channelmyanmar သည် 4K၊ 1080P၊ 720P ကဲ့သို့သော လူကြိုက်များသည့် အရည်အသွေးများနှင့်အတူ မြန်မာစာတန်းထိုးဖြင့် ရုပ်ရှင်များကို အခမဲ့ ကြည့်ရှုရန်နှင့် ဒေါင်းလုဒ်လုပ်ရန်အတွက် ဝဘ်ဆိုဒ်တစ်ခုဖြစ်ပြီး နေ့စဉ်အမြန်ဆုံးအပ်ဒိတ်လုပ်ပေးနေပါသည်။

The Promise (2017)

The Promise (2017)
  • other name

    updating

  • author

    updating

  • status

    ongoing

  • genres

    updating

  • views

    0

rating: 5/5 - 1 votes.

description

 

ထိုင်းနိုင်ငံရဲ့ စီးပွားပျက်ကပ်နဲ့ ဆက်နွှယ်ပြီး ဇာတ်အိမ်ဖွဲ့ထားတာဖြစ်ပြီးတော့ အတူတူသ-တ်‌ေ-သဖို့ ကြံရွယ်ထားတဲ့အစ်ဘ်နဲ့ဘုမ်တို့ သူငယ်ချင်းမနှစ်ယောက် အကြောင်းအရာကို ရင်တဖိုဖိုကြည့်ရမှာပါ။

၁၉၉၇ ကာလက ထိုင်းနိုင်ငံမှာ စီးပွားရေးပျက်ကပ်ဖြစ်ခဲ့တာကြောင့် စီးပွားရေးလုပ်ငန်းတိုင်းကို ရိုက်ခတ်ခဲ့ပြီး အစ်ဘ်နဲ့ဘုမ်တို့ သူငယ်ချင်းနှစ်ယောက်ရဲ့ မိသားစုတွေဟာလည်း စီးပွားတွေကျပြီး အခက်အခဲတွေ ရင်ဆိုင်ခဲ့ရပါတယ်။

အစ်ဘ်နဲ့ဘုမ်တို့ရဲ့ မိဘတွေဟာ အထပ်မြင့်အဆောက်အအုံ ကြီးတည်ဆောက်ရေးမှာ ရင်းနှီးမြှုပ်နှံထားကြတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်ပြီး စီးပွားပျက်ကပ်လည်းဖြစ်ရော ရှိသမျှငွေအကုန်ကုန်ပြီးတော့ ဘဝအခြေအနေတွေ ပြောင်းပြန်အနေအထားနဲ့ ကြုံခဲ့ရပါတယ်။

အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ အစ်ဘ်နဲ့ဘုမ်တို့ ဟာလည်း ရုတ်ခြည်းပြောင်းလဲ သွားတဲ့ ဘဝအခြေအနေတွေ ကြောင့် စိတ်ဓာတ်ကျပြီး သူတို့ မိဘတွေရဲ့ ဆောက်လက်စ အဆောက်အအုံထဲမှာ နှစ်ယောက်အတူသတ်သေဖို့ ကတိပြုခဲ့ကြပါ တယ်။

တကယ်တမ်းမှာတော့ အရင်သတ်သေလိုက်တဲ့ အစ်ဘ်ကိုမြင်ပြီး ဘုမ်ဟာ ကြောက်လန့် တကြား ထွက်ပြေးသွားခဲ့ပါတယ်။ ဒီလိုနဲ့နှစ် ၂၀ လောက်ကြာအပြီး မှာတော့ ဘုမ်ဟာ စီးပွားရေးလုပ် ငန်းရှင်တစ်ယောက်ဖြစ်လာခဲ့ပြီး ဘဲလ်ဆိုတဲ့ သမီးလေးတစ် ယောက်ရှိနေပါပြီ။

တစ်ရက်မှာတော့ မိဘတွေလက်ထက်က လုပ်ငန်းရပ်နားခဲ့ရတဲ့ အဆောက်အအုံကြီးကို ပြန်ဆောက်ဖို့အတွက် ဘုမ်ဟာ အ ဆောက်အအုံကြီးဆီကိုသွားရင်းထူးဆန်းတာတွေကြုံရပါတော့တယ်။ သားအမိနှစ်ယောက် အဲဒီက ပြန်လာအပြီးမှာတော့ ဘဲလ် တစ်ယောက် ထူးဆန်းတဲ့အပြု အမူတွေလုပ်လာသလို အခြောက်အလှန့်တွေနဲ့လည်း ကြုံရပါတော့တယ်။

တကယ်တော့ အဲဒီအ ဆောက်အအုံကြီးမှာ အစ်ဘ် ရဲ့ ဝိညာဉ်ကရှိနေဆဲဖြစ်ပြီး ကတိထားခဲ့ပေမယ့် မတည်နိုင်သေးတဲ့ ဘုမ်ကိုစောင့်နေတာ ပါ။

အစ်ဘ်က ဘယ်လိုအ ခြောက်အလှန့်တွေ လုပ်မှာလဲ၊ နှစ် ၂၀ ကြာသည်အထိ မကျွတ် မလွတ်ဘဲ စောင့်နေတဲ့ အချစ်ဆုံး သူငယ်ချင်း အစ်ဘ်ကို ဘုမ်တစ် ယောက်ကတိတည်ပေးနိုင်မှာ လားဆိုတာတော့… ။

(ဇာတ်လမ်းအညွှန်းကိုတော့ 7daydaily Website မှကူးယူဖော်ပြပါသည်)

 

File size…(1.1 GB)/(620 Mb)
Quality….Blu-Ray  1080p / 720p
Format… mp4
Duration…. 01:54:00
Genre… Drama, Horror, Thriller
Subtitle….Myanmar Subtitle (Hardsub)
Encoder….Garfield
Translated by Ei San & Yamin

  • Download Links Server Size Quality

Related Keywords

The Promise (2017) mmsub, The Promise (2017) myanmar sub, The Promise (2017) burmese sub, The Promise (2017) မြန်မာစာတန်းထိုး