description
Season 1
အပိုင်း ( ၁ မှ ၃ ) အထိ စ / ဆုံး
လူသတ်မှုခင်းစုံထောက်ဇာတ်ကားတွေတော်တော်များများက
အစမှာကတည်းက လူသတ်မှုဖြစ်ပြီး လူသတ်သမားကိုရှာတဲ့
ပုံစံမျိုးဖြစ်ကြပေမဲ့ အခုတင်ဆက်ပေးမဲ့ ဗြိတိသျှ Series
မှာတော့ နာမည်က Towards Zero ဆိုတဲ့အတိုင်း စမှတ်ကနေ
ဦးတည်ပြီး တဖြည်းဖြည်းနဲ့ ဇာတ်ရှိန်မြင့်တက်လာအောင်ဆွဲ
ခေါ်သွားမဲ့ပုံစံမျိုး ရိုက်ကူးထားတာဖြစ်ပါတယ်။
Mini Series ဖြစ်တဲ့အတွက် ၃ ပိုင်းတည်းသာပါဝင်ပြီး
IMDb Rating 6.2 အထိရရှိထားတဲ့အတွက် လိုရင်းတိုရှင်း
Series ကောင်းတစ်ခုလို့ပြောရင်လည်းမှားမယ်မထင်ပါဘူး။
ဇာတ်လမ်းဇာတ်ကွက်ကိုတော့ စာရေးဆရာမ အဂါသာခရစ္စတီးရဲ့
Towards Zero ဆိုတဲ့ ၀တ္ထုကိုပဲပြန်ယူပြီး မျက်စိထဲမှာ
ရှင်းရှင်းလင်းလင်း ထင်သာမြင်သာအောင် အနည်းငယ်ပြုပြင်
ပြီးတင်ဆက်ထားတာဖြစ်ပါတယ်။
ဒီ Series ရဲ့ အဓိကဇာတ်ကောင်တွေကတော့ စထရိန်းလင်မယား
ဖြစ်ပြီး လင်ဖြစ်သူက နဗယ်လ်စထရိန်း မယားဖြစ်သူကတော့
အော်ဒရီစထရိန်းပဲဖြစ်ပါတယ်။စစချင်းကတည်းက သူတို့
လင်မယားက တရားရုံးတက်နေရတာကိုမြင်ရမှာဖြစ်ပြီး
အကြောင်းအရင်းကတော့ ခင်ပွန်းဖြစ်သူ နဗယ်လ်ဖောက်ပြန်တဲ့
အတွက် ကွာရှင်းခွင့်ပေးဖို့ အော်ဒရီဖက်က တရားစွဲဆိုတာပဲ
ဖြစ်ပါတယ်။
ဒီလိုနဲ့ငြင်းမရတော့တဲ့ နဗယ်လ်လည်း ကေအဲလိယက်လို့ခေါ်တဲ့
အမျိုးသမီးနဲ့ဖောက်ပြန်နေကြောင်းဝန်ခံလိုက်ပြီး ကွာရှင်းဖြစ်ခဲ့
ကြပါတော့တယ်။ဒီလိုနဲ့ နဗယ်လ်နဲ့ ကေတို့ ဟန်းနီးမွန်းကို
နဗယ်လ်ကြီးပြင်းခဲ့တဲ့ အဒေါ်ဖြစ်သူရဲ့အိမ်မှာသွားကုန်ဆုံးဖို့
ဆုံးဖြတ်ခဲ့ပါတော့တယ်။ဖြစ်ချင်တော့ သူ့ဇနီးဟောင်း အော်ဒရီ
ကလည်း အဲ့ဒီမှာပဲသူနဲ့အတူတူကြီးပြင်းလာတဲ့အတွက် အဲ့ဒီကို
အလည်လာဖြစ်ခဲ့ပြီး ဒီလို ၃ ပွင့်ဆိုင်အချစ်နဲ့ တခြားသောသူတွေ
သွားရောက်ဆုံစည်းဖြစ်ခဲ့တဲ့အရာမှာတော့ ဘယ်အရာကနေ
စတင်ပြီး ဘယ်သူတွေ ဘယ်အကြောင်းကြောင့် အသတ်ခံရမလဲ
ဆိုတာကို ရှုစားရမဲ့ ထူးထူးခြားခြား မှုခင်းစုံထောက် Series
လေးပဲဖြစ်ပါတယ်။
File Size –591 MB / 251 MB
Quality –WEB-DL 1080p HEVC / 720p
Episodes – 3 Eps
Duration – 56 min
Subtitle – Myanmar Hardsub
Format – mkv /mp4
Genre : Crime , Thriller
Translator – Saw Lay & Austin
Encoder – Min Wai
( Season 1 ) Ongoing Series
Ep-1 (1080p)>> CM App
Ep-1 (720p) >> Usersdrive / YoteShin / gdtot / Megaup
Ep-2 (1080p)>> CM App
Ep-2 (720p) >> Usersdrive / YoteShin / gdtot / Megaup
Ep-3 (1080p)>> CM App
Ep-3 (720p) >> Usersdrive / YoteShin / gdtot / Megaup
– THE END –
Related Keywords
Towards Zero (2025) Season 1 [ Complete ] mmsub, Towards Zero (2025) Season 1 [ Complete ] myanmar sub, Towards Zero (2025) Season 1 [ Complete ] burmese sub, Towards Zero (2025) Season 1 [ Complete ] မြန်မာစာတန်းထိုး