description
1950 ခုနှစ်မှာ မျိုးချစ်သိပ္ပံပညာရှင် အန်းဝိန်ရှန်းဟာ တိုင်းတပါးက
သမာသူတွေရဲ့ စောင့်ကြည့်မှုကို ခံနေရတာကြောင့် အမိမြေကိုပြန်လာဖို့ အခက်အခဲရှိတဲ့အတွက်
သုတေသနလုပ်ထားတဲ့အချက်အလက်အားလုံးကို
ဂျူနီယာဖြစ်တဲ့သင်္ချာပါရဂူဘွဲ့ရ ပညာတော်သင်ကျောင်းသား ကျိသန်းယန် (Liu Xue Yi) လက်ထဲကို အပ်ပြီး
ပြည်မကြီးကို အဲဒီအချက်အလက်တွေ ပြန်သယ်သွားပေးဖို့ တာဝန်ပေးလိုက်ပါတယ်။
ဒါပေမဲ့ အန်းဝိန်ရှန်းရဲ့ သုတေသန အချက်အလက်တွေကို
လုယူချင်တဲ့ ရန်သူတွေဟာ ပြည်တော်ပြန်တဲ့ လမ်းတစ်ခရီးတစ်လျှောက်မှာ
တစ်ယောက်ပြီးတစ်ယောက်ပေါ်လာခဲ့တာမို့ ပြည်သူ့လုံခြုံရေးဌာနက
ကျိသန်းယန်ကို ကာကွယ်ပြီး ပြည်မကြီးဆီ ပြန်ခေါ်လာဖို့
ဖန်ဟုန်မိန် (Peng Xiao Ran) ကို တာဝန်ပေးခဲ့ပါတယ်
အခက်အခဲပေါင်းစုံကို ကျော်ဖြတ်ပြီးတဲ့နောက်မှာတော့
ကျိသန်းယန်နဲ့ ဖန်ဟုန်မိန်တို့ ပြည်မကြီးကို ပြန်ရောက်လာခဲ့ကြပြီး
ပြည်တွင်းက နိုင်ငံတော်အဆင့် စီမံကိန်းတစ်ခုဖြစ်တဲ့
ရေစစ်ယူရေးစီမံကိန်းကို ကျိသန်းယန်က ဦးစီးပြီး လုပ်ကိုင်ဖို့ ဖြစ်လာခဲ့ပါတယ်
အဲဒီနောက်မှာ ရန်သူ့ဘက်က သူလျိုတွေဟာ ကျိသန်းယန်ဦးဆောင်တဲ့
ကျွမ်းကျင်သူပညာရှင်အဖွဲ့ကို အမျိုးမျိုးလုပ်ကြံဖို့ ကြိုးစားလာကြပါတော့တယ်
ရန်သူတွေကို ဦးဆောင်တဲ့ နောက်ကွယ်က ရွှယ်လန် ဆိုသူဟာ
ဘယ်သူလဲဆိုတာကို ဖန်မိန်ဟုန်တို့ ပြည်သူ့လုံခြုံရေးအဖွဲ့က ဖော်ထုတ်နိုင်ပါ့မလား
ကျိသန်းယန်ကရော သူ့ကို သတ်ချင်တဲ့သူတွေအများကြီးကြားကနေ
စီမံကိန်းကို အောင်မြင်အောင် လုပ်နိုင်ပါ့မလား
ကျိသန်းယန်၊ ဖန်ဟုန်မိန်နဲ့ သူနာပြုဆရာမလေး ပိုင်ဟွေ့ဟာ
သူငယ်ချင်းတွေ ဖြစ်လာခဲ့ပေမဲ့ ပိုင်ဟွေ့ရဲ့ အဖေ ဒေါက်တာပိုင်ရဲ့ သရုပ်မှန်ဟာ
သံသယဝင်စရာကောင်းလာတဲ့အခါ သူတို့ ၃ ယောက်ကြားက
သူငယ်ချင်းသံယောဇဥ်က ဆက်ပြီး တည်မြဲနိုင်ပါဦးမလား
ရွှယ်လန်ကရော ဒေါက်တာပိုင် ကိုယ်တိုင်ပဲ ဖြစ်နေမလားဆိုတာတော့
ဒီဇာတ်လမ်းတွဲလေးမှာ စောင့်မျှော်အားပေးကြပါဦး
=========================
Quality : WEB-DL 1080p , 720p
Total Episodes : 38
Format : mp4
Genres : Thriller , Drama
Runtime : 45 min
Subtitle : Myanmar Subtitle ( Hardsub )
Translated by CM Team
Reviewed By Clytie
Encoded by LK
=========================
Related Keywords
Unshakable Faith ( 2023 ) mmsub, Unshakable Faith ( 2023 ) myanmar sub, Unshakable Faith ( 2023 ) burmese sub, Unshakable Faith ( 2023 ) မြန်မာစာတန်းထိုး