description
The Fragrant Flower Blooms With Dignity
Romantic Anime ကားလေးကြည့်ဖို့ရှာနေရင် ဒီကားလေးကိုညွှန်းပေးချင်ပါတယ်
ဇာတ်လမ်းအကျဉ်းကတော့ လုံးဝမတည့်ကြတဲ့ Chidoriအထက်တန်းကျောင်းနဲ့
ဘေးချင်းကပ်ရပ်မှာ Kikyo ဆိုတဲ့ မိန်းကလေးကျောင်းဆိုပြီး ရှိပါတယ်
Kikyo မိန်းကလေးကျောင်းမှာဆိုရင် ကျောင်းသူအများစုက ချမ်းသာပြီး
ဂုဏ်သိက္ခာရှိတဲ့ မိသားစုတွေကနေ ဆင်းသက်လာကြတာပါ
Chidoriအထက်တန်းကျောင်းကတော့ လုံးဝဆန့်ကျင်ဘက် ဂျလေဘီငကြောင် ကျောင်းသားတွေချည်းပါပဲ
တစ်နေ့မှာတော့ Chidoriကျောင်းက ကြမ်းတမ်းတဲ့အသွင်အပြင်နဲ့ စိတ်သဘောထားနူးညံ့တဲ့
အထက်တန်းဒုတိယနှစ်ကျောင်းသား Rintaro Tsumugi ဟာ
သူတို့မိသားစုဖွင့်ထားတဲ့ ကိတ်မုန့်ဆိုင်မှာ ဝင်ကူရင်း Kaoruko Waguriလို့ခေါ်တဲ့
ဈေးဝယ်ကောင်မလေးနဲ့ တွေ့ဆုံရဖို့အကြောင်းဖန်လာပါတယ်
Tsumugi အကြောင်းပြောရမယ်ဆိုရင်တော့ သူ့ရဲ့ ကြမ်းကြမ်းတမ်းတမ်းစရိုက်ကြောင့်
လူတွေက သူ့ကိုလူဆိုးကောင်ဆိုပြီး မကောင်းမြင်ကြပြီး တုန်နေအောင်ကြောက်ကြသလောက်
ကွယ်ရာမှာအတင်းတွေလည်းပြောကြပါသေးတယ် Tsumugi နဲ့
ထိပ်တိုက်တွေ့တဲ့သူတိုင်းက ကြောက်ပြီးထွက်ပြေးကြတဲ့အထိပါပဲ
Foodieလေးတစ်ယောက်ဖြစ်တဲ့ Waguriက Tsumugiတို့ဆိုင်မှာ
ကိတ်မုန့်တွေအများကြီးကို တစ်ယောက်တည်းလာစားနေတုန်း Tsumugiနဲ့ထိပ်တိုက်တွေ့ပါတော့တယ်
Tsumugiကလည်း ကောင်မလေးတစ်ယောက်တည်းအများကြီးမှာစားထားတာကိုမြင်ပြီးလန့်…
Waguriကလည်း ရှက်ပြီးလန့်ပြီး ထွက်ပြေးသွားပါတယ်
နောက်တစ်ရက်မှာတော့ ကောင်မလေးက လန့်ပြီးထွက်ပြေးသွားရတဲ့အတွက်
တောင်းပန်တဲ့အနေနဲ့ ကောင်လေးဆိုင်က ကိတ်မုန့်ကို ကောင်လေးကိုပြန်ပြီးဝယ်ကျွေးလိုက်ပါတယ်
ဒီလိုနဲ့ အပြန်လမ်းမှာ Tsumugiကို ကြည့်မရတဲ့ကောင်တွေက ကောင်မလေးကို
Tsumugiရဲ့ကောလာဟလတွေအတင်းတုတ်တော့
ကောင်မလေးက လူတစ်ယောက်ကို အပေါ်ယံကြည့်ပြီးမဆုံးဖြတ်ဖို့ပြောတော့
ကောင်မလေးကို ဝိုင်းအနိုင်ကျင့်ကြပါတယ်
အနိုင်ကျင့်နေတုန်း Tsumugiနဲ့တွေ့သွားတော့ အနိုင်ကျင့်တဲ့ကောင်တွေလည်း ထွက်ပြေးခဲ့ရပါတော့တယ်
ကောင်လေးလည်း ကောင်မလေးကိုစိတ်မချတာနဲ့ ဘူတာထိလိုက်ပို့ပေးရင်
း လမ်းမှာ ကောင်မလေးက ကောင်လေးကို ဟိုးအရင်ကတည်းကတွေ့ဖူးကြောင်း
ဘာညာဘာညာတွေ ပလီပလာကြရင်းနဲ့ကောင်မလေးက နောက်လည်းဆိုင်ကိုလာပြီး
ကိတ်မုန့်အတူတူစားကြမယ်လို့ကတိပေးရင်း အီစီကလီရိုက်သွားပါတယ်
နောက်ရက်ကျ ကျောင်းမှာကောင်လေးက ကောင်မလေးအကြောင်းတွေးနေရင်း
ပြတင်းပေါက်ကနေလှမ်းကြည့်လိုက်တော့ကောင်မလေးက သူတို့ကျောင်းနဲ့ဘေးချင်းကပ်ရပ်က
လုံးဝမတည့်ကြတဲ့ မိန်းကလေးကျောင်းကဖြစ်နေပါတယ်
လုံးဝမတည့်ကျတဲ ဆန့်ကျင်ဘက်ကျောင်းနှစ်ကျောင်းက ကောင်လေးနဲ့ကောင်မလေးဟာ
ဘယ်လိုအခက်အခဲတွေရင်ဆိုင်ပြီး ဘယ်လိုတစ်တီတူးကြမလဲဆိုတာ ရင်ခုန်စွာစောင့်ကြည့်ရမှာဖြစ်ပါတယ်
File size… 370 MB (Appx;)@Episode
Quality… WEB DL 1080p
Format… mp4
Duration…. 24m @Episode
Genre ….. Animation, Anime , Drama ,Comedy
Subtitle…. Myanmar Subtitle (Hard Sub)
Encoder…. Thit San Khant
Translated… by Na Ei
Season 1
EP 1 – UserDrive/ Yoteshin/ Megaup/ Telegram
EP 2 – UserDrive/ Yoteshin/ Megaup/ Telegram
EP 3 – UserDrive/ Yoteshin/ Megaup/ Telegram
EP 4 – UserDrive/ Yoteshin/ Megaup/ Telegram
EP 5 – UserDrive/ Yoteshin/ Megaup/ Telegram
>>>>> Ongoing <<<<<
Related Keywords
The Fragrant Flower Blooms with Dignity (2025) mmsub, The Fragrant Flower Blooms with Dignity (2025) myanmar sub, The Fragrant Flower Blooms with Dignity (2025) burmese sub, The Fragrant Flower Blooms with Dignity (2025) မြန်မာစာတန်းထိုး