channelmyanmar သည် 4K၊ 1080P၊ 720P ကဲ့သို့သော လူကြိုက်များသည့် အရည်အသွေးများနှင့်အတူ မြန်မာစာတန်းထိုးဖြင့် ရုပ်ရှင်များကို အခမဲ့ ကြည့်ရှုရန်နှင့် ဒေါင်းလုဒ်လုပ်ရန်အတွက် ဝဘ်ဆိုဒ်တစ်ခုဖြစ်ပြီး နေ့စဉ်အမြန်ဆုံးအပ်ဒိတ်လုပ်ပေးနေပါသည်။

The Office (2005-2013)

The Office (2005-2013)
  • other name

    updating

  • author

    updating

  • status

    ongoing

  • genres

    updating

  • views

    0

rating: 5/5 - 1 votes.

description

The Office (TV Series 2005–2013)

IMDb Rating (9/10) / Rotten Tomatoes (81%)

Sit-Com တွေအ‌ကြောင်းပြောမယ်ဆိုရင် မသိသူမရှိတဲ့ Friends, HIMYM, Big bang theory တို့အပြင်
ချန်လှပ်ထားခဲ့လို့မရတာကတော့ အစဉ်အလာကြီးမားတဲ့ The Office Series တွေပါပဲ။
မူရင်း British series နဲ့ အခုတင်ဆက်ပေးမယ့် အမေရိကန် Series အပြင် နိုင်ငံအမျိုးမျိုးကကိုယ်စီပြန်အသက်သွင်းခဲ့ကြတာတွေ
မနည်းမနောရှိတဲ့အတွက် သူ့ပရိသတ်တွေကလည်း မနည်းလှဘူးလို့ဆိုရမှာပါ။
ကော်ပိုရိတ်ကြီးတစ်ခုရဲ့ ဌာနခွဲရုံးတစ်ရုံး သူတို့ရဲ့မန်နေဂျာနဲ့တစ်ခြားသော ဝန်ထမ်းတစ်သိုက်ရဲ့နေ့စဉ်ရုံးတွင်းအတွေ့အကြုံလေးတွေအကြောင်း
ဟာသနှောရိုက်ထားတဲ့ ဇာတ်လမ်းတွဲဟာ ဘာကြောင့်ဒီလောက်အထိအောင်မြင်သွားခဲ့လဲဆိုတာကတော့
ဇာတ်ကောင်တွေအပေါ် ပရိသတ်တွေရဲ့ဆက်စပ်ခံစားနိုင်မှုကြောင့်လို့ပြောနိုင်ပါတယ်။

Sit-Com series တွေကို ကြည့်လိုက်တိုင်းမှာ ရလာတဲ့ခံစားချက်လေးတစ်ခုကတော့ တချို့ဇာတ်ကောင်တွေအဖြစ်အပျက်တွေဟာ
ကိုယ်တိုင်ပဲကြုံဖူးတာလိုလို တစ်ခါတစ်လေ ကိုယ်ကိုယ်တိုင်နဲ့တူနေတတ်တာမျိုးပေါ့…
Friends ထဲက ဆရာလုပ်တတ်ပြီး စနစ်ကျစတိုင်ကျတဲ့ Ross လို ဘော်ဒါမျိုး…
How I met your mother ထဲက အလုပ်ကြိုးစားပြီး ကောင်မလေးကိုအရမ်းချစ်ပြတတ်တဲ့ Marshall လို ငတိမျိုး…
Big bang theory ထဲက အလှပြင်ရင်းဘဲထားရင်နဲ့ ဘဝကိုပျော်ပျော်ဖြတ်သန်းနေတဲ့ Penny လို ကောင်မလေးမျိုး….
Young Sheldon ထဲက ဘီယာကိုဖာလိုက်သောက်တတ်တဲ့ရှယ်ဒန်ရဲ့အဖေ George Cooper လိုလူမျိုးက ကိုယ့်အဖေနဲ့တောင်ဆင်သလိုလို ခံစားရမိစေပါတယ်

