description
Special OPS (2020)
အိန္ဒိယမှာ တကယ်ဖြစ်ခဲ့ဖူးတဲ့ Mumbai 26/11 အကြမ်းဖက်မှု ၊ ၂၀၀၁ ပါလီမန်အိမ်တိုက်ခိုက်ခံရမှုလိုမျိုး
တကယ့်အဖြစ်အပျက်တွေကို အခြေခံရိုက်ထားတဲ့စီးရီးဖြစ်ပါတယ် ပါဝင်ထားတဲ့မင်းသားတွေကလည်း
Key Key Menon ၊ Karan Tacker တို့လို တောင့်တောင့်ဖြောင့်ဖြောင့် အက်ရှင်မင်းသားတွေချည်းပါပဲ
ဇာတ်လမ်းအညွှန်း
၂၀၀၁ ပါလီမန်အိမ်တော်တိုက်ခိုက်ခံရမှုကြောင့် ရဲနဲ့ပြည်သူဘက်ကလည်း နစ်နာမှုကြီးမားခဲ့ရသလို ရဲတွေဘက်က
ရတဲ့သတင်းအစအနနဲ့ ဘဏ္ဍာရေးလမ်းကြောင်းတွေ လိုက်လံပိတ်ဆို့ခံတဲ့အတွက်
အကြမ်းဖက်အဖွဲ့တွေမှာလည်း အထိနာကုန်ပါတယ်။
အကြမ်းဖက်အဖွဲ့ရဲ့ ထိပ်သီးပိုင်းခေါင်းဆောင်တွေက ကိုယ့်အထုပ်ကိုယ်ပိုက်ရင်းနဲ့
ပုန်းအောင်းကြကုန်တော့ လက်အောက်ခံအဖွဲ့ခွဲတွေမှာ ငွေပြတ်လပ်တဲ့ပြဿနာကြုံရပါတော့တယ်။
ဒီတော့ ဇာတ်လိုက်ကျော်ကြီးဟင်းမတ်(Menon)ကလည်း သူရထားတဲ့အချက်အလက်နဲ့ အခြေအနေကို
အသုံးချလို့ သူနှစ်ရှည်လများ လိုက်လံရှာဖွေနေခဲ့တဲ့ အီကလက်ခန်းရဲ့ ညာလက်ရုံးဖြစ်တဲ့ ဝါဆင်းကို
ငွေထုပ်နဲ့မျှားရင်း သဲလွန်စရချိန်မှာ အမိဖမ်းဖို့ပြင်ဆင်ပါတော့တယ်။
ဒီစစ်ဆင်ရေးအတွက် သူရွေးချယ်ခဲ့သူကတော့ သူကိုယ်တိုင် ၅ နှစ်တိတိ လေ့လာခဲ့တဲ့ ဖာရုအလီ(Karan)ပါပဲ။
ဝါဆင်းကိုရှင်းပြီးတော့ UAEမှာဆက်နေခဲ့တဲ့ ဖာရုတစ်ယောက် ဆက်လက်စုံစမ်းရင်းနဲ့ တစ်ချိန်က ၂၀၀၁ ခုနှစ်
ပါလီမန်တိုက်ခိုက်ခံရမှုကစတင်လို့ ပုံစံခပ်ဆင်ဆင်နဲ့ ဖြစ်လာသမျှ အကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်က
ကြိုးကိုင်သူလို့ ဟင်းမတ်သံသယဝင်နေတဲ့ အီကလက်ခန်းရဲ့သတင်းအစအနကို ရလာတဲ့အခါမှာတော့…
နှစ်ဆယ်နဲ့ချီ စုံစမ်းစစ်ဆေးမှုရဲ့ မနည်းလှတဲ့ အသုံးစရိတ်တွေကြောင့် စစ်ဆေးခံနေရတာကတစ်ကြောင်း၊
အီကလက်ခန်းဆိုတာ တကယ်ရှိကြောင်း လက်ဆုပ်လက်ကိုင် သက်သေမပြနိုင်တာကတစ်ကြောင်းနဲ့
အထက်အရာရှိတွေ ကြပ်တာခံနေရတဲ့ဟင်းမတ်တစ်ယောက် သူကိုယ်တိုင်ရွေးချယ်ထားတဲ့
ဖာရုအလီအပါအဝင် အေးဂျင့် ၅ ယောက်နဲ့အတူ နောက်ကွယ်ကကြိုးကိုင်သူကို
ရှာဖွေဖော်ထုတ်နိုင်မလားဆိုတာ အားလုံးအတူတူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။
အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ ToMo ~ Alex ~ Cherry ~ BpL ~ Yunni ~ YH တို့ပဲဖြစ်ပါတယ်
Quality : 800MB / 400MB
Total Episodes : 8Eps
Format : mp4
Genres : Action ~ Thriller
Duration : 50min
Subtitle : Myanmar Subtitle ( Hardsub )
Translated by ToMo ~ Alex ~ Cherry ~ BpL ~ Yunni ~ YH
Encoded by YK
720p
1080p
Special Ops (2025) Season 2
“အထူးစစ်ဆင်ရေး”
၂၀၂၀ တုန်းက ထွက်ရှိထားခဲ့တဲ့ ဇာတ်လမ်းတွဲလေးဟာ အခု ၂၀၂၅ မှာ နောက်ထပ် တစ်စီစင်ထွက်ရှိလာပါပြီ
ဒီစီးရီးဟာ အိန္ဒိယမှာ တကယ်ဖြစ်ခဲ့ဖူးတဲ့ Mumbai 26/11, ၂၀၀၁ ပါလီမန်တိုက်ခိုက်ခံရမှုတို့လို
အဖြစ်အပျက်တွေကို အခြေခံပြီးရိုက်ကူးထားကာ နိုင်ငံနဲ့ချီတဲ့ဇာတ်လမ်းမျိုးတွေ
ကြိုက်တဲ့ပရိသတ်တို့ တောင်းဆိုကြလို့ ထပ်မံတင်ဆက်ပေးလိုက်ပါတယ်
စုစုပေါင်း အပိုင်းခုနစ်ပိုင်းကို သောကြာကနေ ကြာသပတေးနေ့အထိ တစ်ပိုင်းစီ ခေါင်းစဉ်တပ်ထားပြီး
တိုတောင်းတဲ့အချိန်အတွင်းမှာ လျင်လျင်မြန်မြန် ဆုံးဖြတ်ချက်တွေချကြမှာပါ
ဇာတ်လမ်းအကျဉ်းကတော့ နိုင်ငံခြားက နည်းပညာမိတ်ဆက်ပွဲတစ်ခုမှာ အိန္ဒိယလူမျိုးသိပ္ပံပညာရှင်
ဒေါက်တာကြီး မိန့်ခွန်းပြောကြားပြီး ပြန်ဆင်းအလာမှာပဲ မျက်နှာဖုံးတွေက သူ့ကိုပြန်ပေးဆွဲသွားတာပါ
တစ်ချိန်တည်းမှာပဲ RAW အေးဂျင့်တစ်ဦးပါ လုပ်ကြံခံလိုက်ရတော့ ဇာတ်လိုက်ဆရာကြီးဟင်းမတ်တစ်ယောက်
ဒေါက်တာ့ကိုကယ်ဆယ်ရေးလုပ်ရမယ့်အပြင် အေးဂျင့်လုပ်ကြံခံရမှုနဲ့ အမှုနှစ်ခုလုံးနောက်ကွယ်က
ဆက်စပ်မှုကို ဘယ်လိုအဖြေရှာသွားမှာလဲ ပရိသတ်တို့ပဲ ရှုစားအားပေးပါဦး
အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်
File Size – 1.5 GB (Appx;)@Episode
Quality – 1080p WEB DL
Duration –60minute (@Episode)
Total Episodes:7Eps
Subtitle – Myanmar Hardsub
Format – Mp4
Genre : Action ~ Thriller
Translator – CM Bollywood Team
Encoder – YK
===== Season 2 =====
===== Complete =====
Related Keywords
Special OPS (2020) Season1+2 Complete mmsub, Special OPS (2020) Season1+2 Complete myanmar sub, Special OPS (2020) Season1+2 Complete burmese sub, Special OPS (2020) Season1+2 Complete မြန်မာစာတန်းထိုး