channelmyanmar သည် 4K၊ 1080P၊ 720P ကဲ့သို့သော လူကြိုက်များသည့် အရည်အသွေးများနှင့်အတူ မြန်မာစာတန်းထိုးဖြင့် ရုပ်ရှင်များကို အခမဲ့ ကြည့်ရှုရန်နှင့် ဒေါင်းလုဒ်လုပ်ရန်အတွက် ဝဘ်ဆိုဒ်တစ်ခုဖြစ်ပြီး နေ့စဉ်အမြန်ဆုံးအပ်ဒိတ်လုပ်ပေးနေပါသည်။

The Law According to Lidia Poët (2023)

The Law According to Lidia Poët (2023)
  • other name

    updating

  • author

    updating

  • status

    ongoing

  • genres

    updating

  • views

    0

description

The Law According to Lidia Poët (2023)
============================
IMDb Rating 7.5/10
Rotten Tomatoes 86%

သွယ်ဝိုက်နာမည်တပ်ရမယ်ဆိုရင် “ရှေ့နေမလေးလေဒီယာနှင့်
သူ၏အမှုတွဲများ”ပေါ့။

ဒီဇာတ်လမ်းတွဲဟာ နာမည်လေးဖတ်ကြည့်ပြီး အရမ်းရိုးရှင်းမယ်၊
ပေါ့ပေါ့ပါးပါးလေးပါလို့ ထင်ရသလောက်ကို မရိုးရှင်းတဲ့၊ မပေါ့ပါး
လှတဲ့ စီးရီးတစ်ခုပါ။ အီတလီတင်မက ကမ္ဘာနဲ့ချီပြီး ဒီစီးရီး ရေပန်း
စားနေရတဲ့ အဓိကအကြောင်းအရင်း‌တွေထဲက တစ်ခုကတော့ တ
ကယ့်ဖြစ်ရပ်မှန်ကို အခြေခံထားတာကြောင့်ပဲ ဖြစ်လိမ့်မယ်ထင်
ပါတယ်။

ဤလောကမြေကမ္ဘာမှာ ကြီးမားလှတဲ့ ပြောင်းလဲမှုပေါင်းများစွာ
ရှိခဲ့ပါတယ်။ ယခုနှစ်ဆိုရင်လည်း AI တွေ ထွန်းကားတော့မယ့် နှစ်ပဲ
ဆိုပါတော့ဗျာ။ ဒီလိုပြောင်းလဲမှုပေါင်းများစွာထဲမှာ အသိမ်မွေ့ဆုံးနဲ့
အလှပဆုံးပြောင်းလဲမှုကို ပြောပါဆိုရင် ဖိုဝါဒီကို တိုက်ထုတ်ဖို့ကြိုး
စားခဲ့ကြတဲ့ အမျိုးသမီးထုကြီးတွေရဲ့ကြိုးပမ်းမှုတွေ ဖြစ်လိမ့်မယ်။
ဒီအမျိုးသမီးတွေဟာ သဘာဝတရားကြီးကြောင့် အားနည်းတဲ့ပုံပေါ်
နေကြသော်ငြား၊ အမှန်တကယ်အားနည်းကြသော်ငြား မာကြောဖို့
လိုလာပြီဆိုရင်လည်း သူမတူအောင်မာကျောနိုင်စွမ်းရှိကြတယ်ဆို
တာကို နိုင်ငံအနှံ့အပြားက အမျိုးသမီးတွေရဲ့ကြံ့ကြံ့ခံတွန်းလှန်ခဲ့မှု
တွေက သက်သေပြခဲ့ကြပြီးပြီလည်းဖြစ်ပါတယ်။

ဒါဆို ဒီစီးရီးကရော ဘယ်ရပ်ဘယ်ဝန်းကျင်မှာ အမျိုးသမီးတွေဘယ်လို
ရုန်းကန်ရတာလဲဆိုတာကို ခန့်မှန်းမိကြလိမ့်မယ်ထင်ပါတယ်။ လေဒီ
ယာဟာ ဥပဒေအရာရှိကြီးတစ်ဦးဖြစ်တဲ့ ဖခင်ဖြစ်သူရဲ့သမီးဖြစ်တာနဲ့
အညီ ရှေ့နေတစ်ယောက်ဖြစ်ရဖို့ကို ငယ်ငယ်တည်းက စိတ်ကူးယဉ်
အိပ်မက်ခဲ့ရသူပါ။ သို့ပေမဲ့လို့ တိုးတက်ပြောင်းလဲမှု အနည်းငယ်လျင်
မြန်ဆန်စပြုနေတဲ့ ၁၉ ရာစုနှစ်မှာ မွေးဖွားလာခဲ့တဲ့ သူမဘဝအတွက်
ကတော့ အလွန်အင်မတန်ကို ခက်ခဲကြပ်တည်းလှပါတယ်။

ဖခင်ဖြစ်သူကိုယ်တိုင်က အမျိုးသမီးတွေဆိုတာ ရှေ့နေမလုပ်ရဘူး၊
ဥပဒေရေးရာကိစ္စမှာ အမျိုးသမီးတွေ ဝင်မရှုပ်ရဘူးဆိုတာကြောင့်
လေဒီယာဟာ ဖခင်ဖြစ်သူကို ငယ်စဉ်ကတည်းက နာကြည်းမုန်းတီး
နေရတဲ့သူတစ်ယောက်ပဲဆိုပါတော့။ သို့ပေမဲ့ သူ့အဖေဆုံးပါးပြီးနောက်
ပိုင်း သူ့အစ်ကိုဖြစ်သူအန်ရီကိုရဲ့ သိတတ်နားလည်မှုနဲ့အတူ အမျိုးသမီး
တွေကို ခါးခါးသီးသီးငြင်းဆန်နေတဲ့ ရပ်ဝန်းထဲကို မရမကဝင်ဖို့ စတင်
ကြိုးစားပါတော့တယ်။