အဓိကပြောချင်တာက Sit-com တွေဆိုတာ ကိုယ့်ဘဝနဲ့အနီးစပ်ဆုံးတူညီပြီး သူတို့ရဲ့ဇာတ်လမ်းတည်ဆောက်ပုံအရ စီးရီးတစ်ခုကိုကြည့်မိပြီးရင်
ကိုယ်ပါအဲ့ဇာတ်ကောင်တွေနဲ့နေ့စဉ်ဖြတ်သန်းရင်း ဒီအပိုင်းတစ်ခုစာ မကြာလှတဲ့ မိနစ်နှစ်ဆယ်လေးဟာ
တစ်နေ့တာကြုံရသမျှဘဝအမောတွေကို ရှောင်ပြေးပြီး ကိုယ့်ဘော်ဒါတွေနဲ့သွား hang out လုပ်နေရသလိုပါပဲ…
စစချင်းအကျင့်မဖြစ်သေးရင် ပျင်းသလိုဖြစ်ပေမယ့် ကိုယ်နဲ့ဇာတ်ကောင်တွေက ဘော်ဒါတွေလို ရင်းနှီးကျွမ်းဝင်သွားတဲ့အခါမှာတော့
ဇာတ်သိမ်းသွားရင်တောင် စော်ပစ်ခံရသလို တစ်ပတ်လောက် ဘာလုပ်ရမှန်းမသိဖြစ်နေပြီး တိုင်ပတ်နေတာပါ…
အခု‌မိတ်ဆက်ချင်တဲ့ The Office US Version ကလဲ အဲ့လို အပန်းဖြေအဖော်ပြုလို့ကောင်းတဲ့ စီးရီးတစ်ခုဆိုတာ ငြင်းစရာမရှိပါဘူး…

The Office စီးရီးကိုတော့ memes တွေက တဆင့်ဖြစ်ဖြစ်၊ short clips လေးတွေက တဆင့်ဖြစ်ဖြစ်
လူတိုင်းနီးပါး မြင်ဖူး၊ ကြားဖူးပြီးသား ဖြစ်ပါလိမ့်မယ်။ အထူးသဖြင့် အမေရိကန် ဗားရှင်းပေါ့။

ဒီစီးရီးကို 2005 ခုနှစ်မှာ စတင် ထုတ်လွှင့်ပြသခဲ့တယ်။ အဲဒီအချိန်ကစပြီး ခပ်မြန်မြန်ပဲ ကမ္ဘာကျော်သွားတယ်။
meme လောကမှာလည်း The Office series ထဲက template တွေကို ရေလည်သုံးခဲ့ကြတယ်။

ဒီစီးရီးမှာ အဓိက အကြောင်းအရာကတော့ ဒန်ဒါမစ်ဖလင်ရုံးက ဝန်ထမ်းတွေရဲ့ တစ်နေ့တာ ဖြတ်သန်းပုံတွေပဲ။
ပျင်းစရာကောင်းတဲ့ ရုံးခန်းတစ်ခုကနေ ဘယ်လို ပျော်စရာတွေ မွေးထုတ်နိုင်သလဲဆိုတာကို ဒီစီးရီးမှာ မြင်ရလိမ့်မယ်။
ရုံးဆိုရင် ဖိုင်တွေကြားထဲမှာ ထိုင်ပြီး ပျင်းစရာကောင်းတဲ့ တစ်နေ့တာကို ဖြတ်သန်းရတဲ့ နေရာတစ်ခုအဖြစ် လူတိုင်း မြင်တတ်ကြတယ်။
ဒီရှိုးကတော့ ရုံး ဆိုတဲ့ နေရာကို အိမ်အဖြစ် အဓိပ္ပာယ် ပြန်ဖွင့်ပေးလိုက်သလိုပါပဲ။

