description
The Royal Tailor (2014)
************************
ဒီတစ်ခေါက်မှာတော့ Dr. Romantic 3 ထဲက မင်းသားကြီး Han Suk-kyu နဲ့
Missing: The other side ထဲမှာ မင်းသား Ko Soo, When the phone rings ထဲမှ
မင်းသားYoo Yeon-Seok နဲ့ နာမည်ကျော်မင်းသမီး Park Shin-hye တို့အပြင်
မင်းသား Ma Dong-seok တို့ တို့ ပါဝင်ထားကြတဲ့ ၂၀၁၄ ခုနှစ်ထွက် နန်းတွင်းဇာတ်ကားလေး
တစ်ပုဒ်နဲ့မိတ်ဆက်ပေးလိုက်ပါတယ်။
ဇာတ်လမ်းအညွှန်း
************
Dol-Seok(Han Suk-kyu)က ဘုရင်မင်းဆက် ၃ ဆက်တိုင်အောင် တော်ဝင်မိသားစုတွေရဲ့
အဝတ်အစားတွေကို ချုပ်လုပ်ပေးနေတဲ့ ဂျိုဆွန်းပြည်ရဲ့အတော်ဆုံး အပ်ချုပ်သမားခေါင်းဆောင်ပါ ..
သူဟာ အဝတ်အစားတွေကို ချုပ်လုပ်တဲ့နေရာမှာ စည်းမျဉ်းစည်းကမ်းတွေကို တသွေမတိမ်း
လိုက်နာတတ်တဲ့လူစားမျိုးဖြစ်ပါတယ် .. ။
တစ်ဖက်မှာ Kong-Jin(Ko Soo)ဆိုသူက တီထွင်ဆန်းသစ်အမြင်ရှိလှပြီး ခေတ်မီဆန်းသစ်တဲ့
အဝတ်အစားတွေကို ချုပ်လုပ်နိုင်တဲ့ နန်းတော်အပြင်ဘက်က ရွက်ပုန်းသီး အပ်ချုပ်သမားလေးပေါ့ ..
တစ်ရက် အမတ်ကြီး Pan-Soo(Ma Dong-seok) ရဲ့ ထောက်ခံမှုကြောင့် အရည်အချင်းရှိတဲ့
Kong-Jin ဟာ နန်းတော်ထဲကို ဝင်ရောက်ပြီး ဘုရင်မင်းမြတ်တို့ရဲ့ အဝတ်အစားတွေကို ချုပ်လုပ်ပေးဖို့
ဖြစ်လာပါတော့တယ်။
အဲဒီလိုကနေ ဘုရင်မင်းမြတ်(Yoo Yeon-Seok) နဲ့ မိဖုရားခေါင်ကြီး(Park Shin-hye)တို့ကပါ
Dol-Seok နဲ့ Kong-Jin တို့ ချုပ်လုပ်လိုက်တဲ့ ဝတ်စုံတွေကြောင့် တိုင်းပြည်ရေးရာအရှုပ်အထွေးတွေကြားမှာ
ပါဝင်ဖို့ဖြစ်လာတဲ့အခါ ဘာတွေဆက်ဖြစ်သွားမလဲ…
Kong-Jin တစ်ယောက် ရာထူးကြီးမြတ်သူတွေရဲ့ လောဘတွေ၊မနာလိုမှုတွေ၊အငြှိုးတေးထားမှုတွေ၊
အငုံစိတ်တွေကို ဘယ်လိုကြုံတွေ့ရပြီး သူ့အတွက် ဘယ်လိုဇာတ်သိမ်းမျိုးက စောင့်မျှော်နေလဲဆိုတာကို
ကြည့်ရှုသွားရမဲ့ဇာတ်လမ်းလေးဖြစ်တာကြောင့် ခံစားကြည့်လိုက်ပါဦးနော် .. ။
(အညွှန်းကို Yati Naing မှ ရေးသားထားပါတယ်)
File size…1.85GB / 898MB
Quality… WEB-DL 1080p/ 720p
Format…mp4
Duration…. 2 hr. 7 min.
Genre ….. Historical, Drama
Subtitle….Myanmar Subtitle (Hard Sub)
Translated by Yati Naing
Encoded by AHtet
Related Keywords
The Royal Tailor (2014) mmsub, The Royal Tailor (2014) myanmar sub, The Royal Tailor (2014) burmese sub, The Royal Tailor (2014) မြန်မာစာတန်းထိုး