channelmyanmar သည် 4K၊ 1080P၊ 720P ကဲ့သို့သော လူကြိုက်များသည့် အရည်အသွေးများနှင့်အတူ မြန်မာစာတန်းထိုးဖြင့် ရုပ်ရှင်များကို အခမဲ့ ကြည့်ရှုရန်နှင့် ဒေါင်းလုဒ်လုပ်ရန်အတွက် ဝဘ်ဆိုဒ်တစ်ခုဖြစ်ပြီး နေ့စဉ်အမြန်ဆုံးအပ်ဒိတ်လုပ်ပေးနေပါသည်။

The Maltese Falcon (1941)

The Maltese Falcon (1941)
  • other name

    updating

  • author

    updating

  • status

    ongoing

  • genres

    updating

  • views

    0

rating: 5/5 - 1 votes.

description

 

ဒီဇာတ်ကားကတော့ အမေရိကန်ဝတ္ထုကို ရုပ်ရုင်ပြန်ရိုက်ထားတဲ့ ဂန္တဝင်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် ။

ဒါရိုက်တာကJohn Hustonပါ။ နာမည်ကြီးမင်းသားHumphrey Bogart (ဟမ်ဖရီဘိုးဂတ်)နဲ့မင်းသမီး Mary Astor(မေရီအက်စတာ)တို့ခေါင်းဆောင် ပါဝင်ထားကြပါတယ်။

အက်ရှင်သိပ်မပါတဲ့ စုံထောက်ကားဖြစ်ပေမဲ့ ဒီဇတ်ကားနာမည်ကြီးရတာက စုံထောက်နဲ့ ရာဇဝတ်သားတွေ ဥာဏ်ချင်းယှဥ်ပြီးစကားစစ်ထိုးတာတွေ အမှုကိုပေါ်အောင်ဖော်တာတွေက စိတ်ဝင်စားစရာဖြစ်နေလို့ပါပဲ။

အမေရိကန်လိုနိုင်ငံမျိုးမှာတောင် ရဲတွေကကြည့်မရတဲ့လူဆို ချောက်ချခံရနိုင်တာနဲ့ အမှုပေါ်ပြီးရော ပြစ်မှုကိုအစားခံပေးမယ့်သားကောင်ရှာတာမျိုးက ပြုံးချင်စရာပါ။ အဓိက ဇာတ်ကောင် စုံထောက်ဆမ် စပိဒ်ရဲ့ ဇာတ်ကောင်စရိုက်ကလည်း သဘောကျစရာကောင်းပါတယ်။

ဇတ်လမ်းအကျဥ်း

အလွတ်စုံထောက် ဆမ်စပိတ်ဒ်( ဟမ်ဖရီဘိုးဂတ်)ရဲ့ ရုံးခန်းကို ခပ်ချောချောအမျိုးသမီးတစ်ယောက်က သူ့ညီမကိုရှာပေးဖို့ သူ့ညီမနဲ့ ထွက်ပြေးတယ်ဆိုတဲ့ သာ့စ်ဘီဆိုတဲ့လူကို နောက်ယောင်ခံဖို့ အလုပ်လာအပ်ပါတယ် ။

ဆမ်ရဲ့တွဲဘက် မိုင်းလ်စ်အာချာက နောက်ယောင်ခံလိုက်ပေးဖို့ လိုက်သွားရင်းသတ်ခံလိုက်ရပါတယ်။နောက်နေ့မှာ သာ့စ်ဘီလည်းသတ်ခံရပါတယ်။

ရဲတွေက မိုင်းလ်စ်ရဲ့မိန်းမနဲ့မရှင်းမရှင်းဖြစ်နေတဲ့ဆမ်ကိုလူသတ်မှုအတွက်စွပ်စွဲချင်နေကြပါတယ်။ ဆမ့်ကို နောက်ယောင်ခံနေတဲ့သူရှိတာ ဆမ်က ရိပ်မိပါတယ်။ ဆမ်တို့ကိုအလုပ်အပ်တဲ့ အမျိုးသမီး မစ္စရှော့နက်စီရဲ့ ညီမ ဇာတ်လမ်းက လုပ်ဇာတ်ကြီးဖြစ်နေပြီး တစ်စတစ်စနဲ့ အကြောင်းရင်းမှန်ကပေါ်လာပါတယ်။ မစ္စရှော့နက်စီနဲ့ဆမ်လည်း အနမ်းဝေဖြာ ပန်းကမ္ဘာဖြစ်သွားပါတယ်။

ဂျိုအယ်ကိုင်ရိုဆိုတဲ့လူက ဆမ်ရဲ့ရုံးခန်းထဲထိလာပြီး အမှုအပ်မလိုလိုနဲ့ ပစ္စည်းတစ်ခုလာရှာပါတယ်။ ကိုင်ရို ဆမ်နဲ့ မစ္စရှော့နက်စီတို့ ဆွေးနွေးနေကြတုန်း ရဲတွေအပြင်မှာရောက်လာပြီး ဆမ့်ကိုမိုင်းလ်စ်ရဲ့ကိစ္စ မေးနေကြပါတယ် ။ ကိုင်ရိုအော်လိုက်လို့ ရဲတွေဝင်လာပြီး လက်နက်ကိုင်ဆောင်မှုနဲ့ ကိုင်ရိုကို ရုံးကိုခေါ်စစ်ပါတယ်။

ဆမ့်ကိုလည်း ခေါ်စစ်တော့ လူသတ်တရား ခံအစစ်ကိုရှာမှဖြစ်တော့မယ်ဆိုတာဆမ်သိလာပါတယ်။ ကိုင်ရိုရဲ့နောက်ကွယ်မှာ လူဝကြီးဆိုတဲ့ လူတစ်ယောက်ရှိနေပြီး သူတို့လိုချင်တာ က အနက်ရောင်သိမ်းငှက်ရုပ်တုတစ်ခုပါ။

ဒီရုပ်တုရဲ့ရာဇဝင်ကဘာလဲ။သာ့စ်ဘီ မစ္စရှော့နက်စီ ကိုင်ရိုနဲ့ လူဝကြီးတို့ဘယ်လို ပတ်သက်နေလဲ။သာ့စ်ဘီနဲ့မိုင်းလ်စ်ကိုသတ်တာဘယ်သူလဲ။ဇာတ်လမ်းကဘယ် လိုအဆုံးသတ်မလဲဆိုတာကိုတော့ဖန်သားပြင်ပေါ်မှာဆက်ကြည့်နိုင်ပါတယ်။

ဇတ်ကားကောင်းလေး တစ်ကားမို့ အချိန်ပေးရတာ တန်မယ့်ကားပါလို့ ညွှန်းပေးချင်ပါတယ်။

 

File size…(8.4 GB)/(1.8 GB)/(1.2 GB)
Quality….Blu-Ray 4K HEVC/1080p / 720p
Format… mp4
Duration…. 01:40:00
Genre… Crime, Drama, Mystery, Romance
Subtitle….Myanmar Subtitle (Hardsub)
Encoder….Garfield
Translated by Khin Sakar Khin

  • Download Links Server Size Quality

Related Keywords

The Maltese Falcon (1941) mmsub, The Maltese Falcon (1941) myanmar sub, The Maltese Falcon (1941) burmese sub, The Maltese Falcon (1941) မြန်မာစာတန်းထိုး