description
Virus (2025)
*************
မင်းသမီး Bae Doo-Na ရဲ့ ဆန်းဆန်းပြားပြား အချစ်ဟာသကားလေး အသစ်ထွက်ရှိလာပါပြီ။
မင်းသားကြီး Kim Yun-Seok ၊ အဆိုတော် Jang Ki-Ha နဲ့ Son Suk-Ku တို့မှလည်း အဓိက
ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။
– ဇာတ်လမ်းအကျဉ်း –
အားအင်ရော တက်ကြွမှုရော မရှိဘဲ အချစ်ဆဲလ်တွေပါ ခြောက်ကပ်နေတဲ့ ဘာသာပြန် အို့ထက်ဆွန်း (Bae Doo-Na)…
တစ်နေ့မှာ ညီမဖြစ်သူရဲ့ မိတ်ဆက်ပေးမှုကြောင့် သုတေသနပညာရှင်လေး နမ်ဆူဖီး (Son Suk-Ku)နဲ့
ကြင်ဖက်တွေ့ဖြစ်ခဲ့ပြီး နောက်တစ်နေ့မှာပဲ ထက်ဆွန်း အရင်လိုမဟုတ်တော့ဘဲ တက်တက်ကြွကြွရှိလာပြီး
ရိုမန့်တစ်ဆန်လာပါတော့တယ်။ အားနေ ထထရယ်တယ်…
အရင်က မဝတ်ဖြစ်ခဲ့တဲ့ ကာလာစုံဂါဝန်လေးလည်း ထုတ်ဝတ်ဖြစ်တယ်…
မူလတန်းကျောင်းနေဖက် ဂင်ယွန်းအူ (Jang Ki-Ha) က group chat ထဲကို
ကားရောင်းမဲ့အကြောင်းတွေပဲ ပို့နေတာတောင်မှ ချစ်စရာကောင်းတယ်လို့ မြင်နေမိတဲ့အထိပါပဲ။
အဲဒီအချိန်မှာပဲ ထက်ဆွန်းတစ်ယောက် သူ့မှာ ၁၀၀ ရာခိုင်နှုန်း သေစေနိုင်တဲ့ အချစ်ဗိုင်းရပ်စ်
ကူးစက်ခံထားရတယ်ဆိုတဲ့ သတင်းနဲ့အတူ ကုသဆေးကို ဖန်တီးနိုင်တဲ့ တစ်ဦးတည်းသောသူ
သုတေသနပညာရှင် အီဂယွန်း (Kim Yun-Seok) နဲ့ တွေ့ဆုံဖြစ်ခဲ့ပြီး ဒီအပြောင်းအလဲတွေ
အားလုံးဟာ အချစ်ဗိုင်းရပ်စ်ရဲ့ လက္ခဏာတွေမှန်း သိလိုက်ရတဲ့အခါမှာတော့…
ထက်ဆွန်းနဲ့ သုတေသနပညာရှင် အီဂယွန်းတို့နှစ်ယောက် အတူလက်တွဲပြီး အချစ်ဗိုင်းရပ်စ်
ပျောက်ကင်းအောင် ဘယ်လိုကုစားသွားမှာလဲဆိုတာကို အချစ်ပိုးထနေတဲ့ ထက်ဆွန်းတစ်ယောက်
ဘယ်လိုလေးတွေလွဲပြီး မွှေဦးမလဲဆိုတာကို ကြည့်ရှုရင်း ရယ်မောအပန်းပြေနိုင်ကြဖို့ မျှော်လင့်ပါတယ်။
(ဇာတ်လမ်းအညွှန်းကိုတော့ Hnin Wai Oo မှ ရေးသားထားပေးပါတယ်။)
File Size : 1.24GB/ 620MB
Quality : WEB-DL 1080p/ 720p
Format…mp4
Duration…01:38:53
Genre : Mystery, Comedy, Romance, Drama
Subtitle : Myanmar Subtitle (Hard Sub)
Translated by Hnin Wai Oo, Stary, Miri & Treasure Htet
Encoded by Tiff
Related Keywords
Virus (2025) mmsub, Virus (2025) myanmar sub, Virus (2025) burmese sub, Virus (2025) မြန်မာစာတန်းထိုး