description
Wok of Love (2018)
******************
အပိုင်းသစ် (၁ မှ ၄) အထိ
King the land ထဲမှမင်းသား Lee Joon-Ho, Bloody Heart ထဲမှ မင်းသား
Jang Hyuk နဲ့ The Midnight Romance in Hagwon ထဲက မမ Jung Ryeo-Won တို့
သုံးယောက်က အဓိကပါဝင်သရုပ်ဆောင်ထားကြပြီး အခြားသော နာမည်ကြီးသရုပ်ဆောင်တွေလည်း
ပါဝင်သရုပ်ဆောင်ထားကြတဲ့ ၂၀၁၈ ခုနှစ်ထွက် Romance Drama လေးပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းအညွှန်း
*************
Seo Poong(Lee Joon-Ho) ဟာ အရည်အချင်းရှိလှတဲ့ စားဖို့မှူးတစ်ဦးဖြစ်ပြီး နာမည်ကြီး
ဟိုတယ်က တရုတ်စားသောက်ဆိုင်တစ်ခုမှာ စားဖို့မှူးအဖြစ်လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။
သူ့ရဲ့ စေ့စပ်ထားတဲ့သတို့သမီးဟာ သူတို့ဟိုတယ်ရဲ့ ကိုယ်စားလှယ်စီအီးအိုနဲ့ဖောက်ပြန်သွားပြီးတဲ့နောက်
လက်စားချေမယ်ဆိုတဲ့စိတ်ကူးနဲ့ စားသောက်ဆိုင်ကနေ အလုပ်ထွက်ကာ မျက်နှာချင်းဆိုင်မှာရှိတဲ့
တရုတ်စားသောက်ဆိုင်လေးမှာ ဝင်ရောက်လုပ်ကိုင်ဖို့ဖြစ်လာပါတော့တယ်။
Wok of love လို့ အမည်ရတဲ့တရုတ်စားသောက်ဆိုင်လေးဟာ အရင်က ငွေတိုးချေးစားသူ
Doo Chil-Seong(Jang Hyuk) ရဲ့လက်ထဲမှာ စားသုံးသူတွေမရှိလို့ စီးပွားရေးရပ်သွားရတဲ့ဆိုင်လေးပေါ့။
အဲဒီဆိုင်လေးကို Seo Poong တစ်ယောက်ဟာ သူ့ရဲ့ တတ်ကျွမ်းထူးချွန်တဲ့ ဟင်းချက်အရည်အချင်းနဲ့
ပြန်လည်အဖက်ဆယ်ပြီးတဲ့နောက်မှာ တရုတ်စားသောက်ဆိုင်လေးကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။
တစ်ဖက်မှာလည်း Dan Sae-Woo(Jung Ryeo-Won) ဆိုတဲ့မိန်းမငယ်လေးဟာ ချမ်းသာတဲ့မိသားစုမှ
ဖြစ်သော်ငြား လက်ထပ်ပွဲနေ့မှာ အဖေဖြစ်သူ အဖမ်းခံလိုက်ရကာ လက်ထပ်ပွဲပျက်သွားပြီး
အခုချိန်မှာတော့ အထည်ကြီးပျက်ဖြစ်နေရသူပေါ့။
သူမဟာလည်း သူမကို မြင်မြင်ချင်းချစ်မိသွားတဲ့ Doo Chil-Seong ရဲ့ ကျေးဇူးကြောင့်
Seo Poong ဖွင့်လှစ်ထားတဲ့ တရုတ်စားသောက်ဆိုင်လေးမှာ အလုပ်လုပ်ဖို့ ဖြစ်လာရင်း
ဘယ်လို သုံးပွင့်ဆိုင် love line လေးတွေ ပေါ်လာမလဲ ….
စားဖို့မှူး Seo Poong ရဲ့ အချစ်နဲ့ ဟင်းလျာတွေအကြောင်းကို ရိုက်ကူးတင်ဆက်ထားတဲ့
ကားကောင်းလေးဖြစ်တာကြောင့် ကြည့်ရှုခံစားလိုက်ပါဦးနော် .. ။
(အညွှန်းကို Yati Naing မှ ရေးသားပေးထားပါတယ်)
Episodes: 19
Aired: May 7, 2018 – Jul 17, 2018
Aired On: Monday, Tuesday
Original Network: SBS
Genres: Food, Comedy, Romance, Drama
Translated by Hazelle, Yati Naing, Miri, Yuki, Hsu Pyae, May Thet & Kyoun
Encoded by AHtet
<<<< Telegram Channel >>>
Episode 01
[720p] »»» UsersDrive • Yoteshin • MegaUp • GDToT
[1080p] »»» UsersDrive • Yoteshin • MegaUp • GDToT
Episode 02
[720p] »»» UsersDrive • Yoteshin • MegaUp • GDToT
[1080p] »»» UsersDrive • Yoteshin • MegaUp • GDToT
Episode 03
[720p] »»» UsersDrive • Yoteshin • MegaUp • GDToT
[1080p] »»» UsersDrive • Yoteshin • MegaUp • GDToT
Episode 04
[720p] »»» UsersDrive • Yoteshin • MegaUp • GDToT
[1080p] »»» UsersDrive • Yoteshin • MegaUp • GDToT
Related Keywords
Wok of Love (2018) mmsub, Wok of Love (2018) myanmar sub, Wok of Love (2018) burmese sub, Wok of Love (2018) မြန်မာစာတန်းထိုး