channelmyanmar သည် 4K၊ 1080P၊ 720P ကဲ့သို့သော လူကြိုက်များသည့် အရည်အသွေးများနှင့်အတူ မြန်မာစာတန်းထိုးဖြင့် ရုပ်ရှင်များကို အခမဲ့ ကြည့်ရှုရန်နှင့် ဒေါင်းလုဒ်လုပ်ရန်အတွက် ဝဘ်ဆိုဒ်တစ်ခုဖြစ်ပြီး နေ့စဉ်အမြန်ဆုံးအပ်ဒိတ်လုပ်ပေးနေပါသည်။

The Priests (2015)

The Priests (2015)
  • other name

    updating

  • author

    updating

  • status

    ongoing

  • genres

    updating

  • views

    0

rating: 5/5 - 1 votes.

description

The Priests (2015)

*******************

IMDb… 6.8

 

ရုပ်ရှင်ချစ်သူများနဲ့မစိမ်းတဲ့ ဝါရင့်မင်းသားကြီး Kim Yun-Seok၊ မင်းသားချော Gang Dong-Won နဲ့

Parasite ဇာတ်ကားမှ မင်းသမီး Park So-Dam တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့

အပနှင်ဇာတ်ကားဟောင်းလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

ဒီနှစ်အစပိုင်းမှာ ထွက်ရှိခဲ့တဲ့ မင်းသမီး Song Hye-Kyo ရဲ့ Dark Nuns ဇာတ်ကားကလည်း ဒီကားရဲ့

အဆက်ဖြစ်တာမို့လို့ ဒီကားလေးကြည့်ပြီးတာနဲ့ Dark Nuns ပါ ပြန်ကြည့်မယ်ဆိုရင်တော့ အသင့်လျော်ဆုံးပဲပေါ့ရှင်။

– ဇာတ်လမ်းအကျဉ်း –

အထက်တန်းကျောင်းသူလေး ယောင်းရှင်း (Park So-Dam) ဟာ ညဘက်ကြီး  ကားတိုက်ခံခဲ့ရပြီးနောက်

မကြာခင်မှာပဲ ထူးခြားဆန်းပြားတဲ့ လက္ခဏာတွေ  ခံစားလာရပါတယ်။

ဖာသာဂင် (Kim Yun Seok) ဆိုသူက ယောင်းရှင်းရဲ့အသိဖြစ်ပြီး ဆေးရုံကို လာတွေ့ပြီးနောက်မှာ

ယောင်းရှင်းကိုယ်ထဲ နတ်ဆိုးစွဲကပ်နေကြောင်း သိရှိသွားပြီး  အားလုံးရဲ့ ကန့်ကွက်မှုတွေ သံသယတွေကြားက

ယောင်းရှင်းကို အပနှင်ပေးဖို့ အစီအစဉ်ချပါတော့တယ်။ ဒီအတွက် အရည်အချင်းအားလုံးနဲ့ ကိုက်ညီတဲ့

လက်ထောက်ဖာသာတစ်ဦးကို လိုအပ်နေခဲ့ပြီး ကျမ်းစာသင်ကျောင်းသားဖြစ်သူ

သင်းထောက် ချွဲဂျွန်ဟို (Gang Dong-Won) က ရွေးချယ်ခံလိုက်ရတော့တာပေါ့။

ဒီလိုနဲ့ ယောင်းရှင်းကို ကယ်တင်ပေးနိုင်မဲ့ တစ်ခုတည်းသော အခွင့်အရေးဖြစ်တဲ့ တစ္ဆေကြီးပွဲတော်နေ့မှာ

ဖာသာဂင်နဲ့ သင်းထောက်ချွဲတို့ အသက်ရင်းပြီး အန္တရာယ်များတဲ့ အပနှင်ပွဲကို ပြုလုပ်ကြတဲ့အခါမှာတော့…

အန္တရာယ် အခက်အခဲများစွာကြားထဲကနေ ဖာသာဂင်နဲ့ သင်းထောက်ချွဲတို့က ကျောင်းသူလေး ယောင်းရှင်းကို

ဘယ်လိုမျိုး ကြိုးစားကယ်တင်ပေးသွားမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး။

 

(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Hnin Wai Oo ပဲ ဖြစ်ပါတယ်။)

 

File Size : 1.75GB/ 660MB
Quality : BluRay 1080p 5.1CH/ 720p
Format…mp4
Duration…1hr48m
Genre : Thriller, Horror, Supernatural
Subtitle : Myanmar Subtitle (Hard Sub)
Translated by Hnin Wai Oo
Encoded by Tiff

  • Download Links Server Size Quality

Related Keywords

The Priests (2015) mmsub, The Priests (2015) myanmar sub, The Priests (2015) burmese sub, The Priests (2015) မြန်မာစာတန်းထိုး