description
Tripling aka TVF Tripling 2016 မောင်နှမသုံးဦး၏တမ်းချင်း
Comedy ပရိသတ်တို့အတွက် healing လေးလည်းဖြစ်စေပြီးတော့
နွေးထွေးပျော်ရွှင်ဖွယ် မောင်နှမ ဆက်ဆံရေးလေးကိုပါ ပြသထားတဲ့ စီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်
ချန်ဒန်ဆိုတဲ့ အစ်ကိုအကြီးဆုံးက အမေရိကားမှာ အိမ်ထောင်ကျပြီး
အိမ်ထောင်ရေးမပြေလည်လို့ ကွာရှင်းခဲ့ပြီးတော့ နေရပ်ကိုပြန်လာပါတယ်
စိတ်ညစ်ညစ်နဲ့ ကလပ်သွားတဲ့အချိန်မှာ သူ့ညီအငယ်ဆုံးလေး ချစ်ဗန့်နဲ့ တွေ့ပါတော့တယ်
ချစ်ဗန့်ကတော့ လူငယ်သဘာဝ လွတ်လပ်အပူအပင်ကင်းစွာနဲ့ ကလပ်မှာ ဒီဂျေအလုပ်လုပ်နေသူပါ
အဲဒီည မူးနေတဲ့သူ့အစ်ကိုကို သူ့အိမ်ခေါ်သွားခဲ့ပေမဲ့လည်း သူကိုယ်တိုင်က အကြွေးရှင်တွေကို
ပတ်ပြေးနေရသူမို့ သူ့အစ်မ အလတ်ဖြစ်သူဆီ ခေါ်သွားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်
အဲဒီအချိန်မှသိလိုက်ရတာက တော်ဝင်မိသားစုဝင်နဲ့ အိမ်ထောင်ကျထားတဲ့ သူ့အစ်မ
အလတ်ဖြစ်သူ ချန်ချယ်လ်က ကိုယ်ဝန်ရှိနေပါပြီတဲ့
ချန်ဒန်ကလည်း သူ့ညီမအကြောင်း အခုမှသိရပြီး ညီအစ်ကိုနှစ်ယောက် ချန်ချယ်လ်ဆီ သွားကြပါတော့တယ်
လမ်းမှာ သူတို့ငယ်ငယ်ကနှစ်တိုင်း မိသားစုခရီးထွက်ခဲ့တာကို သတိရလာပါတယ်
သူတို့အဖေက ခရီးသွားရင် ဘာအစီအစဉ်မှ မချဘဲ အထုပ်အပိုးပြင်လို့ ထထွက်လာတတ်သူပါ
သူတို့မောင်နှမတွေဆုံတုန်းဆုံခိုက် ခရီးထွက်ကြဖို့လည်း ဆုံးဖြတ်ထားလိုက်ပါတယ်
ရောက်သွားမှ သူတို့သိလိုက်ရပြန်တာက ချန်ချယ်လ်က ကိုယ်ဝန်တကယ်ရှိနေတာ မဟုတ်ပါဘူး၊
အကြောင်းရှိလို့ လိမ်ထားတာပါဆိုပြီး ပြောလာလေရဲ့
ချန်ချယ်လ်ရဲ့ကိုယ်ဝန်ကိစ္စက ဘာများဖြစ်မလဲ၊ ချန်ဒန်အိမ်ထောင်ရေးမပြေလည်တာကရော
ဘာကြောင့်လဲ၊ သူတို့မောင်နှမရဲ့ ခရီးစဉ်က ဘယ်လိုဖြစ်မလဲဆိုတာ ရယ်ရယ်မောမောနဲ့ ကြည့်ရှုအားပေးကြရအောင်ပါ
( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )
File Size – 700 MB(Appx;)@Episode
Quality – 1080p WEB DL
Duration –30minute (@Episode)
Total Episodes:15Eps
Subtitle – Myanmar Hardsub
Format – Mp4
Genre : Comedy, Drama
Translator – CM Bollywood Team
Encoder – YK
===== Season 1 =====
===== Complete =====
===== Season 2 =====
===== Complete =====
===== Season 3=====
===== Complete =====
Related Keywords
TVF Tripling (2016) mmsub, TVF Tripling (2016) myanmar sub, TVF Tripling (2016) burmese sub, TVF Tripling (2016) မြန်မာစာတန်းထိုး