channelmyanmar သည် 4K၊ 1080P၊ 720P ကဲ့သို့သော လူကြိုက်များသည့် အရည်အသွေးများနှင့်အတူ မြန်မာစာတန်းထိုးဖြင့် ရုပ်ရှင်များကို အခမဲ့ ကြည့်ရှုရန်နှင့် ဒေါင်းလုဒ်လုပ်ရန်အတွက် ဝဘ်ဆိုဒ်တစ်ခုဖြစ်ပြီး နေ့စဉ်အမြန်ဆုံးအပ်ဒိတ်လုပ်ပေးနေပါသည်။

The Village (2023)

The Village (2023)
  • other name

    updating

  • author

    updating

  • status

    ongoing

  • genres

    updating

  • views

    0

rating: 5/5 - 1 votes.

description

The Village 2023 ရွာပျက်ကြီးရဲ့ဒဏ္ဍာရီ IMDb -5.3/10

တစ်ခါလာလည်း တစ်ယောက်နဲ့အယောက် ၁၀၀ ချ တစ်ခါလာလည်း သီချင်းလေးဆိုပြီးကနေတဲ့
ဘောလိဝုဒ်ကားတွေ ငြီးငွေ့လှပါပြီဆိုတဲ့ CM ပရိသတ်တို့ တစ်ခါကြည့်မိ တစ်သက်စွဲငြိသွားမယ့်
Horror Thriller စီးရီးလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ အိန္ဒိယရဲ့ ပထမဆုံး graphic novelကို
အခြေခံပြီး ရိုက်ကူးထားတဲ့စီးရီးလေးဆိုတော့ ဘယ်လိုလာမလဲဆိုတာ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ |

အဝေးပြေးလမ်းမကြီးရဲ့ဘေးနားလေးမှာ လူမသိသူမသိ စွန့်ပစ်ရွာလေးတစ်ရွာဖြစ်တဲ့ကတ်တီရယ်ရွာလေး၊ အမြန်လမ်းမကြီးရဲ့ လမ်းအခွဲလေးတစ်ခု‌ဘေးမှာဖြစ်တာကြောင့်
လူသူအရောက်အပေါက်နည်းတယ်လို့သာ အပြင်လူတွေက သိထားကြပေမဲ့ ရွာနီးစပ်ချုပ်ကလူတွေကတော့ နာမည်ကြားရုံနဲ့တင် ဖိန့်ဖိန့်တုန်အောင် ကြောက်ကြပါသတဲ့။

အကြောင်းကတော့ ဒီရွာမှာ သရဲတစ္တေတွေကျက်စားတယ်ဆိုတဲ့သတင်းစကားနဲ့အတူ ရွာပျက်ကြီးဟာ အဝင်ရှိပေမဲ့ အသက်ရှင်လျက် ပြန်ထွက်လာနိုင်သူမရှိလို့ပါပဲ။
ဒေါက်တာဂေါ်သမ်တစ်ယောက် သမီးလေးနဲ့မိန်းမကိုခေါ်ပြီး ချန်နိုင်းကိုသွားဖို့ အဝေးပြေးလမ်းကနေ ကားနဲ့ထွက်လာတာပေါ့။
ဖြစ်ချင်တော့ လမ်းမှာကားမှောက်ထားလို့ ရဲမှုရဲခင်းစစ်ဆေးနေတာနဲ့ကြုံပြီး လမ်းပိတ်တာနဲ့တိုးပါတော့တယ်။ အမှုစစ်တာကြာဦးမှာကို
မစောင့်ချင်တဲ့ဒေါက်တာဂေါ်သမ်တစ်ယောက် သူ့ဘဝအတွက် အိပ်မက်ဆိုးဖြစ်လာမယ့်ဆုံးဖြတ်ချက်ကိုချပြီး ကတ်တီရယ်ရွာကိုဖြတ်သွားရတဲ့
လမ်းခွဲကနေ ချန်နိုင်းကိုခရီးဆက်ဖို့လုပ်ပါတော့တယ်။ လမ်းကသံချောင်းတွေကြောင့် ကားဘီးပေါက်သွားတော့ ဂေါ်သမ်တစ်ယောက်
မိန်းမနဲ့သမီးလေးကို ကားပေါ်ထားခဲ့ပြီး အကူအညီတောင်းဖို့ ရွာနီးစပ်ချုပ်ကို အကူအညီလာတောင်းမှ နာမည်ဆိုးနဲ့ကျော်ကြားတဲ့
ကတ်တီရယ်ရွာအကြောင်း သိလိုက်ရချိန်မှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာ အားလုံးအတူ ပဟေဠိအဖြေညှိလိုက်ကြပါစို့လား။

(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ်)

( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့
ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

Quality : WEB DL 1080p 

Total Episodes : 6Eps

Format : mp4

Genres :Mystery, Sci-Fi & Fantasy, Action & Adventure

Duration : 38mins

Subtitle : Myanmar Subtitle ( Hardsub )

Translated by CM Bollywood Team

Encoded by YK

1080p

Episode 1 – Yoteshin | Userdrive | Megaup | Meganz | Streamsb

Episode 2 – Yoteshin | Userdrive | Megaup | Meganz | Streamsb

Episode 3 – Yoteshin | Userdrive | Megaup | Meganz | Streamsb

Episode 4 – Yoteshin | Userdrive | Megaup | Meganz | Streamsb

Episode 5 – Yoteshin | Userdrive | Megaup | Meganz | Streamsb

Episode 6 – Yoteshin | Userdrive | Megaup | Meganz | Streamsb

Related Keywords

The Village (2023) mmsub, The Village (2023) myanmar sub, The Village (2023) burmese sub, The Village (2023) မြန်မာစာတန်းထိုး