description
Springtime (2004)
******************
IMDb rating 7.1 ရရှထားတဲ့ ဒီကားလေးမှာတော့ ရုန်းကန်နေရတဲ့ ဂီတပညာရှင်
တစ်ယောက်အဖြစ် မင်းသားကြီး Choi Min Sik က ပါဝင်ထားပြီး ဆိုးလ်မြို့ကနေ
ထွက်ခွာကာဆင်ခြေဖုံးမြို့လေးတစ်မြို့မှာ လေမှုတ်တူရိယာဂီတအဖွဲ့ဆရာ အနေနဲ့
သွားလုပ်တဲ့အကြောင်းလေးကို စိတ်အပန်းဖြေ ပေါ့ပေါ့ပါးပါး ကြည့်လို့ရအောင်
ရိုက်ကူးထားတာပဲဖြစ်ပါတယ် ..
ဇာတ်လမ်းအကျဉ်း
**************
ထရမ်းပတ်တီးတဲ့သူ ဟျွန်းအူကတော့ ဂီတကို တန်ဖိုးထားပြီး ပိုက်ဆံကြောင့်ဂီတကို
လုပ်တာမျိုး မဖြစ်စေရဘူးဆိုတဲ့ သဘောတရားကို လက်ခံထားတဲ့သူ ဖြစ်ပါတယ် ..
သို့ပေမဲ့ အလုပ်အကိုင်အတည်တကျ မရှိတဲ့အခြေအနေမှာတော့ သူ့အတွက်
နေထိုင်စားသောက်ဖို့တင်မက လူမှုရေးအပိုင်းတွေမှာ လိုအပ်ချက်တွေရှိလာပြီး
ရှင်သန်ရတဲ့ဘဝကြီးက ပင်ပန်းလာနေခဲ့တယ် ..
ဘဝကြီးက ပြန်လည်စတင်ဖို့အတွက် ဟျွန်းအူဟာ ကျေးလက်မြို့လေးဖြစ်တဲ့
ဒိုဂယ်က အလယ်တန်းကျောင်းတစ်ခုရဲ့ လေမှုတ်တူရိယာအဖွဲ့ဆရာအဖြစ်
အလုပ်လျှောက်ဖို့ ဖြစ်လာခဲ့ပါတယ် ..
ဒိုဂယ်အလယ်တန်းကျောင်းက လေမှုတ်တူရိယာအဖွဲ့က ကလေးလေးတွေကတော့
ပြိုင်ပွဲမှာ ဆုရချင်လို့ ကြိုးစားနေကြပေမဲ့ ကျေးလက်မြို့လေးက အဖွဲ့ဖြစ်တဲ့အလျောက်
ကလေးတွေမှာလည်း လိုအပ်ချက်တွေများစွာရှိနေတာကို တွေ့ခဲ့ရတယ် ..
တခြားနေရာမှာဒေါသကြီးပေမဲ့ ကလေးတွေအပေါ်မှာတော့ အလိုလိုက်ပြီး ချစ်ခင်
ပေးတတ်တဲ့ ဟျွန်းအူက .. ဆိုးလ်မြို့ကနေလာခဲ့တဲ့ဆရာကို သဘောကျအထင်ကြီးနေကြတဲ့
ကလေးတွေနဲ့တွေ့ပြီး ဘယ်လိုဦးဆောင်ကြီးကြပ်သွားမလဲ…
ဟျွန်းအူရဲ့လမ်းပြမှုအောက်မှာ တကယ်ပဲတိုးတက်လာကြပြီး ပြိုင်ပွဲမှာဆုရသွားမလား…
ဟျွန်းအူရဲ့ဘဝကရော ဘယ်လိုတွေဖြစ်သွားမလဲ….ဆိုတာတွေကို ဆရာနဲ့တပည့်တွေ
hemistry မိမိ သရုပ်ဆောင်ထားတာကြောင့် ကြည့်ရင်းနွေးထွေးမှုကို ခံစားရစေမယ့်
ကားလေးဖြစ်ဖြစ် ကြည့်လိုက်ကြပါဦးနော် ..
(အညွှန်းကို Vanessa မှ ရေးသားထားပါတယ်)
File size…1.81GB / 823MB
Quality… WEB-DL 1080p/ 720p
Format…mp4
Duration….2 hr. 8 min.
Genre ….. Music, Drama
Subtitle….Myanmar Subtitle (Hard Sub)
Translated by Vanessa
Encoded by AHtet
Related Keywords
Springtime (2004) mmsub, Springtime (2004) myanmar sub, Springtime (2004) burmese sub, Springtime (2004) မြန်မာစာတန်းထိုး