description
The Gardener (2025)
IMDb (6.2/10)
ဒီတစ်ခေါက်မှာတော့ ၂၀၂၅ထွက် စပိန် Romantic Thriller စီးရီးလေးဖြစ်တဲ့
The Garderner ဥယျာဉ်မှူးလူသတ်ကားလေးကို ကြည့်ရှူခံစားရမှာပဲဖြစ်ပါတယ်။
စီးရီးကို Miguel Sáez Carral က ဖန်တီးထားပြီး Álvaro Rico၊ Cecilia Suárez နဲ့
Catalina Sopelana တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကျဉ်းပြောပြရရင်တော့ အဓိကဇာတ်ဆောင်ဖြစ်တဲ့ Elmer ဆိုတဲ့ ကောင်လေးက
ငယ်စဉ်မှာ ကားမတော်တဆမှုဖြစ်ခဲ့ပြီး ဦးနှောက်အရှေ့ပိုင်းထိခိုက်ကာ ခံစားချက်ကင်းမဲ့သွားခဲ့တယ်။
ခံစားချက်ကင်းမဲ့တယ်ဆိုတာ အချစ်၊ အမုန်း၊ စိုးရိမ်စိတ်၊ ကြောက်ရွံ့စိတ်တွေစတဲ့
ခံစားချက်တွေမှန်သမျှကို ခံစားလို့မရတော့တာမျိုးပါ။ ဒီနေရာမှာ တစ်ချက်စဉ်းစားကြည့်ပါ။
သင်သာဘာမှ မခံစားရတော့တဲ့လူ ဖြစ်လာရင်ဘာလုပ်မလဲ။ ချို့ယွင်းချက်တစ်ခုဆိုပေမဲ့လည်း
ဒီလိုလူတစ်ယောက်အတွက်က အကောင်းဘက်ကကြည့်ရရင်တော့ စင်ပေါ်မှာ စကားပြောရဲမယ်၊
သူများတွေကြောက်တဲ့ ပိုးဟပ်တို့၊ ပင့်ကူတို့၊ ပိန်ညောင်တို့၊ သရဲတို့လည်း ကြောက်ရမယ်မှန်းမသိတော့ဘူး၊
ကျရှုံးတာကြောင့်လည်း ဝမ်းမနည်းတတ်ဘူး၊ နောက်ပြီး အချစ်ကိုလည်း ခံစားလို့မရတော့တာမို့
အသည်းကွဲစရာမလိုတော့ဘူး။ မလုပ်ရဲတာလည်း ဘာမှမရှိသလောက်ကိုဖြစ်နေမယ်။
စူပါပါဝါတစ်ခုလိုပဲနော်။ ဒါပေမဲ့ တစ်ဖက်မှာတော့ ဝမ်းသာခြင်းမရှိ၊ ကျေနပ်ခြင်းမရှိ၊
တစ်ဖက်သားကို ကိုယ်ချင်းစာစိတ်မရှိ၊ ခံစားချက်မရှိတာမို့ သူများနဲ့ အလိုက်သင့်
စကားပြောလို့မရတော့တာမျိုးတွေတောင်ဖြစ်နေမယ်။
လက်ရှိ ai စက်ရုပ်တွေထက်တောင်ဆိုးနေပါဦးမယ်။
သူတို့ကမှကိုယ့်ကို ကိုယ်ချင်းစာတတ်ဖို့၊
မှန်မှန်ကန်ကန်နေတတ်ဖို့ ဆုံးမပေးသေးတယ်။
ဒါတွေထားပါ။ ဒီတော့ ဇာတ်လမ်းကို ပြန်ဆက်ရရင်
မတော်တဆမှုကြောင့် ဒီလိုခံစားချက်မဲ့သွားတဲ့ အယ်မာဟာ
ငယ်ကတည်းကအပင်တွေနဲ့ ရင်းနှီးတာကြောင့် သာယာလှပတဲ့
ကိုယ်ပိုင်စိုက်ခင်းလေးတစ်ခုရဲ့ ဥယျာဉ်မှူး အဖြစ်အသက်မွေးတယ်။
၎င်းရဲ့ အမေဖြစ်သူမှာတော့ သူမအရင်ကသူပိုင်ဆိုင်ခဲ့ဖူးတဲ့
သူတို့အဆင်မပြေတဲ့အချိန်မှာ ရောင်းလိုက်ရတဲ့ မက္ကဆီကိုက
အိမ်ကြီးကို ပြန်ပိုင်ဆိုင်လိုတဲ့ အိပ်မက်ကြီးတစ်ခုရှိနေပါတယ်။
ဒီအတွက်ငွေအများကြီးလိုတာကြောင့် စိတ်ဝေဒနာသည် သားဖြစ်သူကို
အသုံးချပြီးငွေရှာဖို့ သူမ ကြံစည်ပါတော့တယ်။ သားဖြစ်သူဟာ
မကြောက်တတ်တာကြောင့် လူသတ်ရမယ့် အလုပ်ကို
အလွယ်လေးလုပ်ပေးနိုင်တာကို မိခင်ဟာ ကောင်းကောင်းသိပါတယ်။
ဒါကြောင့် မိခင်ဖြစ်သူဟာ သားဖြစ်သူ ကြေးစားလူသတ်သမားအတွက်
client ရှာပေးရသူဖြစ်လာပြီး သားဖြစ်သူဟာ လူတွေတစ်ယောက်ပြီး
တစ်ယောက်စသတ်ပါတော့တယ်။ နောက်ဆုံးအိမ်ပြန်ဝယ်နိုင်မယ့် ငွေပမာဏရနိုင်မယ့်
လူသတ်မှုလုပ်ရမယ့်အချိန်မှာတော့ အကြောက်အလန့်ကင်းသူကြီးအတွက်
မလွယ်ကူနိုင်တော့ပါဘူး။ ဘာက ခက်ခဲစေတာလဲ။ ဒီအခက်အခဲကို
အယ်မာကျော်ဖြတ်နိုင်ပါ့မလားဆိုတာတော့
စီးရီးလေးကြည့်ရင်း ရှာဖွေလိုက်ကြရအောင်ပါ။
File Size – (Appx;)@Episode
Quality – 1080p WEB DL
Duration –50minute (@Episode)
Total Episodes:6Eps
Subtitle – Myanmar Hardsub
Format – Mp4
Genre : Crime, Drama
Translator – CM Team
Encoder – YK
===Complete===
Related Keywords
The Gardener aka El jardinero (2025) mmsub, The Gardener aka El jardinero (2025) myanmar sub, The Gardener aka El jardinero (2025) burmese sub, The Gardener aka El jardinero (2025) မြန်မာစာတန်းထိုး