description
တရုတ်ဇာတ်လမ်းတွဲကောင်းလေးများကို အမြဲဘာသာပြန်တင်ဆက်ပေးနေတဲ့
CM ကနေ ခုတစ်ခေါက်လည်း တရုတ်ကားပရိတ်သတ်တွေ အကြိုက်တွေ့စေမယ့်
ရှေးခေတ်မှုခင်းစုံစမ်းရေးကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်
ဒီကားလေးထဲမှာ Main casts တွေအနေနဲ့
The romance of tiger and rose ကားနဲ့ နာမည်ရလာခဲ့တဲ့ Ding Yuxi ကတော့
တရားစီရင်ရေးဌာနရဲ့ခေါင်းဆောင် ကြောင်ဖြူလီပင်(မကောင်းဆိုးဝါးပင်)အဖြစ်
A little reunion ကားထဲမှာ လူကြိုက်များခဲ့တဲ့ Zhou Qi က
ဒီကားထဲမှာ သွက်လက်တဲ့ လယ်သမားလေးကနေမှ တရားစီရင်ရေးဌာနရဲ့
ဟင်းချက်ဝါသနာပါတဲ့ စာရေးဖြစ်လာခဲ့တဲ့ ချန်ရှီအဖြစ်
Ding Jiawen ကစာပေနဲ့ပန်းချီပညာမှာတော်တဲ့ တရားစီရင်ရေးဌာနရဲ့မော်ကွန်းထိန်း ချွေးပေ့အဖြစ်
Zhang Yicong ကသိုင်းပညာကျွမ်းကျင်တဲ့ တရားစီရင်ရေးဌာနက ကိုယ်ရံတော် စွန်းပေါက်အဖြစ်
Feng Man ကတော့ မိန်းကလေးလိုပြင်ဆင်ရာမှာကျွမ်းကျင်တဲ့ တရားစီရင်ရေးဌာနက မှတ်တမ်းမှူးဝမ်ချီးအဖြစ်
Wa er ကတရုတ်ရိုးရာယဉ်ကျေးမှုကို စိတ်ဝင်စားတဲ့ တိုင်းတစ်ပါးကနေလာပြီး
တရားစီရင်ရေးဌာနမှာ ကိုယ်ရံတော်အဖြစ်တာဝန်ထမ်းဆောင်နေတဲ့
အားလီပါပါအဖြစ် အသီးသီးပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်
ဇာတ်လမ်းလေးကတော့ တရုတ်သမိုင်းရဲ့တစ်ဦးတည်းသော အမျိုးသမီးဧကရာဇ်
ဝူကျယ်ထျန်းလက်ထက်ကို အခြေခံပြီးရိုက်ကူးထားပုံရပါတယ်
ထန်ခေတ်ရဲ့ညစာစားပွဲတစ်ခုမှာ တိုင်းပြည်ရဲ့ ဧကရာဇ်က လီပင်ကို တရားစီရင်ရေးဌာနရဲ့
ခေါင်းဆောင်အဖြစ်ခန့်အပ်လိုက်ရာကနေမှ လီပင် ချန်ရှီ ချွေးပေ့ ဝမ်ချီး စွန်းပေါက် အားလီပါပါ တို့ပါဝင်တဲ့
အမှုဖော်ထုတ်စုံစမ်းရေးအဖွဲ့လေး အသက်ဝင်လာခဲ့ပါတယ်
ရှန်တူးမြို့ရဲ့ဆန်းပြားထွေလီလှတဲ့ အမှုတွေ သူတို့အဖွဲ့က တစ်ခုချင်းစီ ဘယ်လိုစုံစမ်းဖော်ထုတ်သွားမှာလဲ
အမှုလိုက်နေရင်း ကြောင်ဖြူအဖြစ်ပြောင်းလဲသွားတတ်တဲ့
လီပင်ကရော ဘယ်လိုအကြောင်းအရာတွေကြောင့် ပြောင်းလဲနေရတာလဲ
အမှုတစ်ခုချင်းစီကရော ဘယ်လိုဆက်စပ်နေမှာလဲ
နာမည်ကြီးသရုပ်ဆောင် တစ်ချို့ကလည်း ဒီကားလေးမှာ ဧည့်သည်သရုပ်ဆောင်အနေနဲ့ပါဝင်အားဖြည့်ထားပေးထားမို့လို့
စိတ်ဝင်စားစရာကောင်းတဲ့ ဒီဇာတ်လမ်းတွဲလေးကို CM ကနေမကြာခင်တင်ဆက်ပေးတော့မှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးနော်
=====================================
Quality : WEB-DL 1080p , 720p
Total Episodes : 36
Format : mp4
Genres : Drama, Action, Adventure
Runtime : 45 min
Subtitle : Myanmar Subtitle ( Hardsub )
Translated by CM Team
Reviewed By Kyawt
Encoded by LK
===============================
Related Keywords
White Cat Legend mmsub, White Cat Legend myanmar sub, White Cat Legend burmese sub, White Cat Legend မြန်မာစာတန်းထိုး