ကာရိုက်တာတိုင်းမှာ ထင်ရှားတဲ့ စရိုက်မျိုးရှိတယ်။ သူတို့ကြားထဲမှာ တစ်ယောက်နဲ့ တစ်ယောက်မတူတဲ့ ဆက်ဆံရေးမျိုးရှိတယ်။
ဂျင်မ်နဲ့ ပမ်ကြားက တမြေ့မြေ့လောင်နေတဲ့ ချစ်ခြင်း‌မျိုးကို တွေ့လိမ့်မယ်။ သူတို့နှစ်ယောက်ပဲ သိတဲ့ inside jokes လေးတွေကိုလည်း မြင်ရမယ်။
သာမန်ဘဝမှာ မြင်နေကျ ခိုးကြည့်ရင်း ရင်ခုန်ရတဲ့ သဘာဝကျတဲ့ ချစ်ခြင်းမျိုးကို သူတို့ကြားမှာမြင်ရတယ်။
အချစ်ဆိုတာ ကိန်းကြီးခန်းကြီးနေရာတွေမှာမှ ရှာတွေ့တဲ့ အရာမျိုးမဟုတ်ဘူး။ အချစ်ဆိုတာ ဝုန်းခနဲထတောက်တဲ့ မီးမျိုးမဟုတ်ဘူး။
အချစ်ဆိုတာ နေ့စဉ်ဘဝရဲ့ ချောင်ချို ချောင်ကြားလေးတွေမှာလည်း ပုန်းလျှိုးနေတတ်တဲ့ အကြောင်းကိုလည်း ဒီစီးရီးမှာမြင်ရလိမ့်မယ်။
ကျနော်တို့ နေ့စဉ် လူနေမှုဘဝမှာ မြင်နေကျ အဖြစ်အပျက်တွေကိုပဲ ပျော်စရာ၊ ဝမ်းနည်းစရာ၊ ဂရုဏာသက်စရာတွေ ဖြည့်ရင်း လှလှပပ သရော်ထားတဲ့ လက်ရာတစ်ခုပဲ။

ဒီစီးရီးမှာ အဓိက ‌မီးမွှေးတာကတော့ ဂျာကြီး မိုက်ကယ်စကော့တ်ပါ။ သူက သဘောကောင်းသလောက် ဗရုတ်ကျတဲ့ ဂျာကြီးမျိုး။
သူ့ဝန်ထမ်းတွေ ချစ်တာကိုလည်း မတရားလိုချင်တဲ့လူ။ တစ်ခါတလေတော့လည်း စေတနာအမှားလေးတွေ ဖြစ်တာပေါ့။
ဒီအမှားတွေက‌ပဲ ရယ်စရာတွေကို ဆင့်ကဲမွေးထုတ်ပေးတယ်။ ထိခိုက်မှုမရှိတဲ့ အမှားမျိုးဟာ ဟာသပါပဲ။
မိုက်ကယ်နဲ့ သူ့ရဲ့လက်ထောက် ဒွိုက်ကြားက ဆက်ဆံရေးကလည်း အူကြောင်ကြောင်နိုင်လွန်းသလို ထူးလည်းထူးခြားတယ်။
အပေါ်ယံကြည့်ရင်တော့ သူတို့ဆက်ဆံရေးက အထက်အောက် အာဏာလုသလိုလို ခံစားရပေမဲ့
သေချာကြည့်ရင် သူတို့ရဲ့ဆက်ဆံရေးက ညီအစ်ကိုရင်းထက် မလျော့တာကို မြင်ရလိမ့်မယ်။

တခြားဇာတ်ကောင်တွေကလည်း အဲဒီလို တစ်ကိုယ်ရေအားဖြင့်‌ရော၊ တခြားသူတွေနဲ့ ဆက်ဆံ‌တဲ့နေရာမှာရော မတူတဲ့ စရိုက်မျိုးရှိကြတယ်။
တစ်ပိုင်းပြီး တစ်ပိုင်းကြည့်လာလေလေ ကာရိုက်တာ တစ်ယောက်ချင်းစီကို ကိုယ်နဲ့ တကယ်ခင်မင်တဲ့လူတွေလို့တောင် ခံစားရလာပါလိမ့်မယ်။

