channelmyanmar သည် 4K၊ 1080P၊ 720P ကဲ့သို့သော လူကြိုက်များသည့် အရည်အသွေးများနှင့်အတူ မြန်မာစာတန်းထိုးဖြင့် ရုပ်ရှင်များကို အခမဲ့ ကြည့်ရှုရန်နှင့် ဒေါင်းလုဒ်လုပ်ရန်အတွက် ဝဘ်ဆိုဒ်တစ်ခုဖြစ်ပြီး နေ့စဉ်အမြန်ဆုံးအပ်ဒိတ်လုပ်ပေးနေပါသည်။

Trese (2021)

Trese (2021)
  • other name

    updating

  • author

    updating

  • status

    ongoing

  • genres

    updating

  • views

    0

rating: 5/5 - 1 votes.

description

Trese Season 1 (2021)
Genre – Animation, Action, Adventure
IMDB – 7.0/10
RT – 70%

ခင်ဗျားက Supernatural စီးရီးတို့ DC Comic က Constantine တို့လို

သဘာဝလွန်ဖြစ်ရပ်တွေကို ထောက်လှမ်းစုံစမ်းတာတွေရယ်

John Wick တို့ မြေအောက်လောကစတိုင်မျိုးရယ် DC က Animation တွေကို

ကြိုက်တယ်ဆိုရင်တော့ မြည်းကို မြည်းစမ်းသင့်တဲ့

Netflix Animation စီးရီးလေးနဲ့ မိတ်ဆက်ပေးပါရစေဗျာ။

 

ဒီမှာက တစ်ခုပိုသာတာကတော့ သဘာဝလွန်အပိုင်းတွေမှာ

ပုံမှန် ကြားဖူးနေကြ အနောက်တိုင်းက သွေးစုပ်ဖုပ်ကောင်တွေ

သမန်းဝံပုလွေတွေ မဟုတ်တော့ပဲ ဖိလစ်ပိုင်နိုင်ငံ

ရိုးရာဒဏ္ဍာရီ ပုံပြင်ထဲက သတ္တဝါနဲ့ နတ်ဘုရားတွေ ဖြစ်ပါတယ်။

 

DC Animation ကောင်းတွေဖြစ်တဲ့ Flashpoint Paradox တို့ Dark Knight Return တို့နဲ့

တခြား Batman Animation တွေ ရိုက်ကူးပေးထားတဲ့ Jay Oliva က

ရိုက်ကူးရေး ပါဝင်ထားပြီး ဇာတ်လမ်းကတော့

ဖိလစ်ပိုင်ရုပ်ပြဇာတ်လမ်းကို ပြန်လည်

အသက်သွင်းထားတာပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းပုံစံကတော့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ကို အခြေခံထားတယ်။

အလက်ဇန္ဒရား ထရေဆေးဆိုတဲ့ ကောင်မလေးက သဘာဝလွန်

သက်တော်စောင့်နှစ်ယောက်နဲ့ ဝင်ချက်စတာညီအစ်ကိုလိုလို

ကွန်စတင်တင်းတို့လိုမျိုး မနီလာမြို့က ရဲတွေ မတွေးတောနိုင်တဲ့

ထူးဆန်းဖြစ်ရပ်တွေဆို ဝင်ပြီး အမှုလိုက်ဖြေရှင်းပေးတယ်ပေါ့လေ။

 

ဒီ မနီလာမြေအောက်လောကမှာလည်း အဆွမ်းဆိုတဲ့ ပုံပြောင်းလို့ရတဲ့

သတ္တဝါမျိုးနွယ်တွေ တစ်ဘာလန်ဆိုတဲ့ မြင်းတစ်ပိုင်းလူတစ်ပိုင်းမျိုးနွယ်တွေနဲ့

တခြား သတ္တဝါတွေ နတ်ဘုရားမျိုးနွယ်တွေ စသဖြင့်

ကိုယ်စီကိုယ်စီ အုပ်ချုပ်ပြီး လူသားမျိုးနွယ်ဖက်မှာတော့

ထရေဆေးက “လကန်း” ဆိုတဲ့ဘွဲ့နဲ့ ကိုယ်စားပြုပြီး

သူ့ဖအေ လက်ထက်ကတည်းက တည်ရှိတဲ့ သူတို့ ကမ္ဘာနှစ်ခုကြားက

ငြိမ်းချမ်းရေး သဘောတူညီချက်ကို ဘယ်သူတွေမှ မဖောက်ဖျက်အောင်

ထိန်းသိမ်းရင်း နေရတာပေါ့လေ။

 

ဒီလိုနဲ့ တဖြည်းဖြည်း ကြာလာတဲ့အခါမှာတော့ အမှောင်မြေအောက်လောကထဲမှာ

တချို့မျိုးနွယ်တွေက သဘောတူညီချက်တွေကို ချိုးဖောက်ရင်း

လူသားကမ္ဘာထိ အန္တရာယ်ကျရောက်လာနိုင်မယ့် ရန်စွယ်တွေ ဖြစ်လာတဲ့အခါ

ထရေဆေးတစ်ယောက် အသက်စွန့် ကာကွယ်ဖို့ ပြင်ဆင်ရပါတော့တယ်….။

စီးရီးက ၆ ပိုင်းတည်းကို တစ်ပိုင်းကို အမှုတစ်ခု ပုံစံထင်ရပေမဲ့ နောက်ကျ

အကုန်လုံးက ဆက်စပ်နေတယ်။

 

လက်ရှိကာလကို ပြနေရင်း ထရေဆေး ငယ်စဉ်တုန်းက သူ့အဖေနဲ့

အတူရှိစဉ်အဖြစ်အပျက်တွေ Flashback ပြန်ပြတာတွေလည်း မိုက်တယ်။

ကိုယ်မသိရတဲ့ ဒဏ္ဍာရီ ပုံပြင် ဇာတ်လမ်းအကောင်တွေဆိုတော့

အမြင်ဆန်းတယ် ထူးခြားတယ် Animation ကလည်း မိုက်တော့

ကြည့်ရတာ ၆ ပိုင်းကို အားတောင်မရဘူး ဇာတ်လမ်းကလည်း

နောက်ဆုံးထိ ခန့်မှန်းရမလွယ်ဘူး Plot Twist တွေနဲ့။

လက်ရှိတော့ Season 1 ပဲ ထွက်ထားပါသေးတယ်

Season 2 ကတော့ ဒီ ၂၀၂၄ ခုနှစ်ထဲ သတင်းသဲ့သဲ့ကြားထားတော့

ထွက်လာတာလည်း ချက်ချင်း တင်ဆက်ပေးဦးမှာပဲ ဖြစ်ပါတယ်လို့

ပြောကြားရင်း နိဂုံးချုပ်လိုက်ပါရစေဗျာ။

 

File size…     500 MB
Quality… Web-DL 1080p 
Format… mp4
Duration…. 35m
Genre ….. Action/Animation
Subtitle…. Myanmar Subtitle (Hard Sub)
Encoder…. Thit San Khant
Translated by Thura Aung

 

 

1080p

EP 01 – Usersdrive / Yoteshin / Megaup

EP 02 – Usersdrive / Yoteshin / Megaup

EP 03 – Usersdrive / Yoteshin / Megaup

EP 04 – Usersdrive / Yoteshin / Megaup

EP 05 – Usersdrive / Yoteshin / Megaup

EP 06 – Usersdrive / Yoteshin / Megaup

Related Keywords

Trese (2021) mmsub, Trese (2021) myanmar sub, Trese (2021) burmese sub, Trese (2021) မြန်မာစာတန်းထိုး