description
Wild Diamond aka Diamant brut (2024)
IMDb: 6.3/10
ဒီဇာတ်ကားလေးကတော့ပြင်သစ်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒါရိုက်တာ Agathe Riedinger
ရိုက်ကူးထားပြီး သူ့ရဲ့ပထမဆုံးရုပ်ရှင်ဖြစ်ပါတယ်။
မင်းသမီး Malou Khebizi က Liane ဆိုတဲ့ အသက် ၁၉ နှစ်အရွယ် မိန်းကလေးအဖြစ်
သရုပ်ဆောင်ထားပြီးတော့ ဒီကားကို Cannes ရုပ်ရှင်ပွဲတော်မှာ ပြသခဲ့ပါတယ်။
ဇာတ်လမ်းက နာမည်ကြီးချင်တဲ့ လူငယ်တွေရဲ့ တကယ့်ဘဝအခက်အခဲတွေနဲ့ ပတ်သက်ပြီး
တကယ့်ခံစားမှုတွေနဲ့ ရိုက်ကူးထားတဲ့ ခေတ်သစ်ဇာတ်ကားတစ်ခုပဲဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း
Liane က ပြင်သစ်နိုင်ငံက မြို့လေးတစ်မြို့မှာနေထိုင်တဲ့ အသက် ၁၉ နှစ်အရွယ် မိန်းကလေးဖြစ်ပါတယ်။
သူကဘဝအခက်ခဲတွေကနေ လွတ်မြောက်ဖို့ အတွက် နာမည်ကြီးပြီး ကျော်ကြားချင်ခဲ့တာပဲဖြစ်ပါတယ်။
တစ်နေ့မှာတော့ သူ့ဆီကိုမထင်မှတ်ပဲ ဖုန်းတစ်ခုက ဝင်လာခဲ့ပြီး ဖြစ်ချင်တော့ သူအရမ်းပါဝင်ချင်တဲ့ မယ်ရီကယ်အိုင်းလန့်စ်
ရှိုးပွဲရဲ့ ရိုက်ကူးရေးဒရိုက်တာရဲ့ ဖုန်းပဲဖြစ်နေခဲ့ပါတယ်။ သူ့ခမျာ အရမ်းတွေပျော်ရွှင်ခဲ့ရပြီး
အင်တာဗျူးဖြေတဲ့ အခါမှာ အောင်မြင်စွာဖြေဆိုနိုင်ခဲ့ပြီး ကုမ္ပဏီဘက်က အလုပ်စမယ့်ရက်ကို စောင့်ဆိုင်းရင်းနဲ့
သူ့အိမ်မက်တွေ အကောင်ထည်ပေါ်လာမယ့်နေ့ကို စိတ်ကူးယဉ်နေပါတော့တယ်။ ဒါပေမဲ့လည်း အရာရာဟာ
သူမဖြစ်ချင်သလိုဖြစ်မလာပါဘူး။ သူအမေကလည်း သူ့အိမ်မက်တွေကိုလည်း နားလည်ပေးခြင်းမရှိတဲ့အပြင်
ကြိမ်းမောင်းဆဲဆိုနေတော့ Liane ခမျာ အလုပ်ရမယ့်ရက်ကိုပဲ စောင့်ရင်း အမေ့ကို အထင်ကြီးအောင်လုပ်ပြဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။
ဒီဇာတ်ကားလေးဟာ ဆိုရှယ်မီဒီယာတွေပေါ်မှာ နာမည်ကြီးချင်တဲ့ လူငယ်လေးတွေ ကြုံတွေ့ရတဲ့
အခက်ခဲတွေနဲ့ ရင်ဆိုင်ဖြေရှင်းပုံတွေကို သေချာလေး ရိုက်ပြထားတဲ့ကားပဲဖြစ်ပါတယ်။ လူငယ်တွေရဲ့ ရင်ဆိုင်လာတဲ့
အခက််ခဲတွေကို ဘယ်လိုဖြေရှင်းလဲဆိုတာ သိချင်ရင်တော့ ဒီကားလေးကို ကြည့်လိုက်ဖို့တိုက်တွန်းချင်ပါတယ်။
အမြင်မသင့်တော်သော ဇာတ်ဝင်ခန်းများနှင့် ကြမ်းတမ်းသော စကားအသုံးနှုန်များ ပါဝင်သောကြောင့် မိသားစုနဲ့အတူကြည့်ရန် မသင့်လျော်ပါ။
အညွှန်းနဲ့ဘာသာပြန်ကိုတော့ Brian မှတင်ဆက်ထားပါတယ်ခင်ဗျာ။
File size…1.6 GB / 1.4 GB
Quality…WEB DL 1080p HEVC / 720p
Format…mkv/mp4
Duration….1h 43min
Subtitle….Myanmar Subtitle (Hard Sub)
Encoder….YK
Translated by Brian
Related Keywords
Wild Diamond aka Diamant brut (2024) mmsub, Wild Diamond aka Diamant brut (2024) myanmar sub, Wild Diamond aka Diamant brut (2024) burmese sub, Wild Diamond aka Diamant brut (2024) မြန်မာစာတန်းထိုး