ထူးခြားတဲ့ အဖြစ်အပျက်တွေကမှ မှတ်မိဖို့ ထိုက်တန်တာမဟုတ်ပါဘူး။
သာမန်အားဖြင့် သတိမထားမိလောက်တဲ့ အဖြစ်အပျက် သေးသေးလေးတွေကပဲ လူတွေကို ပိုပြီး ရင်းနှီးလာစေတတ်တယ်။
ဒီစီးရီးကိုကြည့်ရင်း အရိုးရှင်းဆုံး အခိုက်အတန့်လေးတွေကနေ ပျော်ရွှင်မှုကို ဖန်တီးလို့ရကြောင်း သိလာမယ်။
ပျော်စရာ၊ ဝမ်းနည်းစရာ၊ ခေါင်းကိုက်စရာ၊ ရင်ခုန်စရာ ဇာတ်ဝင်ခန်းမျိုးတွေရဲ့ နောက်ကွယ်မှာ ကျနော်တို့အားလုံး သတိရသင့်တဲ့ အဓိက အချက်တစ်ခုရှိတယ်။
အဲဒါကတော့ သာမန်အခိုက်အတန့်လေးတွေမှာ ရှိတဲ့ ပဉ္စလက်ကို ရှာတတ်ဖို့ပါပဲ။

The Office က တစ်ခြား Sitcom တွေနဲ့မတူတဲ့အချက်က သူ့ရဲ့တင်ဆက်ပုံဖြစ်ပြီး ကြည့်နေကျမဟုတ်တဲ့သူတွေအတွက် အစပိုင်းမှာတစ်မျိုးဖြစ်နေနိုင်ပါလိမ့်မယ်။
သူတို့ရုံးသူ/ရုံးသားတွေကိုရုပ်သံအဖွဲ့တစ်ဖွဲ့က မှတ်တမ်းတင်ရိုက်ကူးနေပြီး အဲ့ဒီကင်မရာတွေကတစ်ဆင့် သူတို့ကို ပရိသတ်တွေကတွေ့မြင်ရမယ့်
mockumentry ပုံစံမျိုးဖြစ်ပါတယ်။ ဒီပုံစံကို အသားကျသွားပြီဆိုရင်တော့ ကွဲပြားတဲ့ရသတစ်မျိုးကို ထပ်တိုးပေးစွမ်းထားသလို ခံစားမိစေမှာပါ။

The Office TV Series ကို 2005 ခုနှစ်မှာ စတင်ထုတ်လွှင့်ခဲ့ပြီး 2013 ခုနှစ်မှာ ဇာတ်သိမ်းခဲ့ပါတယ်။
Season ၉ ခုပါဝင်ပြီး အပိုင်းပေါင်း (၂၀၁) ပိုင်းရှိပါတယ်။
Channel Myanmar အနေနဲ့ စဆုံးကို အပတ်စဉ်သဘောမျိုး မနှေးမမြန် တင်ဆက်သွားပါမယ်။

(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကိုတော့ Min Thant Bo , Alias , Sai Thurein Lynn တို့မှ တင်ဆက်ထားပါတယ်။)

 

File Size – (600 MB) / (250 MB) (Appx;) @Episode
Quality – BluRay 1080p HEVC / 720p
Duration – 25 min (@Episode)
Season – 9 / Episode – 201
Subtitle – Myanmar Hardsub
Format – mp4
Genre : Action, Adventure, Crime, Drama, Thriller
Translated by Min Thant Bo , Alias , Sai Thurein Lynn
Encoder – Ka Naung,Double K

 

(One Click ဖြင့် လွယ်ကူစွာ Download ဖို့ CM App မှာဒေါင်းပါ…။
Website မှာတော့ Gdrive အဖြစ် YoteShin နဲ့ Gdtot Link ကနေတင်ပေးထားပါတယ်။)

 

Watch & Download in App >>>www.cmapp.tv

++++++++++++++++++++

Season-1
=========

Season-1 (1080p) Ep (1-6-END) Zip (3.9 GB) >>>YoteShin / Gdtot

 

Season-1 (720p) Ep (1-6-END) Zip (1.3 GB) >>>YoteShin / Gdtot / Telegram

 

Season-1 မှာတော့ ၆ ပိုင်းပဲပါတာမလို့ ပြီးပါပြီ။

++++++++++++++++

Season-2
=========

Season-2 (1080p) Ep (1-6) Zip (4.2 GB) >>>YoteShin / Gdtot

 

