description
“သူရိန်နေမင်း၏ အချစ်သီကျူးသံ” (၂၀၁၄)
************************************
ဇာတ်လမ်းအကျဉ်း
*****************
အိုနိဇုခ တခဲရှ်ိ အဖြစ် Mario
အိုနိဇုခ ရူ အဖြစ် Nadech
ဖလယ်ဒေါဝ်/ ဆဲကို အဖြစ် Taew
တကဟချိ မာယုမိ အဖြစ် Yaya
ဒီကားမှာဆိုရင် အားလုံးသိပြီးသားဖြစ်တဲ့ Mario နဲ့ Taew က အဓိကဇာတ်ဆောင်နေရာမှာ ပါ၀င်သရုပ်ဆောင်ထားတာဖြစ်ပြီး Nadech နဲ့ Yaya ကတော့ ဇာတ်ပို့အနေနဲ့ပါ၀င်သရုပ်ဆောင်ထားပါတယ်။
ဖလယ်ဒေါဝ်ဆိုတဲ့ ကောင်မလေးက ထိုင်းနိုင်ငံကနေ ပညာသင်ဆုကိုရရှိခဲ့ပြီး ဂျပန်နိုင်ငံမှာ ပညာသင်ကြားဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ဂျပန်ရောက်တော့ သူမဟာ ဆဲကို ဆိုတဲ့အမည်ခံပြီး သစ်သီးဆိုင်မှာ အလုပ်လုပ်ရင်းကျောင်းတက်နေခဲ့ရသူပါ။
တစ်ဖက်မှာလည်း အိုနိဇုခ နဲ့ မိဇ၀ဆိုတဲ့ ဆာမူရိုင်းဂိုဏ်းနှစ်ဂိုဏ်းဟာ အတူပူးပေါင်းပြီး နိုင်ငံတော်ကိုအသက်ပေးကာကွယ်ပေးနေတဲ့ အင်အားကြီးဂိုဏ်းတွေပဲဖြစ်ပါတယ်။ အိုနိဇုခဂိုဏ်းရဲ့ ဒုတိယမြောက်သားဖြစ်တဲ့ အိုနိဇုခ တခဲရှိကတော့ ဆဲကို ပညာသင်ဆုရပြီး တက်ခွင့်ရခဲ့တဲ့ ကျောင်းမှာပဲ ပညာသင်ယူနေခဲ့ပါတယ်။
တစ်နေ့မှာတော့ တခဲရှိနဲ့ ဆဲကိုဟာ မထင်မှတ်ဘဲတွေ့ဆုံခဲ့ပြီး တခဲရှိတစ်ယောက် ဆဲကိုကို မြင်မြင်ချင်းအချစ်မျိုးနဲ့ သဘောကျနှစ်သက်ခဲ့ပါတယ်။ တခဲရှိအနေနဲ့ သူဟာ နိုင်ငံတော်ကိုအသက်ပေးကာကွယ်ရတဲ့ ဆာမူရိုင်း ဂိုဏ်းမျိုးနွယ်ဖြစ်တဲ့အတွက် သူ့ရဲ့စိတ်ရင်းအမှန်ကို မထုတ်ဖော်ခဲ့ဘဲ ဆဲကိုကို အဝေးကနေသာ အရိပ်တကြည့်ကြည့်ဖြစ်ခဲ့ရပါတယ်။
ဆဲကိုဟာ သူမကျောင်းပြီးတာနဲ့ ထိုင်းနိုင်ငံပြန်ပြီး မိသားစုလေးနဲ့ သာမန်စပျစ်ခြံလုပ်ငန်းစီးပွားရေးကိုသာ လုပ်ကိုင်လိုသူပါ။ သူမဟာ တခဲရှိကိုချစ်မိသွားပေမယ့် ဆာမူရိုင်းဂိုဏ်းမျိုးနွယ်စုကြား ရှင်သန်နေထိုင်ဖို့ မလိုလားခဲ့ပါဘူး။ ရှေ့ဆက်မတိုးရဲတဲ့ တခဲရှိတစ်ယောက်ကို သူ့ရဲ့၀မ်းကွဲညီအစ်ကိုဖြစ်သူ အိုနိဇုခရူက တခဲရှိနဲ့ ဆဲကိုအချစ်ဇာတ်လမ်းလေးဖြစ်ပေါ်လာအောင် ကြားကနေကူညီပေးခဲ့သူပါ။
တစ်ဖက်မှာလည်း တခဲရှိဟာ မိဇ၀ဂိုဏ်းရဲ့ သမီးတော်ဖြစ်တဲ့ မိဇ၀ အိုင်ကိုနဲ့ စေ့စပ်ပြီးသားဖြစ်နေခဲ့ပါတယ်။တခဲရှိနဲ့ ဆဲကိုတို့ အချစ်ဇာတ်လမ်းကို စေ့စပ်ထားတဲ့သတို့သမီးလောင်း အိုင်ကိုသိသွားတော့ နိုင်ငံတော်ကိုပူးပေါင်းကာကွယ်ခဲ့တဲ့ အိုနိဇုခဂိုဏ်းနဲ့ မိဇ၀ဂိုဏ်းရဲ့ ချစ်ကြည်ရေးဟာ ပျက်ဆီးသွားပြီး ကမ္ဘာ့ရန်ငြှိုးတွေဖြစ်သွားခဲ့ရပါတယ်။
