description
The Four Seasons (2025)
ဒီ Netflix မီနီဇာတ်လမ်းတွဲလေးကို ၁၉၈၁ ခုနှစ်ရဲ့ “The Four Seasons” ရုပ်ရှင်ကို အခြေခံပြီး ပြန်လည်ဖန်တီးထားတာဖြစ်ပြီး၊
Tina Fey, Lang Fisher နဲ့ Tracey Wigfield တို့ပူးတွဲရေးသားထားတာဖြစ်ပါတယ်။ ဇာတ်လမ်းမှာ မိသားစုသုံးခုတို့ဟာ
ရာသီတိုင်းအပန်းဖြေခရီးထွက်ပြီး မိသားစုရေးရာတွေနဲ့ ထိတွေ့ဆက်ဆံရေးဆိုင်ရာ အခက်အခဲတွေကို ကြုံတွေ့ဖြတ်သန်းကြရတာကို
မြင်ရမှာဖြစ်ပါတယ်။ ဟာသနဲ့ဒရာမာကိုပေါင်းစပ်ထားပြီး မိသားစုဆက်ဆံရေး၊ မိဘနှစ်ဦးကြားချစ်ခြင်း၊
နှစ်ရှည်ပေါင်းသင်းလာကြတဲ့ သူငယ်ချင်းတွေကြားက စိန်ခေါ်မှုတွေကို အကောင်းဆုံး မီးမောင်းထိုး ဖော်ပြထားပါတယ်။
ဇာတ်လမ်းအကျဥ်း
ငယ်စဉ်ကတည်းက မိတ်ဆွေဖြစ်ကြတဲ့ အိမ်ထောင်ရှင် သူငယ်ချင်းသုံးတွဲ၏ ဇာတ်လမ်းလေးဖြစ်ပါတယ်။
သူတို့က ရာသီလေးရာသီတိုင်းအပန်းဖြေခရီး အတူသွားတတ်ကြပါတယ်။ တစ်နေ့မှာ နစ်ခ်ဟာ သူ့ဇနီး အန်းကိုကွဲချင်ကြောင်း ပြောလာပါတယ်။
နောက်ပြီး သူ့ရဲ့ စမောရည်းစားလေး ဂျင်နီကို မိတ်ဆက်လာတဲ့အခါ မျှော်လင့်ချက်မထားတဲ့ ပြဿနာတွေစတင်လာပါတယ်။ ဒီအတွဲတွေကြားမှာ
ငယ်ငယ်တုန်းကလိုမျိုး မျှတမှုမရှိတော့တဲ့ ခံစားချက်တွေ အတွေးအခေါ်အမြင်ပြောင်းလဲမှုတွေ၊ ကိုယ်ရေးကိုယ်တာပြဿနာများနဲ့ ရင်ဆိုင်လာကြရပါတယ်။
ဂျက်ခ်နှင့် ကိတ်ထ် တို့မှာလည်း အမည်မဖော်နိုင်တဲ့ကျန်းမာရေးပြဿနာတွေ ဒန်နီနဲ့ ခလော့ဒ်တို့ လိင်တူစုံတွဲကြားမှာလည်း ယုံကြည်မှုနှင့်
အတွေးအခေါ် အယူအဆမတိုက်ဆိုင်တဲ့ ပြဿနာတွေဖြစ်လာပါတယ်။ ဇာတ်လမ်းလေးမှာ တစ်ဦးနှင့်တစ်ဦးကြား ဆက်ဆံရေး၊ ချစ်ခြင်းမေတ္တာနဲ့
အသက်ကြီးလာတာအတွက် ဖြစ်နိုင်သောအပြောင်းအလဲများကို ခံစားသိရှိခံစားစေပြီး ချစ်ခြင်းမေတ္တာနဲ့
နားလည်မှုဆိုတဲ့အရာကို ပိုသိရှိသဘောပါက်စေနိုင်မှာပဲဖြစ်ပါတယ်။
အညွှန်းနဲ့ဘာသာပြန်ကတော့ Channel Myanmar Team ကပဲဖြစ်ပါတယ်ခင်ဗျာ။
File Size – 600 MB(Appx;)@Episode
Quality – 1080p WEB DL
Duration – 40minute (@Episode)
Total Episodes:8Eps
Subtitle – Myanmar Hardsub
Format – Mp4
Genre : Comedy
Translator – Channel Myanmar Team
Encoder – YK
===== Complete =====
Related Keywords
The Four Seasons (2025) mmsub, The Four Seasons (2025) myanmar sub, The Four Seasons (2025) burmese sub, The Four Seasons (2025) မြန်မာစာတန်းထိုး