channelmyanmar သည် 4K၊ 1080P၊ 720P ကဲ့သို့သော လူကြိုက်များသည့် အရည်အသွေးများနှင့်အတူ မြန်မာစာတန်းထိုးဖြင့် ရုပ်ရှင်များကို အခမဲ့ ကြည့်ရှုရန်နှင့် ဒေါင်းလုဒ်လုပ်ရန်အတွက် ဝဘ်ဆိုဒ်တစ်ခုဖြစ်ပြီး နေ့စဉ်အမြန်ဆုံးအပ်ဒိတ်လုပ်ပေးနေပါသည်။

ThirtTEEN Terrors (2014) Phuean Hian.. Rongrian Lon

ThirtTEEN Terrors (2014) Phuean Hian.. Rongrian Lon
  • other name

    updating

  • author

    updating

  • status

    ongoing

  • genres

    updating

  • views

    0

description

ThirtTEEN Terrors (2014)

IMDb Rating (6.7)

 

ပိတ်ရက်တွေကို အိမ်မှာနေရင်း ဇာတ်လမ်းတွေကြည့်ရင်းကုန်လွန်ကြမယ့် Channel Myanmar ပရိတ်သတ်ကြီးအတွက်ဒီတစ်ခါမှာတော့ ထိုင်း Horror စီးရီးလေး တစ်ခု တင်ဆက်ပေးချင်ပါတယ်။

ငယ်ငယ်တုန်းက ကျောင်းတက်တဲ့အခါ ကျောင်းတစ်ခုစီမှာကြောက်စရာကောင်းတဲ့ ပါးစပ်ပြောရာဇဝင် တစ်ခု စီရှိကြတာ မှတ်မိကြမယ်ထင်ပါတယ်။

ခြေကလိန်မ၊ ကျောင်းစောင့်ကြီး၊ ကျောင်းကို စိတ်စွဲနေနဲ့ ဆရာ၊စာမေးပွဲဖြေရင်း သေဆုံးသွားတဲ့ ကျောင်းသူလေး စသဖြင့်ကြောက်စရာဇာတ်လမ်း အမျိုးမျိုး ကြားဖူးခဲ့ကြမှာပေါ့နော်။

ကျွန်မကတော့ ကျောင်းမှာ ပွဲတစ်ခုခု ရှိလို့အလှူရှိလို့ ညဘက် ကျောင်းမှာ စုအိပ်ကြတဲ့အခါတစ်နေရာရာသွားရင်ပဲဖြစ်ဖြစ် အိမ်သာသွားရင်ပဲဖြစ်ဖြစ်ဓါတ်မီးတဝင်းဝင်း ဒူးတုန်တုန်နဲ့ အုပ်စုလိုက် သွားခဲ့ရတာတွေ ၊ အတန်းကြီး အစ်ကို အစ်မတွေပြောပြတဲ့ သရဲအကြောင်းတွေကိုတစ်ယောက်နဲ့ တစ်ယောက် ပူးကပ်ပြီးတိုးခွေ့နားထောင်နေခဲ့ရတာတွေကို မှတ်မိနေဆဲပါပဲ။

ဒီအကြောင်းတွေ ပြန်ပြောနေရတာကတော့ ခု တင်ဆက်ပေးမယ့် ဇာတ်လမ်းတွဲလေးနဲ့ ဆက်စပ်မှုရှိနေလို့ပါ။

ထိုင်းအထက်တန်းကျောင်းတစ်ခုမှာ လူတိုင်းပြန်ပြောဖို့ ကြောက်ရွံ့ကြတဲ့ လူတွေ မေ့ပစ်လိုက်ချင်ကြတဲ့တိမ်မြုပ်နေတဲ့ ကြောက်စရာ ဇာတ်လမ်းတွေ ရှိနေခဲ့ပါတယ်။

အဲဒီဇာတ်လမ်းတွေ ဖြစ်ပေါ်လာပုံကလည်း တစ်ခုနဲ့ တစ်ခုမတူညီပဲ ထူးဆန်းအံ့ဩစရာ ကြောက်စရာ ထိတ်လန့်စရာကောင်းလှပါတယ်။

ဘယ်လိုတွေကြောင့် ဒီလိုကြောက်စရာ အဖြစ်အပျက်တွေ ဖြစ်ပေါ်လာရလဲဆိုတာကတော့ ဇာတ်လမ်းကို ကြည့်ရင်း အဖြေရှာကြည့်ကြရအောင်။

ပုံမှန် ကြည့်နေကျ သရဲကားတွေလို ဝုန်း ဆို သရဲ က ပေါ်လာပြီးခြောက်လှန့်သွားတာမျိုးမဟုတ်ဘဲ ကြည့်ရင်း ကြည့်ရင်း အတွေးပေါက်ပြီး

