ ဥပမာ – လူနာတစ်ယောက်က အိမ်ထောင်ရေးအဆင်မပြေဘူးဆိုပါစို့။ ကုထုံးဆရာရဲ့အလုပ်က ပုံမှန်ဆို သူပြောတာနားထောင်၊ ပြေရာပြေကြောင်းပြောပေး၊ နှစ်ဖက်စလုံးကို ညှိယူဖို့ ပြောပေးရတာပေါ့။
ဒါပေမဲ့ ဇာတ်လိုက်ကျော်ကြီး ဂျင်မီက ရှင်းပါတယ်။ အိမ်ထောင်ရေးအဆင်မပြေတဲ့ လင်မယားတွေဆို ကွာရှင်းခိုင်းတယ်။ စစ်ပွဲကရခဲ့တဲ့ စိတ်ဒဏ်ရာတွေကြောင့် ဒေါသတွေကြီး ရန်ပွဲတွေများနေတဲ့ စစ်ပြန်စစ်သားကို ဒေါသထိန်းဖို့ တရားထိုင်ဖို့ သူမတိုက်တွန်းပါဘူး။ MMA လက်ဝှေ့သမားတွေနဲ့ ထိုးခိုင်းပါတယ်။
လူနာတွေအပေါ် သူရဲ့ကိုင်တွယ်ဖြေရှင်းပုံက ကျင့်ဝတ်ရေးရာအရကြည့်လိုက်ရင် အတော်လွဲမှားနေပေမယ့် ထွက်လာတဲ့ရလဒ်တွေက အတော် ကောင်းနေပြန်ရော။ လူတွေက Process ထက် Outcome ကိုပဲ တန်းမြင်ကြတာမလား။ ဒီလိုနဲ့ပဲ ကုထုံးဆရာကြီးဂျင်မီအနေနဲ့ သူ့ရဲ့နည်းလမ်းအမှားတွေကိုပဲ သုံးရင်း၊ ရလဒ်တွေကောင်းနေရင်း၊ ထပ်သုံးရင်းနဲ့ သံသရာလည်ကာ အလွဲလွဲအမှားမှားဖြစ်နေပုံတွေကို အပြင်လောကကြီးအပေါ် လက်တွေ့ကျတဲ့အမြင်နဲ့ တိုက်ကြည့်ရင်း တစိမ့်စိမ့်တွေး၊ တရေးရေးပေါ်၊ တခွိခွိရယ်နေရမယ့် စီးရီးကောင်း တစ်ခုပါပဲ။ စုစုပေါင်း ၁၀ ပိုင်းရှိမှာဖြစ်ပြီး အပတ်စဉ်ထွက်ရှိသွားမှာမို့ CM မှ ပုံမှန်တင်ဆက်
ပေးသွားပါမယ်။
(ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ X ပဲဖြစ်ပါတယ်)
Size ~ 500MB+
Total – 10 Episodes
Quality – 1080p
Duration ~ 35min (@Episode)
Subtitle – Myanmar Hardsub
Format – Mp4
Genre : Comedy
Source : ATVP.Web-dl.1080p
Translator – X
Encoder – Y
Episode 1 –> Yoteshin, MegaUp, MegaNZ, UsersDrive, StreamSB, StreamVid
Episode 2 –> Yoteshin, MegaUp, MegaNZ, UsersDrive, StreamSB, StreamVid
Episode 3 –> Yoteshin, MegaUp, MegaNZ, UsersDrive, StreamSB, StreamVid
Episode 4 –> Yoteshin, MegaUp, MegaNZ, UsersDrive, StreamSB, StreamVid
Episode 5 –> Yoteshin, MegaUp, MegaNZ, UsersDrive, StreamSB, StreamVid
Episode 6 –> Yoteshin, MegaUp, MegaNZ, UsersDrive, StreamSB, StreamVid
Episode 7 –> Yoteshin, MegaUp, MegaNZ, UsersDrive, StreamSB, StreamVid
Episode 8 –> Yoteshin, MegaUp, MegaNZ, UsersDrive, StreamSB, StreamVid
Episode 9 –> Yoteshin, MegaUp, MegaNZ, UsersDrive, StreamSB, StreamVid
Episode 10 –> Yoteshin, MegaUp, MegaNZ, UsersDrive, StreamSB, StreamVid
Shrinking (2023) Season 02 Ongoing
~ IMDb – 8/10, Rotten Tomatoes – 93% ~
Shrinking Season 2 လာပါပြီ။
ပထမ Season မှာ ကုထုံးဆရာဝန် ဂျင်မီတစ်ယောက် သူ့ဇနီးသည်ဆုံးပါးသွားရတဲ့အတွက် ပူဆွေးမှု အစောပိုင်းအဆင့်တွေကို ဖြတ်ကျော်ခဲ့ပြီးတော့ Season 2 မှာ နောက်ထပ် အဆင့်တွေကို ထပ်ပြီး ကျော်ဖြတ်ရပြန်ပါတယ်။ သမီးဖြစ်သူကိုလည်း ပူဆွေးတဲ့နေရာမှာ ကူညီပေးရင်း သားအဖ ဆက်ဆံရေးကို ပိုခိုင်မာလာဖို့ ဆက်ကြိုးစားနေပါတယ်။
သူတလွဲကုပေးမိတဲ့ လူနာတွေကိုလည်း ပြင်ဆင်ဖို့ ပေါလ်က အကူအညီပေးနေရပါတယ်။ ဆုံးသွားတဲ့ မိန်းမရဲ့ သူငယ်ချင်းအရင်းကြီး ဂတ်ဘီနဲ့ အိပ်နေတာကလည်း ဆက်ဖြစ်နေပြီး ဂတ်ဘီက ဂျင်မီနဲ့မတွေ့ဘဲမနေနိုင်အောင်ဖြစ်နေပါတယ်။
ဘေးအိမ်က စပ်စုတဲ့ အိမ်နီးချင်းမိသားစုကလည်း နေရာတကာ ဝင်ပါနေပါတယ်။ ပေါလ်ရဲ့ အကူအညီနဲ့ ဂျင်မီတစ်ယောက် ကုထုံးဆရာဝန်အနေနဲ့ ပြန်ပြီးရပ်တည်နိုင်အောင် ကြိုးစားနေတာကို တွေ့ရမှာပါ။
ပထမ Season လိုပဲ ထပ်ပြီးရယ်ရဦးမယ်လို့ ညွှန်းထားကြတဲ့သူတွေကတော့ တစ်ပြုံကြီးပါပဲ။
(ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ 666 ပဲဖြစ်ပါတယ်)
Size ~ 500MB+
Total – 12 Episodes
Quality – 1080p
Duration ~ 35min (@Episode)
Subtitle – Myanmar Hardsub
Format – Mp4
Genre : Comedy, Drama
Source : ATVP.Web-dl.1080p
Translator – 666
Encoder – Y
Episode 1 –>Yoteshin, GDToT, MegaUp, UsersDrive, StreamWish
Episode 2 –>Yoteshin, GDToT, MegaUp, UsersDrive, StreamWish
Episode 3 –>Yoteshin, GDToT, MegaUp, UsersDrive, StreamWish