ဆာမူရိုင်းဂိုဏ်းနှစ်ဂိုဏ်းရဲ့ ရန်ငြှိုးတွေကြောင့် နိုင်ငံရေးမှာဘာတွေကြုံတွေ့လာရမလဲ…….
တခဲရှိ နဲ့ ဆဲကိုတို့နှစ်ယောက်ရဲ့အချစ်ရေးကရော ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ရမလဲ…………..
ဆဲကိုလိုလားတဲ့ သာယာငြိမ်းချမ်းတဲ့ မိသားစုဘ၀ကိုရော တခဲရှိတစ်ယောက် ဖြည့်ဆည်းပေးနိုင်ပါ့မလားဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုလိုက်ကြရအောင်နော်………
ဒီကားလေးမှာ အားလုံးရဲ့အချစ်တော် နာမည်ကြီးမင်းသားမင်းသမီးတွေပါဝင်တဲ့အပြင် ဇာတ်လမ်းလေးကလည်း ပရိတ်သတ်တွေအကြိုက်တွေ့စေမှာဖြစ်လို့ ကြည့်ရှုခံစားကြပါဦးရှင်…………..
File size…(2.06 GB)/(845 Mb)
Quality….Webrip 1080p / 720p
Format… mp4
Duration…. 01:49:16
Genre… Action , Drama , Romance ,Melodrama
Subtitle….Myanmar Subtitle (Hardsub)
Encoder….Elena
Translated by CM Team
Season 1
1080p – CMapp
720p
Episode 01 720p – Telegram/Yoteshin/gdtot
Episode 02 720p – Telegram/Yoteshin/gdtot
Episode 03 720p – Telegram/Yoteshin/gdtot
Episode 04 720p – Telegram/Yoteshin/gdtot
Episode 05 720p – Telegram/Yoteshin/gdtot
Episode 06 720p – Telegram/Yoteshin/gdtot
Episode 07 720p – Telegram/Yoteshin/gdtot
Episode 08 720p – Telegram/Yoteshin/gdtot
Episode 09 720p – Telegram/Yoteshin/gdtot
Episode 10 720p – Telegram/Yoteshin/gdtot
Episode 11 720p – Telegram/Yoteshin/gdtot
************************************The End****************************************
Related Keywords
The Rising Sun (aka) Roy Ruk Hak Liam Tawan (2014) Season 1 mmsub, The Rising Sun (aka) Roy Ruk Hak Liam Tawan (2014) Season 1 myanmar sub, The Rising Sun (aka) Roy Ruk Hak Liam Tawan (2014) Season 1 burmese sub, The Rising Sun (aka) Roy Ruk Hak Liam Tawan (2014) Season 1 မြန်မာစာတန်းထိုး