channelmyanmar သည် 4K၊ 1080P၊ 720P ကဲ့သို့သော လူကြိုက်များသည့် အရည်အသွေးများနှင့်အတူ မြန်မာစာတန်းထိုးဖြင့် ရုပ်ရှင်များကို အခမဲ့ ကြည့်ရှုရန်နှင့် ဒေါင်းလုဒ်လုပ်ရန်အတွက် ဝဘ်ဆိုဒ်တစ်ခုဖြစ်ပြီး နေ့စဉ်အမြန်ဆုံးအပ်ဒိတ်လုပ်ပေးနေပါသည်။

YATAGARASU: The Raven Does Not Choose Its Master (2024)

YATAGARASU: The Raven Does Not Choose Its Master (2024)
  • other name

    updating

  • author

    updating

  • status

    ongoing

  • genres

    updating

  • views

    0

description

YATAGARASU: The Raven Does Not Choose Its Master (2023)
Genre – Anime, History, Fantasy, Drama

ဒီ Anime လေးက ပြောရမယ်ဆိုရင်တော့ စာနည်းနည်းရှည်မယ်လို့

ကြိုတင်စကားပလ္လင်ခံထားချင်ပါတယ်။

 

ဘာလို့လဲဆိုတော့ အဲဒါမှလည်း ကြည့်မယ့်လူတွေအတွက် ပိုပြီး

ရှင်းရှင်းလင်းလင်း ဖြစ်စေမယ်လို့ ထင်လို့ပါ။

ဒီစီးရီးလေးက သာမန် Anime လေးတွေနဲ့ မတူပဲ ထူးဆန်းတဲ့

ဒဏ္ဍာရီလာအကြောင်းအရာနဲ့ Game of Throne အသေးစားစတိုင်လိုမျိုး

နန်းတွင်းရေးရာ ထီးနန်းပုလ္လင် ကြံစည်မှုကိစ္စတွေကို

အိမ်တော်တွေများစွာရယ် ဇာတ်ကောင်များများနဲ့ တင်ဆက်ထားလို့

ကျွန်တော်ကိုယ်တိုင် တော်တော်သဘောကျမိတဲ့ထဲမှာ ပါပါတယ်။

ပထမဆုံး စပြောရမယ်ဆိုရင် သူတည်ဆောက်ထားတဲ့ကမ္ဘာအကြောင်း ရှင်းပြချင်ပါတယ်။

ခေတ်ဦးအစကတည်းက တောင်နတ်ဘုရားတစ်ပါးဟာ ဒီနယ်မြေကို ရောက်ရှိလာပြီး

သာယာဝပြောတဲ့အတွက် Yamauchi ဆိုပြီး နာမည်ပေးခဲ့တယ်။

သူ့ကိုယ်စား အုပ်ချုပ်ဖို့ဆိုပြီး သူ့ကလေးငယ်တွေဖြစ်တဲ့

Yatagarasu တွေကို တာဝန်ပေးခဲ့ပါတယ်၊ ဒီ Yatagarasu ဆိုတာ

သမန်းဝံပုလွေလိုမျိုး ဂျပန်ဒဏ္ဍာရီမှာတော့ ခြေ ၃ ချောင်းပါတဲ့

လူပုံစံပြောင်းလို့ရတဲ့ သမန်းကျီးနက်တွေကို ဆိုလိုချင်တာပါ။

 

ဒါပေမဲ့ ဒီကလေးတွေထဲမှာကို ရွှေရောင်ကျီးနက်ဆိုတဲ့ အဆင့်အမြင့်ဆုံးက

သူတို့ကိုယ်သူတို့ Kin’u ဆိုတဲ့ ဘွဲ့သမုတ်ပြီး ဗဟိုချက်ချာနေရာမှာနေတယ်။

ကျန်တဲ့ ၄ ကောင်ကိုလည်း အရှေ့၊အနောက်၊တောင်၊မြောက်ဆိုပြီး

အရပ်လေးမျက်နှာကို ခွဲဝေပေးပြီး အုပ်ချုပ်စေတယ်။

အဲဒီမှာ အိမ်တော်ကြီး ၄ ခု ပြည်နယ်ကြီး ၄ ခု ဖြစ်လာခဲ့ပြီး

သူတို့အားလုံး ဒီ Yamauchi ကိုကျ Kin’u ဆိုတဲ့

ရွှေရောင်ကျီးနက်က အဓိကအာဏာရှိ အုပ်ချုပ်သူတစ်ပါးပေါ့။

 