Season-2 (720p) Ep (1-6) Zip (1.6 GB) >>>YoteShin / Gdtot / Telegram

 

Season-2 (1080p) Ep (7-12) Zip (4.2 GB) >>>YoteShin / Gdtot

 

Season-2 (720p) Ep (7-12) Zip (1.6 GB) >>>YoteShin / Gdtot / Telegram

 

Season-2 (1080p) Ep (13-18) Zip (4.3 GB) >>>YoteShin / Gdtot

 

Season-2 (720p) Ep (13-18) Zip (1.6 GB) >>>YoteShin / Gdtot / Telegram

 

Season-2 (1080p) Ep (19-22-END) Zip (3.3 GB) >>>YoteShin / Gdtot

 

Season-2 (720p) Ep (19-22-END) Zip (1.1 GB) >>>YoteShin / Gdtot / Telegram

 

Season-2  ပြီးပါပြီ။

++++++++++++++++

Season-3
=========

Season-3 (1080p) Ep (1-6) Zip (4.3 GB) >>>YoteShin / Gdtot

 

Season-3 (720p) Ep (1-6) Zip (1.3 GB) >>>YoteShin / Gdtot / Telegram

 

Season-3 (1080p) Ep (7-12) Zip (5.2 GB) >>>YoteShin / Gdtot

 

Season-3 (720p) Ep (7-12) Zip (1.3 GB) >>>YoteShin / Gdtot / Telegram

 

Season-3 (1080p) Ep (13-18) Zip (4.8 GB) >>>YoteShin / Gdtot

 

Season-3 (720p) Ep (13-18) Zip (1.7 GB) >>>YoteShin / Gdtot / Telegram

 

Season-3 (1080p) Ep (19-23-END) Zip (5.3 GB) >>>YoteShin / Gdtot

 

Season-3 (720p) Ep (19-23-END) Zip (1.9 GB) >>>YoteShin / Gdtot / Telegram

 

Season-3  ပြီးပါပြီ။

++++++++++++++++

Season-4
=========

S-4 မှာတော့ နှစ်ပိုင်းပူးပြီး တပိုင်းထဲထွက်တာတွေရှိလို့ အပိုင်း (၁၉) ပိုင်းဆိုပေမယ့် ဖိုင်ကတော့ ၁၄ ဖိုင်ပဲပါပါမယ်။

 

Season-4 (1080p) Ep (1-6) Zip (5.4 GB) >>>YoteShin / Gdtot

 

Season-4 (720p) Ep (1-6) Zip (1.8 GB) >>> YoteShin / Gdtot / Telegram

 

Season-4 (1080p) Ep (7-12) Zip (4.8 GB) >>>YoteShin / Gdtot

 

Season-4 (720p) Ep (7-12) Zip (1.6 GB) >>> YoteShin / Gdtot / Telegram

 

Season-4 (1080p) Ep (13-19-END) Zip (5.1 GB) >>>YoteShin / Gdtot

 

Season-4 (720p) Ep (13-19-END) Zip (1.8 GB) >>>YoteShin / Gdtot / Telegram

 

Season-4  ပြီးပါပြီ။

++++++++++++++++

Season-5
=========

Season-5 (1080p) Ep (1-5) Zip (4.8 GB) >>>YoteShin / Gdtot

 

Season-5 (720p) Ep (1-5) Zip (1.3 GB) >>>YoteShin / Gdtot / Telegram

 

Season-5 (1080p) Ep (6-10) Zip (3.6 GB) >>>YoteShin / Gdtot

 

Season-5 (720p) Ep (6-10) Zip (1.2 GB) >>>YoteShin / Gdtot / Telegram

 

Season-5 (1080p) Ep (11-15) Zip (4.5 GB) >>>YoteShin / Gdtot

 

Season-5 (720p) Ep (11-15) Zip (1.7 GB) >>>YoteShin / Gdtot / Telegram

 

Season-5 (1080p) Ep (16-20) Zip (4.5 GB) >>>YoteShin / Gdtot

 

