description
ကျွန်တော်တို့လို 90’ Born တွေအတွက် ကြော်ငြာဆိုတာ အပန်းဖြေအစီအစဉ်တစ်ခုထဲမှာပါပါတယ်။
ညနေ ၇ နာရီ ၊ ၉ နာရီ ဇာတ်လမ်းတွဲတွေ မလာခင် တန်းစီပြတတ်တဲ့ ကြော်ငြာတွေကို
တမေ့တမောစောင့်ကြည့်ရတာလည်း အလုပ်တစ်ခုပါပဲ။
ကြော်ငြာဆိုတာကလည်း (အမြဲတမ်းတော့မဟုတ်ပေမယ့်) ကျော်အောင် ညာရတာတွေ ရှိပါတယ်။
ဒီ ၂၀၂၃ ခုနှစ်ထွက်ရုပ်ရှင်မှာတော့ ကြော်ငြာတစ်ခုအရင်းပြုပြီး
ပြန်ပေးဆွဲခံရသူတစ်ယောက်အကြောင်းကို Plot Twist တွေနဲ့ ရှုစားရမှာပါ။
ဇာတ်လမ်းကတော့ ရီကို (Rey Goyos)ဆိုတဲ့ နောက်ဆုံးအဆင့်ရောဂါသည်တစ်ယောက်ဟာ
အသက်ဆက်ဖို့ ဆေးဖိုးဝါးခမတတ်နိုင်တော့တဲ့အဆုံး ကြံမိကြံရာလုပ်ရင်
း စုပေါင်းအလှူရန်ပုံငွေ(Crowdfunding) ရဖို့ ကြိုးစားပါတော့တယ်။
သူကြံစည်ပုံက အောင်မြင်နေတဲ့ ဆုရကြော်ငြာဒါရိုက်တာတစ်ယောက်ဖြစ်တဲ့
တယ်ရီ (Micheal Teh) ကို ပြန်ပေးဆွဲပြီး သူ့အတွက်အကောင်းဆုံးအလှူရန်ပုံငွေကြော်ငြာလုပ်ခိုင်းတာပါ။
တယ်ရီကရော ရီကိုလိုအပ်နေတဲ့ ငွေသိန်းချီတဲ့ရန်ပုံငွေကိုရှာပေးနိုင်ပါ့မလား၊
ရီကိုကရော ငွေတွေရပြီး အသက်ဆက်နိုင်ပါ့မလား ဆိုတာကို ရှုစားကြည့်ပါ။
သရုပ်ဆောင်ကောင်း မင်းသားနှစ်ယောက်တည်းကိုတည်ပြီး ရိုက်ကူးထားတဲ့
ဒီဇာတ်ကားဟာ နိုင်ငံတကာရုပ်ရှင်ပွဲတော် ၇ခုမှာ ဆုပေါင်း ၉ခုနဲ့ Nominee ၃ခု ဝင်ခဲ့ပါတယ်။
ဆုအများစုကိုတော့ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာဖြစ်သူ Micheal Sarrow က သိမ်းကြုံးရယူသွားပြီး
မင်းသားနှစ်ယောက်လုံးလည်း ဆုချီးမြှင့်ခံရပါတယ်။
အကြမ်းဖက်မှု၊ သွေးထွက်သံယို နဲ့ ဆဲရေးတိုင်းထွာတာတွေပါဝင်လို့ ကြည့်ရှုသူများ ဆင်ခြင်သင့်ပါတယ်။
အညွှန်းနဲ့ ဘာသာပြန် Thompson ဖြစ်ပါတယ်။
File size… 1.19 GB / 637 MB
Quality… BluRay 1080p / 720p
Format… mp4
Audio… AAC
Duration…. 1h 27m
Genre ….. Dark Comedy/Thriller/Crime
Subtitle…. Myanmar Subtitle (Hard Sub)
Encoder…. Thit San Khant
Translated… by Thompson
Related Keywords
Smile as You Kill (2023) mmsub, Smile as You Kill (2023) myanmar sub, Smile as You Kill (2023) burmese sub, Smile as You Kill (2023) မြန်မာစာတန်းထိုး