တစိမ့်စိမ့်ကြောက်နေရမယ့် ထိတ်လန့်သဲဖိုဇာတ်လမ်းတွဲဆိုလည်း မမှားပါဘူး။ပြီးတော့ လူ့အသိုင်းအဝိုင်းမှာ မကျော်ရမယ့် စည်းတွေ နဲ့မလုပ်သင့်တဲ့အရာတွေကိုလည်း ဇာတ်လမ်း တစ်ခုစီတိုင်းမှာ ခပ်ပါးပါးလေးရိုက်ပြသွားတာမို့ အတော်လေး ပြည့်စုံတဲ့ ကားလို့ ဆိုရမှာပါပဲ။

စီးရီး ဆိုပေမယ့် အခန်းဆက်နဲ့ မဟုတ်ဘဲ နာမည်နဲ့လိုက်အောင်အထက်တန်းကျောင်းတစ်ခုက ဆက်ကျော်သက်ကျောင်းသားလေးတွေ တစ်ဦးစီ တစ်ဖွဲ့စီ မှာတွေ့ကြုံခံစားရတဲ့ ကြောက်စရာ ဇာတ်လမ်းလေး ၁၃ ခုကပရိတ်သတ်တို့ကို မရိုးမအီပဲ တစိမ့်စိမ့်တွေးပြီးတရေးရေးလန့်ရအောင် ဆွဲဆောင်နိုင်မှာပါ။

 

ဒီဇာတ်လမ်းတွဲလေးကို Htoo Htoo Ka Joe, Fleur, Nay Chii နဲ့ Thaw တို့က ဘာသာပြန်ပေးထားပြီးဇာတ်လမ်းအညွှန်းရေးသားသူကတော့ Thaw ပဲဖြစ်ပါတယ်။အတူတူကြည့်ရင်း ကြောက်လိုက်ရအောင်နော်!!!

 

File size…(800 MB) / (300 MB)
Quality….WEB-DL 1080p HEVC / 720p
Format….mp4
Genre….Drama,Mystery
Duration….00:49:29
Subtitle….Myanmar Subtitle (Hardsub)
Encoder….Thit San Khant
Translated by Htoo Htoo Ka Joe, Fleur, Nay Chii, Thaw

 

Episode 1 720p  –  Yoteshin/ Gdot / Megaup / Telegram 

Episode 1 1080p  –  Yoteshin/ Gdot / Megaup 

 

Episode 2 720p  –  Yoteshin/ Gdot / Megaup / Telegram 

Episode 2 1080p  –  Yoteshin/ Gdot / Megaup 

 

Episode 3 720p  –  Yoteshin/ Gdot / Megaup / Telegram 

Episode 3 1080p  –  Yoteshin/ Gdot / Megaup 

 

Episode 4 720p  –  Yoteshin/ Gdot / Megaup / Telegram 

Episode 4 1080p  –  Yoteshin/ Gdot / Megaup 

 

Episode 5 720p  –  Yoteshin/ Gdot / Megaup / Telegram 

Episode 5 1080p  –  Yoteshin/ Gdot / Megaup 

 

Episode 6 720p  –  Yoteshin/ Gdot / Megaup / Telegram 

Episode 6 1080p  –  Yoteshin/ Gdot / Megaup 

 

Episode 7 720p  –  Yoteshin/ Gdot / Megaup / Telegram 

Episode 7 1080p  –  Yoteshin/ Gdot / Megaup 

 

Episode 8 720p  –  Yoteshin/ Gdot / Megaup / Telegram 

Episode 8 1080p  –  Yoteshin/ Gdot / Megaup 

 

Episode 9 720p  –  Yoteshin/ Gdot / Megaup / Telegram 

Episode 9 1080p  –  Yoteshin/ Gdot / Megaup 

 

Episode 10 720p  –  Yoteshin/ Gdot / Megaup / Telegram 

Episode 10 1080p  –  Yoteshin/ Gdot / Megaup 

 

Episode 11 720p  –  Yoteshin/ Gdot / Megaup / Telegram 

Episode 11 1080p  –  Yoteshin/ Gdot / Megaup 

 

Episode 12 720p  –  Yoteshin/ Gdot / Megaup / Telegram 

Episode 12 1080p  –  Yoteshin/ Gdot / Megaup 

 

Episode 13 720p  –  Yoteshin/ Gdot / Megaup / Telegram 

Episode 13 1080p  –  Yoteshin/ Gdot / Megaup 

 

>>>>>>>>>>(End)<<<<<<<<<<

Related Keywords

ThirtTEEN Terrors (2014) Phuean Hian.. Rongrian Lon mmsub, ThirtTEEN Terrors (2014) Phuean Hian.. Rongrian Lon myanmar sub, ThirtTEEN Terrors (2014) Phuean Hian.. Rongrian Lon burmese sub, ThirtTEEN Terrors (2014) Phuean Hian.. Rongrian Lon မြန်မာစာတန်းထိုး