ဒုတိယအနေနဲ့ အပေါ်မှာရှင်းပြခဲ့သလိုမျိုး အုပ်ချုပ်နေထိုင်ခဲ့ကြရာကနေ

Anime ဇာတ်လမ်းတည်ထားတဲ့ခေတ်ရောက်လာပါပြီ။

လက်ရှိ Kin’u ရယ် ဘုရင်မဖြစ်သူမှာ သားတော်နှစ်ပါး ရှိပါတယ်။

ပထမသားတော်က ဉာဏ်ပညာကြီးမားပြီး ဒုတိယသားတော်က

အရူးတစ်ယောက်လို့ နာမည်ကျော်ကြားတဲ့လူပါ။

 

နောက်ပြီး ဒုတိယသားတော်ဆိုတာ ကိုယ်လုပ်တော်ကနေ ရထားတာပါ။

အိမ်ရှေ့စံဘွဲ့ ပေးရမယ်ဆိုရင် ရိုးရာအစဉ်အလာအရ သားကြီးကို

ပေးရမှာ ဖြစ်ပေမဲ့လည်း နတ်ဆရာနဲ့ ရှေ့က Kin’u ကိုယ်တိုင်က

ဒုတိယသားတော်ကို ပေးခဲ့တဲ့အတွက် သားကြီးဖြစ်သူက

ဘုရားကျောင်းမှာ ဘုန်းကြီးဖြစ်ပြီး အရူးဆိုပြီး နာမည်ကြီးတဲ့

သားတော်က အိမ်ရှေ့စံ ဖြစ်လာပါတယ်။

 

အဲဒီမှာပဲ အိမ်ရှေ့စံအတွက် ကြင်ရာတော်ရှာတဲ့ အခမ်းအနားတစ်ခု ရှိပါတယ်။

အရပ်လေးမျက်နှာက အိမ်တော်ကြီးတွေကနေ အထက်မြက်ဆုံး

သမီးကညာပျိုတွေကို ရံရွှေတော်တွေနဲ့ စေလွှတ်ပြီး

ကိုယ်စီကိုယ်စီ အစွမ်းပြပြီး အိမ်ရှေ့မင်းသားရဲ့ ကြင်ရာတော်ဖြစ်ဖို့ ကြိုးစားကြရတာပါ။

အဲဒီမှာ ဇာတ်တည်ထားတာ တစ်ပိုင်းပေါ့လေ။

နောက်ပြီးတော့ မြောက်ပိုင်းအိမ်တော် လက်အောက်ခံ

ရွာသူကြီးတစ်ယောက်ရဲ့ ဒုတိယသား Yukiya ဆိုတာက

အင်မတန် ပြဿနာရှာတတ်ပေမဲ့ စိတ်ထားကောင်းတဲ့

ဆယ်ကျော်သက်ကောင်လေးတစ်ယောက်။

 

