channelmyanmar သည် 4K၊ 1080P၊ 720P ကဲ့သို့သော လူကြိုက်များသည့် အရည်အသွေးများနှင့်အတူ မြန်မာစာတန်းထိုးဖြင့် ရုပ်ရှင်များကို အခမဲ့ ကြည့်ရှုရန်နှင့် ဒေါင်းလုဒ်လုပ်ရန်အတွက် ဝဘ်ဆိုဒ်တစ်ခုဖြစ်ပြီး နေ့စဉ်အမြန်ဆုံးအပ်ဒိတ်လုပ်ပေးနေပါသည်။

The Suicide Forecast (2011)

The Suicide Forecast (2011)
  • other name

    updating

  • author

    updating

  • status

    ongoing

  • genres

    updating

  • views

    0

rating: 5/5 - 1 votes.

description

The Suicide Forecast (2011)
***************************

IMDb-7

လူတွေအများကြီးနဲ့ ဇာတ်အိမ်တည်ထားပြီးတော့ ဘဝဆိုတဲ့အရာကို တန်ဖိုးထားရကောင်းမှန်းနားလည်အောင် ရိုက်ကူးတင်ပြထားတဲ့ ၂၀၁၁ ခုနှစ်ထွက်ဇာတ်ကားပဲဖြစ်ပါတယ်။ Main Cast အနေနဲ့ကတော့ Moving ထဲမှာ Frank နေရာက ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား Ryoo Seung-Bum ပဲဖြစ်ပါတယ်။

ဇာတ်လမ်းအညွှန်း
***************

ဘယ်ဗြောင်းဝူ (Ryoo Seung-Bum) ဟာ ကျွမ်းကျင်ဘေ့စ်ဘောကစားသမားအဖြစ်မှ အနားယူထားရပြီးတော့ အခုချိန် ဂျယ်အီအသက်အာမခံကုမ္ပဏီမှာ ထိပ်တန်း salesman အဖြစ် အလုပ်လုပ်ကိုင်နေသူတစ်ဦးပါ။သူဟာ ကိုရီးယားရဲ့ Top 1% ပဲ ရှိတဲ့လူချမ်းသာတွေရဲ့ ငွေကြေးကိုပါ စီမံပေးရလောက်တဲ့ထိ ထူးချွန်တဲ့သူဖြစ်ပေမဲ့လည်း အောင်မြင်ဖို့ ချမ်းသာဖို့အရေးကိုသာ ကြည့်ပြီးနေလာခဲ့တာကြောင့် အရင်ကနဲ့မတူတော့ဘဲ ဘုဂလန့် လူ့ဂွစာတစ်ယောက်ဖြစ်လာခဲ့တာပေါ့။

တစ်ရက်…ဘယ်ဗြောင်းဝူရဲ့ဧည့်သည်တွေထဲကတစ်ယောက်ဟာ အသက်အာမခံအဖွဲ့ဝင်ပြီးနောက် ရည်ရွယ်ချက်ရှိရှိနဲ့ အာမခံငွေအတွက် သတ်သေသွားခဲ့ပါတယ်။ဒါ့အပြင် ကျန်ရစ်သူမိသားစုကပါ
ဘယ်ဗြောင်းဝူကို သတ်သေဖို့အတွက် လှုံ့ဆော်အားပေးမှုနဲ့ တရားစွဲလိုက်တဲ့အခါ အာမခံကုမ္ပဏီဘက်က ဘယ်ဗြောင်းဝူရဲ့ အရင် မှတ်တမ်းတွေကိုပါ ပြန်လည် စာရင်းစစ်ဝင်ပါတော့တယ်။
ဧည့်သည်တွေထဲမှာ နောက်ထပ် သတ်သေသူတစ်ယောက်သာတိုးလာရင် ဘတ်ဗြောင်းဝူရဲ့ အသက်မွေးဝမ်းကျောင်း ပျက်သုဉ်းသွားတော့မဲ့ အခြေအနေမှာ ဘယ်ဗြောင်းဝူဟာ သူ့ရဲ့အရင်ဧည့်သည်တွေထဲက သတ်သေနိုင်ခြေရှိတဲ့လူတွေ ရည်ရွယ်ချက်ရှိရှိ အသက်အာမခံအဖွဲ့ဝင်ခဲ့တဲ့လူတွေကို ပြန်လည် အမှတ်ရသွားပါတော့တယ်။

တစ်ဘို့တည်းသာ တွေးပြီး လူတကာကို သနားကြင်နာမှုမရှိတဲ့ လူ့ဂွစာ ဘယ်ဗြောင်းဝူတစ်ယောက် အဲဒီဧည့်သည်တွေနဲ့ တွေ့ဆုံပြီး အသက်အာမခံကနေ ပင်စင်အာမခံကို ပြောင်းဖို့တိုက်တွန်းရန် ကြံပါတော့တယ်။မိသားစုဝင်တွေအားလုံး နိုင်ငံခြားမှာ ရောက်ရှိနေပြီး အကြွေးတစ်ပုံတစ်ပင် ရှိနေတဲ့သူ…
အကြောလိုက်ရောဂါရှိနေတဲ့ အိမ်ခြေရာမဲ့တစ်ယောက်…အမှိုက်သိမ်းတဲ့အလုပ်ကို လုပ်ကာ သားသမီးလေးယောက်ကို ရှာဖွေကျွေးမွေးနေရတဲ့အမေ…အကြွေးရှင်တွေကိုရှောင်ရင်း ဘားမှာသီချင်းဆိုကာ မောင်လေးရဲ့ဝမ်းစာကို ဖြေရှင်းနေတဲ့အစ်မဖြစ်သူ…သူတို့ရဲ့ခက်ခဲကြမ်းတမ်းလှတဲ့ ဘဝတွေထဲကို ဘယ်ဗြောင်းဝူဆိုတဲ့လူတစ်ယောက် ပါဝင်ပက်သက်မိသွားတဲ့နောက်မှာ သူတို့အားလုံးရဲ့ဘဝဟာ ဘယ်လိုဆက်ဖြစ်သွားမလဲ…လူ့ဂွစာတစ်ယောက်ရဲ့ ရင်ထဲမှာ ကိန်းအောင်းနေတဲ့ သနားကြင်နာမှုနဲ့ သူတစ်ပါးကို ဖေးမကူညီမှုတို့ကရော ဘယ်လိုနည်းဟန်တွေနဲ့ ထွက်ပေါ်လာမလဲ…။

အသက်ရှင်နေရတဲ့ဘဝရဲ့ တဒင်္ဂအခိုက်အတန့်လေးတောင်မှ ဘယ်လောက်တောင် တန်ဖိုးရှိသလဲဆိုတာကို ထိထိမိမိ ရိုက်ကူးတင်ပြထားတဲ့ဇာတ်ကားကောင်းလေးဖြစ်ကြောင့် ကြည့်ရှုကြည့်ကြပါဦးနော်။

 

(ဇာတ်လမ်းအညွှန်းကိုတော့ Yati Naingက ရေးသားထားပါတယ်)

 

File Size – 1.83 GB/ 766 MB

Quality – WEB-DL 1080p/ 720p

Duration – 2h 2m

Format – mp4

Genre – Comedy, Drama

Subtitle – Myanmar Subtitle (Hard Sub)

Translated by – Yati Naing

Encoded by – Treasure Htet

  • Download Links Server Size Quality

Related Keywords

The Suicide Forecast (2011) mmsub, The Suicide Forecast (2011) myanmar sub, The Suicide Forecast (2011) burmese sub, The Suicide Forecast (2011) မြန်မာစာတန်းထိုး