description
Silent Parade (2022)
********************
IMDb… 6.2
လျှို့ဝှက်ဆန်းကြယ်တဲ့ ဇာတ်လမ်းမျိုးကို နှစ်သက်သူများ အကြိုက်တွေ့စေမယ့် Silent Parade ဆိုတဲ့
ဂျပန်စုံထောက်ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မဖြေရှင်းနိုင်ဘဲ တစ်ဝဲလည်လည်ဖြစ်နေတဲ့
အမှုအခင်းတွေကို ရူပဗေဒပညာရဲ့ နက်နဲမှုက ဘယ်လိုမျိုး လက်တွေ့ကျကျ စမ်းသပ်အဖြေရှာပေးသွားမလဲဆိုတာကို
ဒီဇာတ်ကားလေးမှာ ရှုမြင်ခံစားကြရမှာ ဖြစ်ပါတယ်။ Mysteryနဲ့ Drama ပေါင်းစပ်ထားတာဖြစ်တဲ့အတွက်
ချစ်ခင်ရသူတွေအပေါ် ထားရှိအပ်တဲ့ မေတ္တာ သစ္စာ အလှတရားတွေကိုပါ ခံစားရမှာဖြစ်တဲ့အတွက်
သစ်လွင်တဲ့ခံစားချက်မျိုး ပေးစွမ်း နိုင်တဲ့ စုံထောက်ကားဖြစ်မှာ အသေအချာပါပဲ။
ဇာတ်လမ်းအကျဉ်း
အေးချမ်းသာယာလှတဲ့ ကီခုနိုမြို့က နာမည်ကြီး နမီကီ မိသားစုစားသောက်ဆိုင်လေးက အဆိုတော်ဖြစ်ဖို့
ရည်မှန်းပြီး ကြိုးစားနေတဲ့ သမီးကြီးဖြစ်သူ ဆာအိုရိဟာ တစ်နေ့မှာ ရုတ်တရက် ပျောက်ဆုံးသွားခဲ့ပါတယ်။
အသက်ရှင်လျက်ရှိဖို့ မျှော်လင့်ခဲ့တဲ့ မိဘတွေဟာ ၃ နှစ်အကြာမှာ သမီးဖြစ်သူရဲ့အရိုးစုကို ကီလိုမီတာ ၂၀၀ ဝေးတဲ့
မြို့မှာ တွေ့ခဲ့ကြရတာပါ။ ဆာအိုရိ သေဆုံးမှုကို စုံထောက်တွေဖြစ်ကြတဲ့ ခုဆာနဂီနဲ့ ယုဆုမီတို့
ကြိုးစားဆက်စပ်ဖော်ထုတ်ကြရာမှာ ယခင်က လူသတ်မှုနဲ့စွဲချက်ခံတင်ရပြီး သက်သေမရှိ နှုတ်ပိတ်နေမှုတို့ကြောင့်
သံသယရှိသူအဖြစ်မှ လွတ်မြောက်နေသူ ဟာဆုနုမာ ဖြစ်နိုင်ကြောင်း သိရှိလာရပါတယ်။
ဒီလိုနဲ့ သက်သေအထောက်အထားနဲ့ ဟာဆုနုမာကို စွဲချက်တင်နိုင်ရေး စုံစမ်းနေကြစဉ်မှာပဲ ဟာဆုနုမာ
သေသွားခဲ့ပါတယ်။ ဒါပေမဲ့ ဟာဆုနုမာသေဆုံးတဲ့နေ့ရက်ဟာ တိုက်တိုက်ဆိုင်ဆိုင် ကီခုနိုမြို့က နာမည်ကြီး
ဇာတ်လမ်းသရုပ်ဖော်ချီတက်ပွဲ ကျင်းပတဲ့ရက်ဖြစ်နေခဲ့ပါတယ်။
တခြားဘာဒဏ်ရာမှမရှိဘဲ အသက်ရှူကြပ်သေဆုံးသွားတာကြောင့် ယုဆုမီဟာ ခုဆာနဂီရဲ့ သူငယ်ချင်းဖြစ်သူ
ရူပဗေဒပါမောက္ခ ယုခါဝါ ကို အမှုအကြောင်း ပြောပြအကူအညီ တောင်းခံခဲ့ရာမှာတော့…
အချိန်အတန်ကြာ ရဲတပ်ဖွဲ့မှ မဖြေရှင်းနိုင်တဲ့ အမှုတွေနဲ့ ဆာအိုရိ အသတ်ခံရမှု၊ ဟာဆုနုမာ သေဆုံးမှုတို့ကို
စုံထောက် နှစ်ယောက်နဲ့ ရူပဗေဒပါမောက္ခတို့ ဘယ်လိုမျိုး အဖြေရှာသွားကြမလဲဆိုတာ ရှုစားကြည့်လိုက်ကြရအောင်ပါ။
(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ DaoPhyo ပဲ ဖြစ်ပါတယ်။)
File Size : 1.72GB/ 920MB
Quality : BluRay 1080p/ 720p
Format…mp4
Duration…01:41:03
Genre : Crime, Mystery, Drama
Subtitle : Myanmar Subtitle (Hard Sub)
Translated by DaoPhyo
Encoded by Tiff
Related Keywords
Silent Parade (2022) mmsub, Silent Parade (2022) myanmar sub, Silent Parade (2022) burmese sub, Silent Parade (2022) မြန်မာစာတန်းထိုး