description
The Ark(2023)
============
ဒီတစ်ခေါက်မှာတော့ science fiction နဲ့ mystery ဘက်ကို သွားတဲ့
အမေရိကန် series လေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဇာတ်လမ်းကိုတော့ လာမယ့် နှစ်တစ်ရာကျော် အနာဂတ်ကာလမှာ
ဇာတ်အိမ်တည်ထားပြီး အာကာသယာဉ်ကြီးတစ်ခုရဲ့ ပေါက်ကွဲမှုနဲ့
အစပြုထားပါတယ်။အဲ့ဒီယာဉ်ရဲ့နာမည်ကတော့ ARK ONE ပါ။
ကမ္ဘာကြီးဟာ လူတွေနေထိုင်ဖို့အတွက် တဖြည်းဖြည်းဆိုးဝါးလာပြီး
လူသားမျိုးနွယ်တွေ မကြာခင်မျိုးသုဉ်းသွားနိုင်တာမို့ ကမ္ဘာ့နယ်ပယ်
အသီးသီးက အတော်ဆုံးဆိုတဲ့လူတွေကို ARK ONE လို ယာဉ်ကြီးတွေပေါ်
တင်ပေးလိုက်ပြီး အခြေချနေထိုင်ဖို့ နယ်မြေအသစ်တွေ ရှာဖွေစေပါတယ်။
အဲ့ဒီလူတွေထဲမှာ စစ်မြေပြင်ကျွမ်းကျင်သူတွေ၊အင်ဂျင်နီယာတွေ၊စိုက်ပျိုးရေးပညာရှင်တွေ၊
အုပ်ချုပ်ရေးပညာရှင်တွေ စသဖြင့် လူမျိုးစုံပါဝင်ပါတယ်။
ဖြစ်ချင်တော့ ARK ONE ဟာ မူလရည်ရွယ်ထားတဲ့ ဂြိုလ်ကို မရောက်ခင်မှာပဲ
တစ်စုံတစ်ခုကြောင့် ထိခိုက်ပျက်စီးမှုတွေ ကြုံလိုက်ရပါတယ်။
အဲ့ဒီပျက်စီးမှုတွေနဲ့အတူ ပါလာတဲ့လူဦးရေရဲ့ တစ်ဝက်ကျော်ဟာ
သေဆုံးသွားပြီး ဒီစစ်ဆင်ရေးကို ဦးဆောင်မယ့် ခေါင်းဆောင်ပိုင်းတွေပါ အကုန်ပါသွားပါတယ်။
မူလအစီအစဉ်အရ ခရီးဆုံးကိုရောက်မှ နှိုးရမှာဖြစ်တဲ့ လူတွေဟာလည်း ဘာမှမရှိတဲ့
အာကာသဟင်းလင်းပြင်ကြီးအလယ်မှာ နိုးလာခဲ့ပြီး သူတို့ဟာ ခရီးဆုံးကိုရောက်ဖို့
တစ်နှစ်နီးပါး ဆက်သွားရန် လိုသေးကြောင်း နဲ့ နဂိုအစီအစဉ်အတိုင်း ပြင်ဆင်ထားတဲ့ ရေနဲ့အစာဟာ
လေးပတ်စာပဲ ရှိတော့ကြောင်း သိလိုက်ရပါတယ်။
ဒီလူတွေဟာ အာကာသဟင်းလင်းပြင်ကြီးအလယ်မှာ ဘယ်လိုတွေရှင်သန်ကြမလဲ ၊
အသက်ရှင်ဖို့အတွက် ဘယ်လိုတွေ ရုန်းကန်ကြံဆကြမလဲဆိုတာ
ဒီ series မှာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမှာဖြစ်ပါတယ်။
Show runner ကတော့ Dean Devlin ဖြစ်ပြီး သူ့လက်ရာတွေထဲမှာ
Geostorm , Independence Day, Godzilla စတဲ့ ဇာတ်ကားတွေဟာ
လူသိများထင်ရှားပါတယ်။
File Size – 1.06GB @Episode
Quality – 1080p WEB DL
Duration – 50 minute (@Episode)
Total Episodes: 12 Eps
Subtitle – Myanmar Hardsub
Format – Mp4
Genre – Sci-fi & Fantasy
