description
Kenka Dokugaku (Viral Hit) (2024)
======================
IMDb- 7.2/10, MyAnimeList – 7.3/10
ဒီတစ်ခေါက်တော့ Korea webtoon(manhwa) ကိုမှ anime ပြန်ရိုက်ထားတဲ့ အက်ရှင်ဟာသ
ဇာတ်လမ်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ အထက်တန်းကျောင်းသားလေး Yu Hobin ဟာ
အရပ်ပုပု လူကောင်သေးသေး ရုပ်ရည်ကလည်းသာမန် အဖေကအိမ်ကထွက်သွားတဲ့အပြင်
အမေကလည်း ကင်ဆာရောဂါနဲ့ဆေးရုံတင်ထားရလို့ ပိုက်ဆံလည်းအဆင်မပြေရှာပါဘူး။
ဒီကြားထဲ ကျောင်းမှာလည်း အနှိမ်ခံ အနိုင်ကျင့်ခံတစ်ယောက်လည်း ဖြစ်နေပါသေးတယ်။
ဒီလိုနဲ့ သူ့ကိုအနိုင်ကျင့်နေကျ သူ့တို့ကျောင်းက new tuber cele တွေရဲ့ ဝင်ငွေကို သိသွားတဲ့အချိန်မှာတော့
သူလည်း new tube ချန်နယ်ထောင်ကြည့်ဖို့ အကြံရသွားပါတယ်။ တစ်ရက်မှာ သူ့ကိုအနိုင်ကျင့်တဲ့
ကျောင်းက new tuber တစ်ယောက်ဟာ သူ့အိမ်မှာ game streaming live လွှင့်ရင်း
သူတို့၂ယောက်ရန်ဖြစ်သတ်ပုတ်နေကြတဲ့ မြင်ကွင်းက မတော်တဆ live ထဲမှာပါသွားပါတယ်။
နောက်ရက်မှာတော့ အဲဒီ live videoက လူကြိုက်များပြီး ချက်ချင်းပဲပျံ့နှံ့သွားပါတယ်။
ကြည့်ရှုသူအရေအတွက်အပေါ်မူတည်ပြီး new tubeကနေ ပိုက်ဆံတွေရတယ်ဆိုတာ သိလိုက်ရတဲ့
အဲဒီ၂ယောက်ဟာ တမင်ပွဲတွေရှာပြီး live တွေလွှင့်ကြပါတော့တယ်။ တစ်ဖက်မှာလည်း
Yu Hobin အချိန်ပိုင်းအလုပ်လုပ်တဲ့ ကော်ဖီဆိုင်မှာ သူ့ရဲ့ crush ကောင်မလေး Bomi ဆိုတာရှိပါတယ်။
တရက်မှာ Hobin တို့ကော်ဖီဆိုင်ကို သူ့တို့ကျောင်းက new tuber cele ကောင်ရောက်လာပြီး
Bomi ရဲ့ဖုန်းနံပါတ်ကိုတောင်းပေမယ့် Bomi ကဖုန်းနံပါတ်မပေးဘဲ ငြင်းဆန်ပြီး Hobinက
ဆိုင်ကနေပြန်ဖို့ပြောတာကြောင့် Hobin ကို တင်းနေတာပါ။ ဒီလိုနဲ့ Hobin ကို ကျောင်းမှာ
ပိုပြီးအနိုင်ကျင့်ပါတော့တယ်။ Hobin ဟာ အိမ်မှာနေရင်း new tube video တွေကြည့်ရတာ
နှစ်သက်တဲ့သူတစ်ယောက်ဖြစ်ပြီး သူအနိုင်ကျင့်ခံနေရတာတွေကို ရှောင်တိမ်းနိုင်ဖို့
တိုက်ခိုက်နည်းသင်ပေးမယ့် ချန်နယ်တွေရှာရင်းနဲ့ လျှို့ဝှက်ချန်နယ်တစ်ခုကို ရှာတွေ့သွားပါတယ်။
Hobinတစ်ယောက် အဲဒီချန်နယ်ကနေ တိုက်ခိုက်နည်းတွေကိုသင်ယူပြီး အနိုင်ကျင့်တဲ့သူတွေကို
ဘယ်လိုပြန်ပြီးပညာပြမလဲ။ သူ့ crush လေး Bomiနဲ့ရော ဘာတွေဆက်ဖြစ်မလဲဆိုတာ
စိတ်လှုပ်ရှားစရာအက်ရှင်တွေကို ဟာသလေးနှောပြီး ကြည့်ရှုရမှာဖြစ်ပါတယ်။
(အညွန်းနဲ့ ဘာသာပြန်ကတော့ Na Ei ဖြစ်ပါတယ်)
File size… 400 MB (Appx;)@Episode
Quality… WEB DL 1080p
Format… mp4
Duration…. 25m @Episode
Genre ….. Animation, Action
Subtitle…. Myanmar Subtitle (Hard Sub)
Encoder…. Thit San Khant
Translated… by Na Ei
Season 1
Ep 1 – Userdrive / Megaup / Yoteshin / Telegram
Ep 2 – Userdrive / Megaup / Yoteshin / Telegram
Ep 3 – Userdrive / Megaup / Yoteshin / Telegram
Ep 4 – Userdrive / Megaup / Yoteshin / Telegram
Ep 5 – Userdrive / Megaup / Yoteshin / Telegram
Ep 6 – Userdrive / Megaup / Yoteshin / Telegram
Ep 7 – Userdrive / Megaup / Yoteshin / Telegram
Ep 8 – Userdrive / Megaup / Yoteshin / Telegram
Ep 9 – Userdrive / Megaup / Yoteshin / Telegram
Ep 10 – Userdrive / Megaup / Yoteshin / Telegram
Ep 11 – Userdrive / Megaup / Yoteshin / Telegram
Ep 12 – Userdrive / Megaup / Yoteshin / Telegram
S1 End
Related Keywords
Viral Hit (2024) mmsub, Viral Hit (2024) myanmar sub, Viral Hit (2024) burmese sub, Viral Hit (2024) မြန်မာစာတန်းထိုး