description
Witch Watch (2025)
IMDB – 6.8/10, MyAnimeList – 7.5/10
ဒီ Spring ရာသီမှာ ကျွန်တော့်အတွက် တော်တော်ကို စိတ်အပန်းပြေပြီး ရယ်မောပျော်ရွှင်စေရတဲ့ စီးရီးလေး ဖြစ်ပါတယ်။
Romantic Comedy ဆိုတော့ ဟာသတွေရယ် တခြား Anime တွေကို ပြောင်တာတွေရယ်ပါတဲ့အပြင်
အချစ်ရေးလေးလည်း ပါတော့ ပိုပြီး ပြည့်စုံစေတာပေါ့။ အချစ်ရေးဆိုလို့လည်း မင်းသမီးလေးက
တစ်ဖက်သတ် မင်းသားကို ဇွတ်ကြူးတာရယ် အကြူးတစ်လိုင်းနဲ့ အခွီလေးပေါ့ဗျာ။
တခြား Anime တွေကိုလည်း လိုက်လိုက် မျက်ခွက်ပြောင်ထားတာများ
သိသလောက်ဆို ခုထိ Demon Slayer ရော Hunter X Hunter ရော ခဏခဏ ပါတယ်။
ကဲ ဒီတော့ ဇာတ်လမ်းအကျဉ်းလေး ဆက်ပြောရမယ်ဆို မင်းသားလေးက
ဘီလူးမျိုးဆက် မင်းသမီးလေးက စုန်းမ၊ သူတို့နှစ်ယောက်က
ကလေးဘဝကတည်းက ငယ်သူငယ်ချင်း။ ဒါပေမဲ့ တစ်ရက်ကျ
စုန်းမဖြစ်ဖို့ လေ့ကျင့်ခန်းဆင်းရမယ်ဆိုပြီး နှစ်ယောက်သား
နှစ်နည်းနည်းကြာအောင် ဝေးသွားကြတာပေါ့။
ဒီလိုနဲ့ အထက်တန်းကျောင်းသူကျောင်းသားအရွယ်ကျမှ
နှစ်ယောက်သား ပြန်ဆုံဖို့ ဖြစ်လာတယ်။ ပြန်ဆုံချင်တော့လည်း
ဘယ်လိုလဲဆိုတော့ မင်းသားက မင်းသမီးရဲ့ အစောင့်အရှောက်ဝိဉာဉ်အဖြစ်နဲ့
နှစ်ယောက်သား တစ်အိမ်တည်းအတူတူနေဖို့ ကံပါလာရော။
ဒါပေမဲ့ သူနဲ့အတူတူ ကောင်းခြင်းဆိုးခြင်း ဒွန်တွဲပြီးကပ်ပါလာတာက
တစ်နေ့မှာ ဒီကောင်မလေးအပေါ် ကံဆိုးမိုးမှောင်ကျစေမယ့်
ကပ်ဘေးဒုက္ခတစ်ခု ဖြစ်မယ်ဆိုတဲ့ ဟောကိန်းတစ်ခုပဲ။
ဒီဟောကိန်းအရ ဒီကပ်ဘေးဆိုက်မှာ ဘယ်နေ့ဘယ်ရက်
အတိအကျဖြစ်မလဲ မသိရတော့ နှစ်ယောက်သား တစ်အိမ်တည်းအတူတူနေရင်း
ဘယ်လိုပေါက်ကရမျိုးစုံ ကြိုးခုန်ရင်း ဘာတွေဖြတ်သန်းရမလဲဆိုတာ
အပတ်စဉ် စောင့်ကြည့်သွားရမှာဖြစ်ပါတယ်…။
(အညွန်းနဲ့ ဘာသာပြန်ကတော့ Thura Aung ဖြစ်ပါတယ်)
===== Ongoing =====
Related Keywords
Witch Watch(2025) mmsub, Witch Watch(2025) myanmar sub, Witch Watch(2025) burmese sub, Witch Watch(2025) မြန်မာစာတန်းထိုး