description
ဒီကားလေးကတော့ သွေးထွက်သံယိုတွေပါဝင်ပြီး 18+ လည်း အနည်းငယ်ပါဝင်တာကြောင့် စိတ်ခိုင်သူများနှင့် horror ကြိုက်သူများအတွက် ကြည့်ကောင်းမဲ့ဇာတ်ကားလေးပါပဲဗျ။
ဇာတ်ကားလေးရဲ့ အကြောင်းအရာကတော့ တိုင်ပိုကနေထွက်လာမဲ့ ဘတ်စ်ကားလေးပေါ်က လူ ၁၇ ယောက်တွေ့ကြုံရမဲ့ အဖြစ်အပျက်လေးဖြစ်ပါတယ်။သူတို့တွေဟာ ညသန်းခေါင်ယန်အကျော်မှာ တိုင်ပိုကနေထွက်လာပြီးတော့ ခြင်္သေ့ရုပ်ထုလိုခေါ်တဲ့ လှိုဏ်ဂူထဲကိုဝင်သွားရင်း ရုတ်တရက်ဆိုသလိုပဲ ဘေးနားကကားတွေဟာပျောက်သွားခဲ့တယ်။
ဒါပေမဲ့လည်း သူတို့ဟာဒါကိုစိတ်ထဲမထားပဲ ခရီးဆက်လာခဲ့ရာ နောက်တစ်မြို့ကိုရောက်ရှိလာတဲ့အချိန်မှာတော့ မြို့ကြီးဟာလူသူကင်းမဲ့ပြီးတိတ်ဆိတ်ခြောက်ကပ်နေတယ်။လိုင်းတွေလဲပြတ်တောက်သွားပြီး ကမ္ဘာကြီးမှာသူတို့ပဲရှိတော့သလိုဖြစ်နေခဲ့တယ်။ဒီလိုပြဿနာတွေက ဘာမှန်းလဲဆိုတာ တွေဝေပူပန်နေချိန်မှာပဲ ဗိုင်းရပ်စ်တစ်ခုခုကြောင့်တစ်ယောက်ပြီးတစ်ယောက် သေကုန်ကြတယ်။ဒါကဘာကြောင့်ဖြစ်ရတာလဲနဲ့ လူတွေဘယ်လိုပျောက်သွားတာကို ဒီခြောက်ခြားစရာ မြို့ကြီးမှာအဖြေရှာရင်း ဘာတွေထပ်ပြီးကြုံတွေ့လာရမလဲဆိုတာကို ကြည့်ရှုခံစားလိုက်ကြရအောင်။
File size…(2.1 GB)/(1 GB)
Quality….Blu-Ray 1080p / 720p
Format… mp4
Duration…. 02:04:00
Genre… Dark Comedy, Comedy, Drama, Mystery, Thriller
Subtitle….Myanmar Subtitle (Hardsub)
Encoder….Garfield
Translated by Noah
Related Keywords
The Midnight After (2014) mmsub, The Midnight After (2014) myanmar sub, The Midnight After (2014) burmese sub, The Midnight After (2014) မြန်မာစာတန်းထိုး