channelmyanmar သည် 4K၊ 1080P၊ 720P ကဲ့သို့သော လူကြိုက်များသည့် အရည်အသွေးများနှင့်အတူ မြန်မာစာတန်းထိုးဖြင့် ရုပ်ရှင်များကို အခမဲ့ ကြည့်ရှုရန်နှင့် ဒေါင်းလုဒ်လုပ်ရန်အတွက် ဝဘ်ဆိုဒ်တစ်ခုဖြစ်ပြီး နေ့စဉ်အမြန်ဆုံးအပ်ဒိတ်လုပ်ပေးနေပါသည်။

The Bachelor (1999)

The Bachelor (1999)
  • other name

    updating

  • author

    updating

  • status

    ongoing

  • genres

    updating

  • views

    0

rating: 5/5 - 1 votes.

description

အခုတစ်ခေါက်က The Bachelor (1999) ဆိုတဲ့ ရိုမန်တစ်ကားလေးကြည့်ဖြစ်တယ်။ ဒီဇာတ်ကားက ရိုတယ်ဆိုပေမယ့် ဟာသလေးတွေနဲ့ ပေါ့ပေါ့ပါးပါး ရောထားတော့ ကြည့်ရတာ စိတ်အပန်းဖြေဖို့ ကောင်းတာပေါ့။ ဒါက Seven Chances (1925) ဆိုတဲ့ကားကို ပြန်လည်ရိုက်ကူးထားတာလို့လည်း သိရတယ်။

ဇာတ်လမ်းကတော့ ဂျင်မီရှန်နွန် (Chris O’Donnell) ဆိုတဲ့ လူပျိုကြီးတစ်ယောက်အကြောင်း။ သူက အိမ်ထောင်ရေးဆိုတာကို သိပ်မစဉ်းစားတဲ့သူ လွတ်လွတ်လပ်လပ် နေရတာကိုပဲ သဘောကျတယ်။ ဒါပေမယ့် သူ့ရည်းစား အန်နီ (Renée Zellweger) ကတော့ အိမ်ထောင်ပြုဖို့ မျှော်လင့်နေတာပေါ့။ တစ်နေ့ ဂျင်မီက အန်နီကို လက်ထပ်ခွင့်တောင်းဖို့ ကြိုးစားပေမယ့် သူ့စကားတွေက တကယ့်ကို အဆင်မပြေလို့ အန်းက စိတ်ဆိုးပြီး ထွက်သွားတယ်။ ဒီမှာ ပြဿနာက စတာပဲ။

ဂျင်မီရဲ့ အဘိုးဖြစ်သူ ဆုံးသွားပြီး သူ့ကို ဒေါ်လာ ၁၀၀ သန်းတန် မိသားစုလုပ်ငန်းကို အမွေပေးထားတယ်လို့ သိရတယ်။ ဒါပေမယ့် အမွေရဖို့ သူ မနက်ဖြန်ည ၆:၀၅ မတိုင်ခင် အိမ်ထောင်ပြုရမယ်ဆိုတဲ့ စည်းကမ်းတစ်ခုပါလာတယ်။ ပြီးတော့ လက်ထပ်ပြီး ၁၀ နှစ်အတွင်း တစ်ပတ်ထက်ပိုပြီး မိန်းမနဲ့ ခွဲမနေရဘူး ၅ နှစ်အတွင်း ကလေးယူဖို့ ကြိုးစားရမယ် စသဖြင့် စည်းကမ်းတွေ ရှိသေးတယ်။ ဒီတော့ ဂျင်မီ အချိန်မီ သူ့ရည်းစားဟောင်းတွေကို ပြန်လိုက်ရှာရင်း လက်ထပ်ဖို့ ကြိုးစားရတာပေါ့။ ဒီလိုနဲ့ သူ့သူငယ်ချင်း မာကို (Artie Lange) နဲ့ ဖာသာတယောက် (James Cromwell) ပါ ပါလာပြီး ဆန်ဖရန်စစ္စကိုမြို့ထဲမှာ ဗရမ်းဗတာ လက်ထပ်ဖို့သတို့သမီးလိုက်ရှာ​​တာ။ တစ်ချိန်တည်းမှာပဲ ဂျင်မီရဲ့ သူငယ်ချင်းတစ်ယောက်က သူ့အတွက် သတို့သမီးရှာဖို့ သတင်းစာမှာ ကြော်ငြာထည့်လိုက်တော့ မြို့ထဲက မိန်းကလေးတွေ သတို့သမီးဝတ်စုံတွေနဲ့ ဂျင်မီနောက်ကို လိုက်ပြေးကြတာ တကယ်ရယ်ရပါတယ်။

ဒီဇာတ်ကားက အဓိကအားဖြင့် ဂျင်မီတစ်ယောက် သူ့ရဲ့ အချစ်စစ်ကို ပြန်ရှာတွေ့ဖို့ ကြိုးစားရင်း ဘဝမှာ အိမ်ထောင်ရေးရဲ့ တန်ဖိုးကို နားလည်လာတဲ့ အကြောင်းပါ။ Chris O’Donnell နဲ့ Renée Zellweger က ချစ်စရာကောင်းတဲ့ ဇာတ်ကောင်တွေအဖြစ် သရုပ်ဆောင်ထားပြီး ဟာသအပိုင်းမှာ Artie Lange တို့ James Cromwell တို့က အတော်လေး ထောက်ပံ့ပေးထားတယ်။ ဒါ့အပြင် Mariah Carey, Brooke Shields, Sarah Silverman တို့လို နာမည်ကြီးတွေ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ထားတာလည်း စိတ်ဝင်စားစရာပဲ။ ဇာတ်လမ်းက နည်းနည်းတော့ တကယ်မဖြစ်နိုင်တဲ့ အနေအထားတွေ ပါတယ်။

ဥပမာ မိန်းကလေးတွေ ရုတ်တရက် သတို့သမီးဝတ်စုံတွေနဲ့ ဂျင်မီနောက်ကို လိုက်ပြေးကြတာမျိုး။ ဒါပေမယ့် ဒီလို ပေါ့ပေါ့ပါးပါး ဟာသလေးတွေက ကြည့်ရတာ ပျော်ဖို့ကောင်းတယ်လေ။ ရိုမန်တစ်ဆန်ဆန်နဲ့ ရယ်လည်းရယ်ရတဲ့ ဇာတ်ကားမျိုးကို ကြိုက်တတ်တဲ့သူဆို ဒီကားလေးက အေးအေးလူလူနဲ့ ကြည့်လို့ကောင်းမှာပါ။

File size… (1.9 GB) / (1 GB)
Quality….HEVC / 1080p HEVC / 720p
Format…. mkv/mp4
Duration….01:48:00
Genre…Comedy, Romance 
Subtitle….Myanmar Subtitle (Hardsub)
Encoder….Swan Min Htet
Translated by Min Khant 

  • Download Links Server Size Quality

Related Keywords

The Bachelor (1999) mmsub, The Bachelor (1999) myanmar sub, The Bachelor (1999) burmese sub, The Bachelor (1999) မြန်မာစာတန်းထိုး