description
The Thundermans: Undercover (2025)
IMDb ( 5.9/10 )
============================================
ဒါကတော့ စူပါဟီးရိုး မိသားစု ဟာသစီးရီးလေးပါ။
အပိုင်းတိုင်းမှာ မရီရတဲ့အခန်းမရှိလောက်အောင်ကို ကြည့်လို့ကောင်းပါတယ်။
ဒီစီးရီးလေးမှာ ဟစ်ဒန်းဗေးဆိုတဲ့ မြို့လေးမှာ ပုံမှန်ဘဝကို
နေဖို့ကြိုးစားနေတဲ့ စွမ်းအားရှင်မိသားစုရဲ့ အလွဲတွေကို ပျော်ပျော်ကြီးကြည့်ရမှာပါ။
သူတို့က မိသားစုဝင် ၆ယောက်ရှိပြီး တစ်ဦးချင်းစီတိုင်းမှာ စွမ်းအားကိုယ်စီရှိကြပါတယ်။
အဖေ ဟန့်ခ်က အားသန်ပြီး မိုးပေါ်ပျံနိုင်ပါတယ်။ အမေဖြစ်သူ ဘာ့ဘ်ကတော့ လျှပ်စစ်တွေထုတ်နိုင်ပါတယ်။
အကြီးဆုံးအမွှာမောင်နှမဖြစ်တဲ့ မိန်းခလေး ပိုးဘီနဲ့ မက်စ်တို့ကတော့
အမွှာဖြစ်တဲ့အလျောက် တူညီတဲ့စွမ်းအားတွေရှိကြပါတယ်။
သူတို့နှစ်ယောက်လုံးပိုင်ဆိုင်ထားတဲ့စွမ်းအားက ပါးစပ်ကနေ လေပူ၊ လေအေးတွေထုတ်နိုင်ပြီး
ပစ္စည်းတွေကိုလည်း စိတ်နဲ့ရွှေ့နိုင်ကြပါတယ်။ စွမ်းအားတွေတူညီကြပေမဲ့
သူတို့နှစ်ယောက်ရဲ့ ရည်မှန်းချက်ချင်းကတော့ မီးနဲ့ရေလို့ပါပဲ။
ဖီဘီက စူပါဟီးရိုးလုပ်ပြီး လူတွေကယ်တင်ချင်ပေမယ့်
မက်စ်ကတော့ စူပါဗီလိန်လုပ်ပြီး မွှေချင်တာပါ။
အလတ်ကောင်ဖြစ်တဲ့ ဘစ်လီကတော့ DC က Flash လိုပါပဲ အမြန်ပြေးနိုင်ပါတယ်။
အငယ်ဆုံးမလေးဖြစ်တဲ့ ကလိုဝီကတော့ တစ်နေရာကနေ
တစ်နေရာကို တစ်ဟုတ်ချင်းသွားနိုင်တဲ့ တယ်လီပေါ့စွမ်းအားကို ပိုင်ဆိုင်ထားပါတယ်။
ဒီထဲမှာကျွန်တော်သဘောအကျဆုံးဇာတ်ကောင်ကတော့ လူဆိုးဘွဲ့ရဖို့ ကျောင်းပြန်တက်နေရတဲ့
ပေါက်ကရတွေလုပ်တဲ့ မက်စ်ရဲ့ ဗီလိန်သူငယ်ချင်း ယုန်လေးပါ။ အစကတော့သူကလူပါပဲ။
ဆိုးနေလို့ဆိုပြီး ဖီဘီတို့ရဲ့အဖေက သူ့ကိုယုံပြောင်းပေးလိုက်တာ။ သူတို့မိသားစုကလည်း စူပါမန်းလိုပါပဲ။
တစ်ခါတလေကျ မစ်ရှင်ဆောင်ရွက်ဖို့ သာမန်လူလိုလဲ အယောင်ဆောင်ပြီးလှုပ်ရှားကြရသေးတယ်။
အောက်မှာ ပထမအပိုင်းရဲ့ ဇာတ်လမ်းပုံစံလေးနည်းနည်းပြောပြပေးမယ်။
တစ်နေ့ လျို့ဝှက်နိုင်ငံမှာ လူဆိုးတွေရဲ့ အချက်ပြချက်တွေပေါ်နေလို့ ဘယ်သူလွှင့်နေတာလဲသိရအောင်
အယောင်ဆောင်ပြီး စုံစမ်းဖို့ သမ္မတကြီးဖင်ကန်က မိုးကြိုးအမွှာဖြစ်တဲ့ ဖီဘီနဲ့ မက်စ်ကို အမိန့်ပေးလိုက်တယ်။
အဲဒီအချိန်မှာ သူတို့ရဲ့ညီမဖြစ်သူ ကလိုဝီက သူ့ရဲ့ ကျော်ကြားမှုကြောင့်
လာပေါင်းကြတဲ့ သူငယ်ချင်းတွေနဲ့ ပျော်နေတယ်။ ဒါကိုမသင်္ကာတဲ့
သူ့ရဲ့အမွှာအကိုအမက သက်သေပြပေးဖို့ သူတို့ရဲ့ မစ်ရှင်မှာ ကလိုဝီ့ကို ခေါ်လာပြီး
လျို့ဝှက်နိုင်ငံမှာ သာမန်မိန်းခလေးအဖြစ်အယောင်ဆောင်ကာ ကျောင်းတက်ခိုင်းရင်း
သူ့ကိုစူပါဟီးရိုးမှန်းမသိကြတဲ့ သူငယ်ချင်းတွေနဲ့ အပေါင်းအသင်းလုပ်မိအောင်
ကြံစည်ကြပါတော့တယ်။
သူတို့ရဲ့ အကြံအစည်ပဲအောင်မြင်သွားမလား ကလိုဝီရဲ့ သူငယ်ချင်းနှစ်ယောက်ကပဲ
တကယ့်သူငယ်ချင်းအစစ်တွေဖြစ်မလား သိရအောင် ပထမပိုင်းလေးမှာပဲ
စတင်ရှာဖွေပြီး တစ်စီးရီးလုံးရဲ့ မှန်းဆရမယ့် Plot twist တွေ၊
ဟာသတွေကို ပျော်ပျော်ကြီးကြည့်ရှုခံစားလိုက်ကြရအောင်။
File Size – 500MB (Appx;)@Episode
Quality – 1080p WEB DL
Duration –22 minute (@Episode)
Total Episodes:Eps
Subtitle – Myanmar Hardsub
Format – Mp4
Genre : Action ~ Adventure ~ Comedy
Translator – Mahaw
Encoder – YK
===Ongoing===
Related Keywords
The Thundermans: Undercover (2025) mmsub, The Thundermans: Undercover (2025) myanmar sub, The Thundermans: Undercover (2025) burmese sub, The Thundermans: Undercover (2025) မြန်မာစာတန်းထိုး