ဒီအမျိုးသမီးလေးသာ မကြိုးစားခဲ့ရင်တော့ အီတလီနိုင်ငံမှာ အမျိုးသမီး
ရှေ့နေတွေဆိုတာ ပေါ်လာဖို့ နှောင့်နှေးကြန့်ကြာနေဦးမှာပဲဖြစ်ပါတယ်။
အနှောင့်အယှက်ပေါင်း သောင်းခြောက်ထောင်ကို ဘယ်လိုကျော်ဖြတ်
ရတယ်၊ ဘယ်လိုအမှုတွေကို ရင်ဆိုင်ရတယ်ဆိုတာကိုတော့ တစ်ပိုင်းကို
အမှုတစ်ခုစီရင်သလို ဖန်တီးရိုက်ကူးထားတဲ့ စီးရီးကောင်းလေးမို့ သင်ဟာ
စီးရီးကောင်းလေးတစ်ခုရှာနေသူဆိုရင်တော့ ဒီစီးရီးလေးကို လက်လွတ်
မခံဘဲ ကြည့်ရှုခံစားပေးပါဦးခင်ဗျာ။

မင်းသမီးလေး အတော်ချောတာမို့ ကြည့်ကောင်းသော်ငြား ဝတ်လစ်စလစ်
တွေ ကွက်ကွက်ကွင်းကွင်း တစ်ခန်းနှစ်ခန်းပါတာမို့ မိသားစုနဲ့ ကြည့်ရန်
မသင့်တော်ပါ။

စုစုပေါင်း(၆)ပိုင်းထွက်ရှိပြီး cmမှ တစ်ပြိုင်တည်းတင်ဆက်ပေးပါမယ်။

(ဒီစီးရီးရဲ့ အညွှန်းကို San Thu Aung မှရေးသားပေးပြီး၊ ဘာသာပြန်
ရေးသားပေးသူများကတော့ San Thu Aung, Alias တို့ဖြစ်ပါတယ်။)

File Size………….(400 MB) / (800 MB)
Quality……………WEB-DL 720p / 1080p
Duration…………42Mins(@Episode)
Subtitle…………..Myanmar Hardsub
Format……………MP4
Genre……………..Biography, Crime, Drama
Translator……….San Thu Aung, Alias
Encoder…………..SWM

 

720P (270 Mb)

———————————–

Episode(1) – Yoteshin Megaup / MegaNZ / Streamsb / Usersdrive / Streamvid

Episode(2) – Yoteshin Megaup / MegaNZ / Streamsb / Usersdrive / Streamvid

Episode(3) – Yoteshin Megaup / MegaNZ / Streamsb / Usersdrive / Streamvid

Episode(4) – Yoteshin Megaup / MegaNZ / Streamsb / Usersdrive / Streamvid

Episode(5) – Yoteshin /  Megaup / MegaNZ / Streamsb / Usersdrive / Streamvid

Episode(6) – Yoteshin /  Megaup / MegaNZ / Streamsb / Usersdrive / Streamvid – END

 

1080P (670 Mb)

———————————–

Episode(1) – Yoteshin Megaup / MegaNZ / Streamsb / Usersdrive / Streamvid

Episode(2) – Yoteshin Megaup / MegaNZ / Streamsb / Usersdrive / Streamvid

Episode(3) – Yoteshin Megaup / MegaNZ / Streamsb / Usersdrive / Streamvid

Episode(4) – Yoteshin Megaup / MegaNZ / Streamsb / Usersdrive / Streamvid

Episode(5) – Yoteshin /  Megaup / MegaNZ / Streamsb / Usersdrive / Streamvid

Episode(6) – Yoteshin /  Megaup / MegaNZ / Streamsb / Usersdrive / Streamvid – END

 

Season 2

Episode 1 720p  –  Yoteshin/ Gdot / Megaup / Telegram 

Episode 1 1080p  –  Yoteshin/ Gdot / Megaup 

 

Episode 2 720p  –  Yoteshin/ GdtotMegaup / Telegram 

Episode 2 1080p  –  Yoteshin/ Gdtot / Megaup 

 

Episode 3 720p  –  Yoteshin/ GdtotMegaup / Telegram

Episode 3 1080p  –  Yoteshin/ Gdtot / Megaup 

 

Episode 4 720p  –  Yoteshin/ GdtotMegaup / Telegram

Episode 4 1080p  –  Yoteshin/ Gdtot / Megaup 

 

Episode 5 720p  –  Yoteshin/ GdtotMegaup / Telegram

Episode 5 1080p  –  Yoteshin/ Gdtot / Megaup 

 

Episode 6 720p  –  Yoteshin/ GdtotMegaup / Telegram

Episode 6 1080p  –  Yoteshin/ Gdtot / Megaup 

 

 

Related Keywords

The Law According to Lidia Poët (2023) mmsub, The Law According to Lidia Poët (2023) myanmar sub, The Law According to Lidia Poët (2023) burmese sub, The Law According to Lidia Poët (2023) မြန်မာစာတန်းထိုး