သူ့မှာလည်း လျှို့ဝှက်ဆန်းကြယ်တဲ့ အတိတ်တစ်ခုတော့ ရှိနေသူပေါ့။

ဒီလိုနဲ့ အရူးအိမ်ရှေ့မင်းသားဆီမှာ အမှုထမ်းဖို့ စေလွှတ်တဲ့

အခြွေအရံတွေက ဘာကြောင့်မှန်းမသိ တစ်လတောင်မခံပဲ

အကုန်ပြန်ပြေးနေကြလို့ လတ်တလော ပြဿနာရှာတဲ့

Yukiya တစ်ယောက်ကို အိမ်ရှေ့မင်းသားဆီ တစ်နှစ်

အမှုတော်ထမ်းရမယ် မဟုတ်ရင် ဘုန်းကြီးကျောင်းပို့မယ်ဆိုပြီး

ပို့လိုက်ကြရာကနေ ဒီ ဇာတ်လမ်းကြီး ဖြစ်ပေါ်လာတာပါပဲဗျာ။

အရူးဆိုပြီး အိမ်ရှေ့စံမင်းသားက တကယ်တမ်း

သရုပ်မှန်ဘယ်လိုဖြစ်နေမလဲ၊ ပထမသားတော်

ထီးနန်းမရလို့ မကျေနပ်နိုင်တဲ့ ဘုရင်မကြီးနဲ့

အိမ်တော်အဖွဲ့တွေက ဘယ်လိုဘယ်ပုံစံတွေနဲ့

ပုန်ကန်ဖို့ ကြံစည်ကြမလဲ၊ အူကြောင်ကြောင်နဲ့ နန်းတွင်းအရှုပ်တော်ပုံကြား

ရောက်သွားတဲ့ Yukiya ကရော ဘယ်လို

အခန်းကဏ္ဍကနေ ပါဝင်လာမလဲ၊ အိမ်တော် ၄ ခုက သခင်မလေး ၄ ယောက်ကလည်း

အိမ်ရှေ့စံမင်းသားရဲ့ အချစ်ရဖို့ ပုံစံမတူ ကွဲပြားခြားနားတဲ့

အရည်အချင်းတွေနဲ့ ဘယ်လိုချည်းကပ်ကြမလဲ၊ လူတွေလက်ဆင့်ကမ်းလာကြတဲ့

ဒဏ္ဍာရီဟောစာတမ်းတွေကရော ဘာလဲဆိုပြီး

စသဖြင့် လျှို့ဝှက်ချက် မြုပ်ကွက်များစွာနဲ့ ဇာတ်လမ်းကို

တစ်စတစ်စ တည်ဆောက်ပုံဖော်ပြီး

အရှိန်တက်သွားတာကို ကြည့်ရမှာပဲ ဖြစ်ပါတယ်။

ကဲ ဒီလောက်ဆို ပြောချင်တာတွေကျန်နေသေးပေမဲ့လည်း

ကြည့်ဖို့အတွက် လုံလောက်ပြီလို့ ထင်ပါတယ်။

စာရှည်သွားတဲ့အတွက်လည်း တောင်းပန်ပါတယ်ဗျ။

ပြီးတော့ Season 1 မှာ အပိုင်း ၂၀ တောင်ပါဝင်တဲ့အတွက်

အားရပါးရ ကြည့်ရှုအားပေးဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ဗျာ။

(အညွန်းနဲ့ ဘာသာပြန်ကတော့ Thura Aung ဖြစ်ပါတယ်)

 

File size…    350 MB
Quality… Web-DL 1080p
Format… mp4
Duration…. 25m
Genre ….. Drama/Anime
Subtitle…. Myanmar Subtitle (Hard Sub)
Encoder…. Thit San Khant
Translated by Thura Aung

 

1080p

EP 01 – Usersdrive / Yoteshin / Megaup

EP 02 – Usersdrive / Yoteshin / Megaup

EP 03 – Usersdrive / Yoteshin / Megaup

EP 04 – Usersdrive / Yoteshin / Megaup

EP 05 – Usersdrive / Yoteshin / Megaup

EP 06 – Usersdrive / Yoteshin / Megaup

EP 07 – Usersdrive / Yoteshin / Megaup

EP 08 – Usersdrive / Yoteshin / Megaup

EP 09 – Usersdrive / Yoteshin / Megaup

EP 10 – Usersdrive / Yoteshin / Megaup

EP 11 – Usersdrive / Yoteshin / Megaup

EP 12 – Usersdrive / Yoteshin / Megaup

EP 13 – Usersdrive / Yoteshin / Megaup

EP 14 – Usersdrive / Yoteshin / Megaup

EP 15 – Usersdrive / Yoteshin / Megaup

EP 16 – Usersdrive / Yoteshin / Megaup

EP 17 – Usersdrive / Yoteshin / Megaup

EP 18 – Usersdrive / Yoteshin / Megaup

EP 19 – Usersdrive / Yoteshin / Megaup

EP 20 – Usersdrive / Yoteshin / Megaup

END

Related Keywords

YATAGARASU: The Raven Does Not Choose Its Master (2024) mmsub, YATAGARASU: The Raven Does Not Choose Its Master (2024) myanmar sub, YATAGARASU: The Raven Does Not Choose Its Master (2024) burmese sub, YATAGARASU: The Raven Does Not Choose Its Master (2024) မြန်မာစာတန်းထိုး