description
The Narrow Road to The Deep North ကတော့ ဒုတိယကမ္ဘာစစ်အတွင်းက စစ်ဆေးဆရာဝန်အဖြစ်တာဝန်ထမ်းဆောင်ရင်း ဂျပန်စစ်တပ်ရဲ့ စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတဲ့ ဩစတြေးလျလူမျိူး ဒိုရီဂိုဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့ဘဝပေါ်အခြေခံထားတဲ့ ဒရာမာဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။
၁၉၄၃ ခုနှစ်ဝန်းကျင်က ဂျပန်စစ်တပ်ရိက္ခာသယ်ယူပို့ဆောင်ရေးအတွက်ဖောက်လုပ်ခဲ့တဲ့ ထိုင်း-မြန်မာရထားလမ်းဟာ Death Railway လို့လဲနာမည်တွင်ခဲ့တဲ့ထိရက်စက်ကြမ်းကြုတ်မှုတွေ ခက်ခဲကြမ်းတမ်းမှုတွေ မနှစ်မြို့ဖွယ်ပုံရိပ်တွေနဲ့ပြည့်နှက်နေခဲ့တာပါ။ အဲ့ဒီနေရာကိုမှပို့ဆောင်ခြင်းခံခဲ့ရတဲ့ ဒိုရီဂိုတို့အဖွဲ့ဟာ အဆာရေစာချို့တဲ့မှု မတန်တဆခိုင်းစေမှုတွေနဲ့ တောတွင်းမိုးရာသီရဲ့ခက်ခဲကြမ်းတမ်းတဲ့ရာသီဥတုဒါဏ်တွေကို မနိုင်မနင်းရင်ဆိုင်ကြရပါတော့တယ်။ သူတို့လူငယ်လေးတွေဟာ အနာဂတ်အိမ်မက်ကိုယ်စီကိုထမ်းပိုးထားကြရင်း တစ်ချိန်တော့လွတ်မြောက်မှာပါဆိုတဲ့မျှော်လင့်ချက်ကိုယ်စီနဲ့ တစ်ရက်ပြီးတစ်ရက်ဖြတ်သန်းနေကြတဲ့ပုံရိပ်တွေကို ရင်သပ်ရှူမောဖွယ်မြင်တွေ့ကြရမှာဖြစ်ပါတယ်။
ဒါ့အပြင် စစ်ပွဲနဲ့အတူအဆုံးသတ်ခဲ့ရတဲ့ လှပတဲ့ချစ်ပုံပြင်လေးတွေများစွာထဲကမှ ဒိုရီဂိုတစ်ယောက်ရဲ့ မဖြစ်နိုင်တဲ့ စိတ်ကူးယဉ်ဆန်ဆန် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကိုပါ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ စစ်ပွဲရဲ့ရက်စက်ကြမ်းကြုတ်မှု အနိဠာရုံမြင်ကွင်းတွေနဲ့အတူ လူသားတွေရဲ့စိတ်ကူးယဉ်ဆန်မှုနဲ့ရက်စက်ကြမ်းကြုတ်မှု ချစ်ခြင်းမေတ္တာနဲ့ ဖောက်ပြားလှည့်စားမှု ငွေကြေးနဲ့ပျော်ရွှင်မှု အသက်ရှင်ကျန်ခဲ့သူတစ်ယောက်ရဲ့ကံကောင်းခြင်းနဲ့ စိတ်ဒဏ်ရာ စတာတွေကို လှလှပပဖော်ကြူးပြသထားတဲ့ IMDb rating 7.1 ရထားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။
File size…(593 MB )/(269 MB)
Quality….HEVC 1080p / 720p
Format…mp4
Duration….01:10:00
Genre…Drama
Subtitle….Myanmar Subtitle (Hardsub)
Encoder….Swan Min Htet
Translated by Senju
Episode 1 720p – Yoteshin/ Gdot / Megaup / Telegram
Episode 2 720p – Yoteshin/ Gdtot / Megaup / Telegram
Episode 3 720p – Yoteshin/ Gdtot / Megaup / Telegram
Episode 4 720p – Yoteshin/ Gdtot / Megaup / Telegram
Episode 5 720p – Yoteshin/ Gdtot / Megaup / Telegram
Related Keywords
The Narrow Road to the Deep North (2025) mmsub, The Narrow Road to the Deep North (2025) myanmar sub, The Narrow Road to the Deep North (2025) burmese sub, The Narrow Road to the Deep North (2025) မြန်မာစာတန်းထိုး