description
Vienna Blood (2019-)
IMDB – 7.6/10
BBC ကနေ ထွက်ရှိထားတဲ့ ဒီစီးရီးလေးဟာ သူတို့ မူပိုင်
Sherlock စတိုင်အတိုင်းပဲ ဖြစ်ပါတယ်။
Season တစ်ခုကို ၃ ပိုင်းသာ ပါဝင်ပြီး တစ်ပိုင်းတစ်ပိုင်းကို
ရုပ်ရှင်တစ်ကားစာ ရှိပါတယ်။ ဇာတ်လမ်းပုံစံကလည်း Sherlock လိုပဲ
မှုခင်းတွေကို Male Lead နှစ်ယောက် ဖြေရှင်းကြတာမျိုးပါ။
သူတို့က ဒီမှာ အခြေခံထားတာကျ ၁၉၀၀ ဝန်းကျင် ဗီယန်နာမြို့ ဖြစ်ပြီး
ဇာတ်ကောင်တွေက ဆေးကျောင်းသားတစ်ယောက်ရယ်
စုံထောက်တစ်ယောက်ရယ်ပဲ ဖြစ်ပါတယ်။
အိမ်က ဖြစ်စေချင်တာမျိုးကို မလုပ်ပဲ ကိုယ့်သဘောဆန္ဒအလျောက်
ဖြစ်ချင်တာကို ဦးစားပေးပြီး ဆေးပညာကနေ ရာဇဝတ်သားတွေရဲ့
အကျင့်စရိုက်အနေအထားကို လေ့လာချင်သူ
ဉာဏ်ကြီးရှင် ဆေးကျောင်းသားလေးရယ်
အမှုတွေကို မဖြေရှင်းနိုင်တာကြာလို့ စိုးရိမ်သောက ပူပန်တွေများပြီး
အထက်လူကြီးက ထောင်းတာကို ခံနေရလို့ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့
သွေးဆူလွယ်တဲ့ စုံထောက်ကြီးတစ်ယောက်ရယ်
နှစ်ဦးသား ဆုံတွေ့ဖို့ ကံပါလာကြပြီး မှုခင်းတွေကို ဘယ်လိုအတူတူ ဖြေရှင်းသွားမယ်
ကိုယ်စီဘဝအခက်အခဲတွေကို ဘယ်လိုဖေးကူသွားကြမလဲဆိုတာကို
ရိုက်ကူးတင်ဆက်ထားတဲ့ သမိုင်းနောက်ခံ
ပဟေဠိတွေနဲ့အတူ စိတ်လှုပ်ရှားဖွယ် ဒရမ်မာ စီးရီးကောင်းဖြစ်ပါတယ်။
File Size – 1 GB(Appx;)@Episode
Quality – 1080p WEB DL
Duration –1h 30 minute (@Episode)
Total Episodes:9Eps
Subtitle – Myanmar Hardsub
Format – Mp4
Genre : Crime ~ Drama~Mystery
Translator – CM Team
Encoder – YK
Season 1
===Complete===
Season 2
===Complete===
Season 3
===Complete===
Season 4
Related Keywords
Vienna Blood (2019-2024) mmsub, Vienna Blood (2019-2024) myanmar sub, Vienna Blood (2019-2024) burmese sub, Vienna Blood (2019-2024) မြန်မာစာတန်းထိုး