description
ဒီတစ်ခါတော့ CM ရဲ့ ပရိသတ်တွေအတွက် Royal Rumors နဲ့
The Journey of Chong Zi ထဲက အရှင်ချုံဟွာနဲ့
မင်းသမီးချောလေး Ouyang Nana တို့ရဲ့ ဇာတ်လမ်းတွဲအသစ်လေးကို တင်ဆက်ပေးပါမယ်နော်
ဇာတ်လမ်းအညွှန်း
ယုံအန်းမြို့တော်ရဲ့ အနောက်ဘက်က ခံတပ်တူးမြောင်းပြိုကျမှုကြောင့်
လုပ်ငန်းခွင်တာဝန်ခံအမတ် ရှန်ဝိန်ချီဟာ ဧကရာဇ်မင်းရဲ့ အမျက်တော်ရှမှုကိုခံရပြီး
ပြစ်မှုထင်ရှားတာကြောင့် ညတွင်းချင်းပဲ အကျဥ်းချခံခဲ့ရသလို
ဒီအဖြစ်အပျက်ကြောင့် ရှန်အိမ်တော်တစ်ခုလုံးပါ ညတွင်းချင်း ဒုက္ခရောက်ကုန်ပါတော့တယ်
အထူးသဖြင့် လောကကြီးအကြောင်းကို ဘာမှမသိနားမလည်တဲ့ သမီးငယ်ဖြစ်သူ
ရှန်ကျန်း (Ouyang Nana)ဟာ အခက်အခဲတွေကို နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရပါတော့တယ်။
ဒီအမှုကိစ္စကိုစုံစမ်းဖို့ တရားစီရင်ရေးအမတ်တစ်ဦးဖြစ်သူ
လုရှီယန့် (Xu Zheng Xi)ကို ဧကရာဇ်မင်းက တာဝန်ပေးခဲ့သလို
တစ်ဖက်မှာလည်း လုရှီယန့်ဟာ အိပ်မက်ထဲမှာ ပေါ်ပေါ်လာတဲ့
ထူးဆန်းတဲ့မိန်းကလေး တစ်ဦးကြောင့် စိတ်ရှုပ်နေရချိန် ဖြစ်နေခဲ့ပါတယ်
လုရှီယန့် တစ်ယောက် အမှုကိစ္စစုံစမ်းရင်း သူ့အိပ်မက်ထဲက ထူးဆန်းတဲ့မိန်းကလေးက
ရှန်အိမ်တော်က သမီးငယ်ဖြစ်သူ ရှန်ကျန်း ဖြစ်နေမှန်း သိလိုက်ရတဲ့အခါမှာတော့
ရှန်ကျန်းအနားကို နည်းမျိုးစုံသုံးပြီး ချဉ်းကပ်ဖို့စတင်ကြိုးစားပါတော့တယ်
ယုံအန်းမြို့နောက်ဘက်က တူးမြောင်းပြိုကျတဲ့အမှုကြောင့် သိကျွမ်းခဲ့ရာကနေတစ်ဆင့်
ရှန်ကျန်းနဲ့ လုရှီယန့်တို့ တစ်ယောက်အပေါ်တစ်ယောက်
အပြန်အလှန် ယုံကြည်နားလည်လာပြီး နက်နက်ရှိုင်းရှိုင်း ချစ်မိသွားကြသလို
လုရှီယန့်ကလည်း ရှန်ကျန်းရဲ့ အကူအညီနဲ့ အမှုမှန်ကိုဖော်ထုတ်ဖို့ ကြိုးစားနေချိန်မှာ
တူးမြောင်းပြိုကျမှုရဲ့ နောက်ကွယ်က ကြိုးကိုင်သူဟာ သူတို့ ၂ ယောက်ဆီကို
တိတ်တိတ်လေး ချဥ်းကပ်လာတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ
Channel Myanmar မှာ စောင့်မျှော်ကြည့်ရှုကြပါဦး
====================================
Quality : WEB-DL 1080p , 720p
Total Episodes : 24
Format : mp4
Genres : Drama , Romance , Fantasy
Runtime : 45 min
Subtitle : Myanmar Subtitle ( Hardsub )
Translated by CM Team
Reviewed By MeeMeeJueJue
Encoded by LK
====================================
Related Keywords
Yongan Dream ( 2024 ) mmsub, Yongan Dream ( 2024 ) myanmar sub, Yongan Dream ( 2024 ) burmese sub, Yongan Dream ( 2024 ) မြန်မာစာတန်းထိုး