description
The Summer Hikaru Died (2025)
My Anime List – 8.2/10 IMDb rating – 9.2/10
ဒီတစ်ခေါက်မှာတော့ CM Anime ပရိတ်သတ်ကြီးကို rating အကောင်းစားတွေ ရရှိထားတဲ့
Bl မကျ Bromance မကျ Horror ဆန်ဆန် Ongoing စီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဇာတ်လမ်းကတော့ ရွာတစ်ရွာမှာ ငယ်ငယ်လေးကတည်း တစ်ပူးပူး တစ်တွဲတွဲနေခဲ့ကြတဲ့
Hikaru နဲ့ Yoshiki ဆိုတဲ့ ကောင်လေးနှစ်ယောက်ရှိပါတယ်။
သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက တစ်ယောက်နဲ့တစ်ယောက် အသေးအဖွဲလေးတွေကအစ
သတိပြုမိတဲ့အထိ ရင်းနှီးကြတဲ့ ဆက်ဆံရေးမျိုးပါ။
ဆောင်းရာသီတစ်နေ့မှာ Hikaru က တစ်ယောက်တည်
း တောင်တက်ဖို့ ထွက်သွားရင်း သေလောက်တဲ့ ဒဏ်ရာရသွားခဲ့ပါတယ်
သူသေခါနီးအချိန်မှာ ထူးဆန်းတဲ့ မွန်းစတားတစ်ကောင်က သူ့ကို ဝါးမြိုလိုက်ပြီး
သူ့ရဲ့ ခန္ဓာကိုယ်၊ ပုံပန်းသွင်ပြင်နဲ့ မှတ်ဉာဏ်တွေကိုပါ ရယူလိုက်ပါတယ်တဲ့။
ဒီလိုနဲ့ တောင်ပေါ်က ပြန်ရောက်လာခဲ့ပြီး နွေရာသီရောက်လာခဲ့ပေမယ့် Yoshiki ကတော့
ဒါက Hikaru မဟုတ်ဘူးဆိုတာ ခံစားမိနေပါတယ်တဲ့။
Yoshiki အနေနဲ့ ပြန်ရောက်လာတဲ့လူရဲ့ ရုပ်ရည်၊ အသံနဲ့ မှတ်ဉာဏ်တွေက
Hikaru နဲ့ တူနေပြီး Hikaru အစစ်မဟုတ်ဘဲ မွန်းစတားဆိုတာ
သိနေခဲ့ပေမယ့် သူ့ဘေးမှာ ရှိနေပေးရင် ရပြီဆိုတဲ့ အတွေးနဲ့ အကုန်လုံးကို လက်ခံပေးခဲ့ပါတယ်။
ဒါပေမယ့် ရွာထဲမှာ ထူးဆန်းတဲ့ ကိစ္စတွေ ပေါ်ပေါက်လာခဲ့ပြီနောက်
Hikaru ရဲ့ ဖြစ်တည်မှုနဲ့ ဆက်စပ်ပြီး ရှာဖွေရမှာတွေ ရှိလာခဲ့တဲ့အခါ….
Hikaru နေရာကို အစားထိုးဝင်လာခဲ့တဲ့ အရာက အမှန်တကယ် ဘာကြီးလဲ၊
ရွာထဲမှာ ဖြစ်ပျက်နေတဲ့ ပြဿနာတွေကရော တကယ်ပဲ သူနဲ့ သက်ဆိုင်နေတာလား၊
နံဘေးမှာ ရှိနေပေးရင်ရပြီဆိုတဲ့ Yoshiki ကရော သူ့သူငယ်ချင်းနဲ့ ဆက်ပြီးအတူရှိနိုင်ပါ့မလား၊
သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကရော ဘယ်လိုဖြစသွားမလဲဆိုတာကို
ရင်တစ်ထိတ်ထိတ်နဲ့ စိတ်ဝင်တစား စောင့်ကြည့်ရမယ့် Anime လေး တစ်ခုဖြစ်ပါတယ်။
ထုတ်လုပ်ပေးတာကတော့ Cygames Pictures Studio ဖြစ်ပြီး Horror Manga ကိုမှ
သူငယ်ချင်းနှစ်ယောက်ကြားက ဆက်ဆံရေးကို BL romance ဆန်ဆန်လေးနဲ့
ရောစပ်ထားတာဆိုတော့ ကြည့်ရတာ အသစ်အဆန်းလေး ဖြစ်သွားတာမို့ ကျွန်တော်တို့နဲ့အတူ လိုက်ပါ စီးမြောပေးကြပါဦး။
(အညွှန်းနဲ့ ဘာသာပြန်ကတော့ ttmuswe ဖြစ်ပါတယ်)
File size… 370 MB (Appx;)@Episode
Quality… WEB DL 1080p
Format… mp4
Duration…. 24m @Episode
Genre ….. Animation, Anime, Mystery
Subtitle…. Myanmar Subtitle (Hard Sub)
Encoder…. Thit San Khant
Translated… by ttmuswe
Season 1
EP 1 – UserDrive/ Yoteshin/ Megaup/ Telegram
EP 2 – UserDrive/ Yoteshin/ Megaup/ Telegram
EP 3 – UserDrive/ Yoteshin/ Megaup/ Telegram
EP 4 – UserDrive/ Yoteshin/ Megaup/ Telegram
EP 5 – UserDrive/ Yoteshin/ Megaup/ Telegram
>>>>> Ongoing <<<<<
Related Keywords
The Summer Hikaru Died (2025) mmsub, The Summer Hikaru Died (2025) myanmar sub, The Summer Hikaru Died (2025) burmese sub, The Summer Hikaru Died (2025) မြန်မာစာတန်းထိုး