Big Match (2014)
****************
IMDb… 7.0
သည်းထိတ်ရင်ဖို အက်ရှင်ကားကောင်းကောင်းလေးတွေကိုမှ ကြိုက်နှစ်သက်ကြတဲ့ CM ပရိသတ်ကြီးတို့အတွက်
Lee Jung-jae, Shin Ha-kyun, Lee Sung-min တို့လို ဒိတ်ဒိတ်ကြဲ မင်းသားကြီးတွေပါဝင်ထားတဲ့
ဇာတ်ကားကောင်းလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်လမ်းအညွှန်း
ချွဲအီဂို (Lee Jung-jae) ဟာ အံ့သြဖွယ်ကောင်းတဲ့ ခံနိုင်ရည်နဲ့ လက်ဝှေ့စကေးတွေ ပိုင်ဆိုင်ထားပြီး
နိုင်ငံ့ဂုဏ်ဆောင်နိုင်တဲ့သူဖြစ်တာကြောင့် နာမည်ကြီးလူကြိုက်များတဲ့ လက်ဝှေ့သမားတစ်ယောက်ဖြစ်ပါတယ်။
မိဘတွေမရှိတော့တဲ့အချိန်ကတည်းက အစ်ကိုကြီးအဖရာအဖြစ်ရော နည်းပြအဖြစ်ပါသင်ကြားပေးနေတဲ့
အစ်ကိုချွဲယောင်းဟို (Lee Sung-min) အပေါ်ကိုလည်း အင်မတန်မှ ချစ်ကြောက်ရိုသေတတ်သူပါ။
ဒီလိုအေးချမ်းသာယာတဲ့ဘဝလေးပိုင်ဆိုင်ထားရတဲ့ ချွဲအီဂိုဟာ တစ်နေ့မှာတော့ ရုတ်တရက်ကြီး
လူသတ်မှုရဲ့သံသယရှိသူအဖြစ် ဖမ်းဆီးချုပ်နှောင်ခံလိုက်ရပြီး အစ်ကိုဖြစ်သူကပါ ပျောက်ဆုံးသွားပါတော့တယ်။
ဒီလိုနဲ့ အချုပ်ထဲမှာထိန်းသိမ်းခံထားရတုန်းမှာပဲ အမည်မသိဖုန်းတစ်ကောဝင်လာပြီး အစ်ကိုဖြစ်သူကို
ပြန်ပေးဆွဲထားကြောင်းနဲ့ အသက်ကယ်ချင်ရင် သူခိုင်းတဲ့အတိုင်းလုပ်ဖို့ အမိန့်ပေးခံလိုက်ရပါတော့တယ်။
အဲဒီလူကတော့ Ace (Shin Ha-kyun) လို့ ခေါ်တဲ့လူဖြစ်ပြီး ငွေရှိအသိုင်းအဝိုင်းအတွက်
လောင်းကစားဂိမ်းစီစဥ်ပေးတဲ့သူ ဖြစ်နေတဲ့အခါမှာတော့…
ချွဲအီဂိုတစ်ယောက် Ace ရဲ့ပြိုင်မြင်းဖြစ်သွားရပြီး အစ်ကို့အသက်ကို ကယ်တင်နိုင်ဖို့အတွက်
ဘယ်လိုဂိမ်းတွေနဲ့ ရင်ဆိုင်သွားရမလဲ… အဲဒီဂိမ်းတွေရဲ့နောက်ကွယ်မှာရော ဘာတွေရှိနေမလဲ…
အစ်ကို့အသက်ကိုရော ချောချောမွေ့မွေ့နဲ့ ကယ်တင်သွားနိုင်ပါ့မလားဆိုတာကို ရင်တထိတ်ထိတ်နဲ့
ကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်။
(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Hsu Pyae ပဲ ဖြစ်ပါတယ်။)
File Size : 2.1GB/ 1.oGB
Quality : WEB-DL 1080p 5.1CH/ 720p
Format…mp4
Duration…01:49:00
Genre : Action, Comedy, Thriller
Subtitle : Myanmar Subtitle (Hard Sub)
Translated by Hsu Pyae
Encoded by Tiff