description
Time Renegades (2016)
***********************
IMDb… 6.8
IMDb 6.8 ရှိတဲ့ Sci-fi thriller ကိုမှ Romance နဲ့ရောထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားနဲ့
မိတ်ဆက်ပေးချင်ပါတယ်။ သရုပ်ဆောင်တွေကတော့ Hospital Playlist နဲ့ လူကြိုက်များတဲ့
မင်းသား Jo Jung Suk, Search WWW နဲ့ Low Life တို့မှာ ပါဝင်တဲ့ မင်းသမီး Im Soo Jung,
Squid Game S2 S3 မှာ ပါဝင်ခဲ့တဲ့ Player 246 Lee Jin Wook တို့ပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းလေးကတော့….
၁၉၈၃ခုနှစ်ရဲ့ နှစ်သစ်ကူး Countdown လုပ်တဲ့အချိန်မှာ အထက်တန်းပြဆရာ ဂျီဟွမ် (Jo Jung Suk) က
သူ့ရဲ့လုပ်ဖော်ကိုင်ဖက်လည်းဖြစ် ချစ်သူလည်းဖြစ်တဲ့ ယွန်းဂျောင် (Im Soo Jung) ကို
လက်ထပ်ခွင့်တောင်းလိုက်ပါတယ်။ ဒါပေမဲ့ လက်ထပ်ခွင့်တောင်းပြီး ခဏအကြာမှာပဲ
ချစ်သူဖြစ်တဲ့ ယွန်းဂျောင်ရဲ့ ပိုက်ဆံအိတ် အခိုးခံရလို့ ဂျီဟွမ်က သူခိုးအနောက်ကို
လိုက်ရာကနေ ဓားထိုးခံလိုက်ရပြီး ဆေးရုံရောက်သွားပါတော့တယ်။
အဲဒီလိုပဲ ၂၀၁၅ခုနှစ်ရဲ့ နှစ်သစ်ကူးအချိန်မှာ လူသစ်စုံထောက်တစ်ယောက်ဖြစ်တဲ့
ဂွန်းအူ (Lee Jin Wook) ကလည်း လူအုပ်ထဲမှာ တရားခံကို ဖမ်းဖို့ကြိုးစားရင်း
သေနတ်ထိမှန်လိုက်ရပြီး ဆေးရုံကိုရောက်သွားခဲ့ပါတယ်။
၃၂နှစ် အချိန်ကွာဟာမှုကြားမှာ တူညီတဲ့ရက်၊ တူညီတဲ့ အချိန်မှာပဲ ဂွန်းအူနဲ့ ဂျီဟွမ်က
ဆေးရုံမှာ အသက်လုနေရတဲ့အချိန်ပေါ့… ဇာတ်လမ်းက အဲဒီမှာစတာပါပဲ…
နှစ်ယောက်စလုံး သေရေးရှင်ရေး အချိန်ကို ဖြတ်ကျော်ပြီးနောက်မှာ ၁၉၈၃ခုနှစ်က ဂျီဟွမ်နဲ့
၂၀၁၅ခုနှစ်က ဂွန်းအူတို့ဟာ တစ်ယောက်အကြောင်း တစ်ယောက်ကို အိပ်မက်ကနေတစ်ဆင့်
မြင်လာရပါတော့တယ်။
ပြောချင်တာက ဂွန်းအူကလည်း အိပ်မက်ထဲကနေ ဂျီဟွမ်ကြုံတွေ့ရတာတွေကို မြင်ရသလို
ဂျီဟွမ်ကလည်း အိပ်မက်ထဲကနေ ဂွန်းအူ ကြုံတွေ့ရတာတွေကို မြင်ရပါတော့တယ်…
ဒါပေမဲ့ ဇာတ်လမ်းက အဲဒီမှာတင် ပြီးမသွားသေးဘဲ သူတို့အိပ်မက်တွေကနေတစ်ဆင့်
၁၉၈၃ခုနှစ် အတိတ်မှာ ဖြစ်ခဲ့တဲ့အမှုတစ်ခုကို ၂၀၁၅က ဂျီဟွမ်က စုံစမ်းဖို့ ဖြစ်လာပါတော့တယ်…
Plot Twist တွေလည်း ပါမယ်.. ဇာတ်လမ်းဆန်းဆန်းလေးလည်း ကြည့်ချင်တယ်ဆို ဒီကားလေးကို
ကြည့်ဖြစ်အောင် ကြည့်ကြည့်ပါနော်…
(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ M ပဲ ဖြစ်ပါတယ်။)
File Size : 1.82GB/ 900MB
Quality : WEB-DL 1080p/ 720p
Format…mp4
Duration…01:47:44
Genre : Thriller, Romance, Drama, Sci-Fi
Subtitle : Myanmar Subtitle (Hard Sub)
Translated by M
Encoded by Tiff
Related Keywords
Time Renegades (2016) mmsub, Time Renegades (2016) myanmar sub, Time Renegades (2016) burmese sub, Time Renegades (2016) မြန်မာစာတန်းထိုး