Translator –CM Team
Encoder – YK
====Season 1 Complete ====
The Ark (Season2) 2024
IMDb- 5.7/10
Rotten tomatoes- 84%
Science-fiction, mystery, drama အမျိုးအစားဖြစ်ပြီး Syfy ကနေ ၂၀၂၃ ခုနှစ်က စတင်ထုတ်လွှင့်လိုက်တဲ့
အာကာသနယ်လွန်သိပ္ပံဇာတ်လမ်းတွဲဖြစ်ပါတယ် အခု ၂၀၂၄ မှာ season 2 ထွက်ရှိထားတာဖြစ်ပြီး
ဇာတ်လမ်းအကျဉ်းကတော့…
The Ark မှာဆိုရင် Ark ဆိုတဲ့အာကာသနယ်လွန်ယာဉ်ပျံကြီးတွေနဲ့ လူသားမျိုးနွယ်စု
အသက်ရှင်ရပ်တည်ဖို့ ဂြိုဟ်အသစ်တွေလိုက်ရှာကြတဲ့ စွန့်စားသိပ္ပံဇာတ်လမ်းတွဲတစ်ခုပါ
လူသားမျိုးနွယ်စုကြီးတစ်ခုအဖြစ်ရှင်သန်နိုင်ဖို့ ယာဉ်တစ်ခုချင်းစီအလိုက် အဖွဲ့အစည်းတစ်ခုစီက
ကိုယ်ဦးတည်ချက်ထားတဲ့နေရာဆီသွားရောက်ရင်း လမ်းမှာကြုံတွေ့ရသမျှကို ဖြေရှင်းကြတဲ့ပုံစံမျိုးနဲ့ တင်ဆက်ပေးထားတာဖြစ်ပြီး
ခံစားချက်ရသစုံအောင်ပါဝင်ထားတဲ့အပြင် ပါဝင်တဲ့သိပ္ပံနည်းပညာဆိုင်ရ
ာတွေကလဲ ရိုးရှင်းပြီး ပေါ့ပေါ့ပါးပါးကြည့်နိုင်မယ့်စီးရီးတစ်ခုပါ။
၂၀၂၃ခုနှစ်မှာ Season1 ထွက်ရှိပြီးတည်းက မျှော်နေကြသူတွေအတွက် ၂၀၂၄အောက်တိုဘာမှာ Season 2 ထွက်ရှိလို့လာပါပြီ။
ဒီမှာတော့ Ark1 ယာဉ်ကြီးပေါ်မှာ ကပ္ပတိန်ဂါးနက်ဦးဆောင်တဲ့ ဒီလူ့အဖွဲ့အစည်းကြီးတစ်ခု ကိုယ့်ဦးတည်ချက်ဆီသွားရင်း
ဂြိုဟ်ဆီရောက်ဖို့တစ်နှစ်အလိုမှာပဲ မမျှော်လင့်ထားတဲ့ပြဿနာတွေ လာရောက်တိုက်ခိုက်မှုတွေကို ရင်ဆိုင်ရတာနဲ့အစပျိုးထားပြီး ၁၂ပိုင်းရှိတဲ့အထဲ
တစ်ပိုင်းချင်းစီမှာ သူတို့ပြဿနာဖြေရှင်းပုံတွေ အဓိကအဖွဲ့လိုက်စိတ်ဓာတ်နဲ့ ဘယ်လိုမျိုးဖြေရှင်းသွားမလဲ
တိုးတက်လာတဲ့နည်းပညာနဲ့ စမ်းသပ်တီထွင်မှုဆန်းတွေကိုပါ အတူယှဉ်တွဲကြည့်နိုင်မှာပဲဖြစ်ပါတယ်။
ဇာတ်လမ်းနဲ့ အညွှန်းကို CM Team မှတင်ဆက်အားဖြည့်ပေးထားတာဖြစ်ပါတယ်။
File Size – 1GB @Episode
Quality – 1080p WEB DL
Duration – 40 minute (@Episode)
Total Episodes: 12 Eps
Subtitle – Myanmar Hardsub
Format – Mp4
Genre – Sci-fi & Fantasy
Translator –CM Team
Encoder – YK
====Season 2 Complete ====
Related Keywords
The Ark(2023) mmsub, The Ark(2023) myanmar sub, The Ark(2023) burmese sub, The Ark(2023) မြန်မာစာတန်းထိုး