description
Teogonia (2025)
MyAnimeList – 6.8/10, IMDb rating – 7/10
ထူးထူးဆန်းဆန်း demi-human တွေနဲ့ တိုက်ခိုက်ပြီး Survive လုပ်ရတဲ့
Dark Fantasy Anime မျိူးကို ကြိုက်တဲ့သူတွေဆိုရင်တော့ ဒီတစ်ခေါက်
တင်ဆက်ပေးမယ့် Anime Series လေး အကြိုက်တွေ့စေမှာ သေချာပါတယ်။
ဇာတ်လမ်းကတော့ Lag ဆိုတဲ့ ရွာလေးကို demi-human တွေ လာပြီး
တိုက်ခိုက်တာကနေ အစချီထားပါတယ်။ အဲဒီခေတ်က ရွာတိုင်း နယ်မြေတိုင်းမှာ
နယ်မြေနတ်ဘုရားက ကာကွယ်ပေးထားတဲ့ စောင့်ရှောက်သူ ကိုယ်စီရှိကြပြီး
သူတို့အတွက် demi-human တွေကို သတ်ပြီးရလာတဲ့ နတ်ကျောက်တုံးတွေကို
စားဖို့ပေးရပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ အဲဒီရွာက demi-human
တိုက်ခိုက်ရေးတပ်ဖွဲ့က Kai ဆိုတဲ့ကောင်လေးဟာ သူ့ဘော်ဒါတစ်ယောက်နဲ့
လေ့ကျင့်နေရင်း ဒဏ်ရာရသွားပြီး အခြားကမ္ဘာလိုလို အတိတ်လိုလို နေရာတစ်ခုကို
မြင်လိုက်ရပါတယ်။ တကယ်တော့ သူက အဲဒီလို သူ့ရဲ့ အတိတ်လိုလို အိပ်မက်လိုလို
မမြင်ဖူး၊ မကြားဖူးတဲ့အရာတွေကို မြင်နေကြားနေရတာ ကြာနေပါပြီ။
အဲဒါ သူက အဲဒီအိပ်မက်လိုလို အရာထဲကနေမှ မှော်ပညာဆိုတာကို သိခဲ့ရပြီး
တိုက်ပွဲတွေမှာ အနိုင်ရဖို့နဲ့ သူ့ရဲ့ နယ်မြေကို ကာကွယ်နိုင်ဖို့ သူ့ဆီမှာ အံ့ဩစရာကောင်းတဲ့
စွမ်းရည်ရှိမှ ဖြစ်မယ်ဆိုပြီး မှော်ပညာရှိလာဖို့ ကြိုးစားပါရော။ ဒီလိုနဲ့ တစ်နေ့မှာ
demi-human တွေနဲ့ တိုက်ခိုက်ရင်း နတ်ကျောက်တုံးကို တစ်ယောက်တည်းစားပစ်လိုက်တော့
သူ့ခန္ဓာကိုယ်က မဟားတရား သန်မာလာပြီး စောင့်ရှောက်သူလိုလို ဘာလိုလို
အစွမ်းနဲ့ သင်္ကေတတွေ ထွက်လာတဲ့အခါ…..
ဒီမှာတင် Kai တစ်ယောက် သူလိုချင်တဲ့ အံ့ဩစရာ စွမ်းရည်တွေကို ရရှိပြီး
စောင့်ရှောက်သူ ဖြစ်သွားမှာလား၊ သူ့ရဲ့ နယ်မြေကိုရော ကာကွယ်နိုင်ပါ့မလား၊
“အားကြီးသူက ရရှိပြီး အားနည်းသူက ဆုံးရှုံးရတယ်” ဆိုတဲ့ ကမ္ဘာကြီးမှာရော
Kai တစ်ယောက် survive လုပ်နိုင်ပါ့မလားဆိုတာ ရင်တမမနဲ့ စောင့်ကြည့်ရမယ့်
Series လေး ဖြစ်ပါတယ်။ ထုတ်လုပ်ပေးတဲ့ Studio ကတော့ Asahi Studio ပဲဖြစ်ပြီး
Dark Fantasy ကိုမှ Isekai Anime အမျိုးအစားလေးဆိုတော့ နောက်ပိုင်းမှာ
ဘယ်လို လှည့်ကွက်တွေ အလှည့်အပြောင်းတွေ လာဦးမလဲဆိုတာကို ရင်ခုန် စိတ်လှုပ်ရှားစွာ
ကြည့်ရှူခံစားပေးကြပါဦးရှင်။
(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Anime Team ဖြစ်ပါတယ်)
File size… 400 MB (Appx;)@Episode
Quality… WEB DL 1080p
Format… mp4
Duration…. 23m @Episode
Genre ….. Animation, Action, Fantansy
Subtitle…. Myanmar Subtitle (Hard Sub)
Encoder…. Thit San Khant
Translated… by CM Anime Team
Season 1
Ep 1 – Userdrive / Megaup / Yoteshin / Telegram
Ep 2 – Userdrive / Megaup / Yoteshin / Telegram
Ep 3 – Userdrive / Megaup / Yoteshin / Telegram
Ep 4 – Userdrive / Megaup / Yoteshin / Telegram
Ep 5 – Userdrive / Megaup / Yoteshin / Telegram
Ep 6 – Userdrive / Megaup / Yoteshin / Telegram
Ep 7 – Userdrive / Megaup / Yoteshin / Telegram
Ep 8 – Userdrive / Megaup / Yoteshin / Telegram
Ep 9 – Userdrive / Megaup / Yoteshin / Telegram
Ep 10 – Userdrive / Megaup / Yoteshin / Telegram
Ep 11 – Userdrive / Megaup / Yoteshin / Telegram
Ep 12 – Userdrive / Megaup / Yoteshin / Telegram
>>>>> Complete <<<<<
Related Keywords
Teogonia (2025) mmsub, Teogonia (2025) myanmar sub, Teogonia (2025) burmese sub, Teogonia (2025) မြန်မာစာတန်းထိုး