description
Wild Cards (2024)
IMDb (7.0/ 10)
ဒီစီးရီးလေးက ဇန်နဝါရီ ၂၀၂၄ မှာထွက်ရှိထားတဲ့ ရာဇဝတ်မှုဖြေရှင်းတဲ့ စီးရီးလေးပဲ ဖြစ်ပါတယ်။
Max Mitchell အဖြစ် အဓီကဇာတ်ဆောင်မင်းသမီးချောလေး Vanessa Morgan က
သရုပ်ဆောင်ထားပြီး Cole Ellis အဖြစ် စူပါမန်းမင်းသား ဟင်နရီကာဗယ်နဲ့ဆင်တဲ့
မင်းသားချော Giacomo Gianniotti ကပါဝင်သရုပ်ဆောင်ထားပါတယ်။
သူတို့နှစ်ယောက်ပူးပေါင်းပြီး သာမန်လုပ်ထုံးလုပ်နည်းတွေကို ကျော်လွန်ပြီး
ပါးနပ်တဲ့နည်းလမ်းတွေနဲ့ အမှုဖြေရှင်းတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုခံစားရမှာပါ။
လက်ရှိအချိန်ထိ Season နှစ်ခုထွက်ရှိထားပြီး ပထမ Season မှာတင်
Review ကောင်းတွေများစွာ ရရှိထားပါတယ်။
အထူးသဖြင့် ပရိတ်သတ်တွေက
သူတို့နှစ်ယောက်ရဲ့လိုက်ဖက်ညီမှုကို ချီးကျူးထားကြပါတယ်။
ဇာတ်လမ်းမှာတော့ မင်းသမီးမက်စ်က ရဲမဟုတ်ပေမဲ့လည်း
အသေးအဖွဲကစ တစ်ခုခုမှားနေရင် တန်းရိပ်မိနိုင်စွမ်းရှိပြီး
မင်းသားအက်လစ်ကတော့ ဇွဲကောင်းပြီး
သမားရိုကျနည်းအတိုင်းပဲ လုပ်တတ်တဲ့ ရဲအရာရှိဖြစ်ပါ။
အက်လစ်က သူအရင်ကလိုက်ခဲ့တဲ့အမှုမှာ ဂွင်ဆင်ခံရလို့
ရာထူးက ချထားခံရတာကြောင့် အမှုလိုက်တဲ့ရဲအဖြစ်ကနေ
ပင်လယ်ပိုင်ရဲအဖြစ်ပြောင်းလုပ်နေရတယ်။
အဲဒီအချိန်မှာပဲ မက်စ်က အိမ်တစ်အိမ်ကို
အိမ်အကူအဖြစ်အယောင်ဆောင်ရင်း ဝင်ခိုးဖို့လုပ်နေတာပါ။
ဝင်ခိုးတာ မအောင်မြင်သွားလို့ အဖမ်းခံရတဲ့အချိန်မှာပဲ
အက်လစ်နဲ့ ဆုံစည်းခဲ့ကြတယ်။
ဖြစ်ချင်တော့ အဲဒီအချိန်က အက်လစ်တို့ဌာနမှာ မီလီယမ်ချီတန်ဖိုးရှိတဲ့
ကြွေပြားစေ့အခိုးခံရတဲ့အမှုကို ဆွေးနွေးနေကြတယ်။
ဝါရင့်ရဲအရာရှိကြီးတွေ အဖြေရှာဖို့ စတင်ဆွေးနွေးနေစဉ်မှာပဲ
ဒါကို အစအဆုံးကြားလိုက်ရတဲ့ မက်စ်ကတော့
ပါးနပ်သူပီပီ ဖြစ်နိုင်ခြေတွေအားလုံးကိုတွက်ဆထားပြီးပြီ ဖြစ်တယ်။
ဒီအကြောင်းတွေကို အက်လစ်ကို ပြန်ပြောပြတဲ့အချိန်မှာတော့ မက်စ်ကို
ဆက်ဖမ်းမထားတော့ဘဲ အမှုကို သူနဲ့ အတူဖြေရှင်းဖို့
အခွင့်အရေးပေးလိုက်ပါတော့တယ်။
ဒါပေမဲ့ မက်စ်က ဒီအခွင့်အရေးကို အသုံးချပြီး သူလွတ်ဖို့အတွက်ပဲ အသုံးချသွားမလား၊
အမှုကိုပဲကူညီဖြေရှင်းပေးသွားမလား ဆိုတာကိုတော့
ဒီစီးရီးလေးကို ကြည့်ရှုရင်းသာ အဖြေရှာလိုက်ကြရအောင်။
File Size – 800 MB (Appx;)@Episode
Quality – 1080p WEB DL
Duration –60minute (@Episode)
Total Episodes: 10 Eps
Subtitle – Myanmar Hardsub
Format – Mp4
Genre : Drama, Comedy, Mystery
Translator – CM Team
Encoder – YK
===Season 1 Complete===
=== Season 2 Complete ===
Related Keywords
Wild Cards (2024) mmsub, Wild Cards (2024) myanmar sub, Wild Cards (2024) burmese sub, Wild Cards (2024) မြန်မာစာတန်းထိုး