Season-5 (720p) Ep (16-20) Zip (1.7 GB) >>>YoteShin / Gdtot / Telegram

 

Season-5 (1080p) Ep (21-26-END) Zip (4.2 GB) >>>YoteShin / Gdtot

 

Season-5 (720p) Ep (21-26-END) Zip (1.8 GB) >>>YoteShin / Gdtot / Telegram

 

Season-5  ပြီးပါပြီ။

++++++++++++++++

Season-6
=========

Season-6 (1080p/720p) Ep (1-11) >>> CM App

 

Season-6 (1080p) Ep (12-20) Zip (4.5 GB) >>>YoteShin / Gdtot

 

Season-6 (720p) Ep (12-20) Zip (2.4 GB) >>>YoteShin / Gdtot

 

Season-6 (1080p) Ep (21-26-END) Zip (2.9 GB) >>>YoteShin / Gdtot

 

Season-6 (720p) Ep (21-26-END) Zip (1.5 GB) >>>YoteShin / Gdtot

 

Season-6  ပြီးပါပြီ။

++++++++++++++++

Season-7
=========

Season-7 (1080p) Ep (1-5) Zip (4.2 GB) >>>YoteShin / Gdtot

 

Season-7 (720p) Ep (1-5) Zip (1.3 GB) >>>YoteShin / Gdtot

 

Season-7 (1080p) Ep (6-10) Zip (4.1 GB) >>>YoteShin / Gdtot

 

Season-7 (720p) Ep (6-10) Zip (1.4 GB) >>>YoteShin / Gdtot

 

Season-7 (1080p) Ep (11-15) Zip (3.7 GB) >>>YoteShin / Gdtot

 

Season-7 (720p) Ep (11-15) Zip (1.5 GB) >>>YoteShin / Gdtot

 

Season-7 (1080p) Ep (16-20) Zip (4.0 GB) >>>YoteShin / Gdtot

 

Season-7 (720p) Ep (16-20) Zip (1.5 GB) >>>YoteShin / Gdtot

 

Season-7 (1080p) Ep (21-26-END) Zip (5.1 GB) >>>YoteShin / Gdtot

 

Season-7 (720p) Ep (21-26-END) Zip (2 GB) >>>YoteShin / Gdtot

 

Season-7  ပြီးပါပြီ။

++++++++++++++++

Season-8
=========

Season-8 (1080p) Ep (1-5) Zip (4.1 GB) >>>YoteShin / Gdtot

 

Season-8 (720p) Ep (1-5) Zip (1.3 GB) >>>YoteShin / Gdtot

 

Season-8 (1080p) Ep (6-10) Zip (4.3 GB) >>>YoteShin / Gdtot

 

Season-8 (720p) Ep (6-10) Zip (1.3 GB) >>>YoteShin / Gdtot

 

Season-8 (1080p) Ep (11-15) Zip (4.5 GB) >>>YoteShin / Gdtot

 

Season-8 (720p) Ep (11-15) Zip (1.4 GB) >>>YoteShin / Gdtot

 

Season-8 (1080p) Ep (16-20) Zip (4.7 GB) >>>YoteShin / Gdtot

 

Season-8 (720p) Ep (16-20) Zip (1.4 GB) >>>YoteShin / Gdtot

 

Season-8 (1080p) Ep (21-24-END) Zip (4.2 GB) >>>YoteShin / Gdtot

 

Season-8 (720p) Ep (21-24-END) Zip (1.3 GB) >>>YoteShin / Gdtot

 

Season-8  ပြီးပါပြီ။

++++++++++++++++

Season-9
=========

Season-9 (1080p/720p)Ep (1-5) >>> CM App

Season-9 (1080p/720p)Ep (6-10) >>> CM App

Season-9 (1080p/720p)Ep (11-15) >>> CM App

 

– Channel Myanmar Team –

Related Keywords

The Office (2005-2013) mmsub, The Office (2005-2013) myanmar sub, The Office (2005-2013) burmese sub, The Office (2005-2013) မြန်မာစာတန်းထိုး