description
အချစ်ကြီးရင်အမျက်ကြီးတယ်ဆိုတဲ့စကားအတိုင်းပဲ
အချစ်ကြီးလွန်းလို့ အမျက်ကြီးလွန်းတဲ့ မမတစ်ယောက်ရဲ့
ဘ၀အကြောင်းကို ရသပေါင်းစုံ ခံစားချက်ပေါင်းစုံ ရှုထောင့်
ပေါင်းစုံနဲ့ရိုက်ကူးပုံဖော်ထားတဲ့သည်းထိပ်ရင်ဖိုဇာတ်ကားလေး
တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်ကားနာမည်ကတော့ She’s Obsessed with My Husband
ဖြစ်ပြီး လက်ရှိ IMDb Rating 5.2 အထိရရှိထားပါတယ်။
ဇာတ်ကားနာမည်အတိုင်းပဲ အချစ်ကြီးတဲ့မမက တခြားသူ
တစ်ယောက်ရဲ့ခင်ပွန်းယောက်ျားဖြစ်သူကိုစွဲလမ်းနေတဲ့အကြောင်းကို
တွေ့ရမှာဖြစ်ပါတယ်။
အဲ့ဒီမမရဲ့နာမည်ကတော့ဗိုင်အိုလက်ဖြစ်ပြီး သူ့စွဲလမ်းနေတဲ့လူကတော့
အထက်တန်းကျောင်းတုန်းကသူနဲ့တွဲခဲ့ဖူးတဲ့ ဂဲရက်ဆိုတဲ့လူပဲ
ဖြစ်ပါတယ်။ယောက်ျားရပြီး ၁၅ နှစ်ပြည့်နှစ်ပတ်လည်ရောက်တာ
တောင် သူတို့အထက်တန်းကျောင်းတုန်းကရိုက်ခဲ့ဖူးတဲ့ဓာတ်ပုံလေးကို
ထုတ်ကြည့်ပြီး ကြေကွဲနေဆဲမလို့ ယောက်ျားဖြစ်သူနဲ့ရန်ဖြစ်ပြီး
ကွာရှင်းခဲ့လိုက်ရပါတော့တယ်။ဒီလိုနဲ့သူအိမ်ပြောင်းလာခဲ့ပြီး
ဖြစ်ချင်တော့ သူပြောင်းလာတဲ့အိမ်ဘေးကအိမ်က သူ့အချစ်ဆုံး
အချစ်ဟောင်းလေး ဂဲရက်ရဲ့အိမ်ဖြစ်နေခဲ့ပါတော့တယ်။
ဂဲရက်ကတော့ လက်ရှိမှာ ၁၈ နှစ်ကြာလက်ထပ်ထားတဲ့ဇနီးနဲ့
သမီးလေးတစ်ယောက်ရှိနေခဲ့ပြီး သာယာတဲ့မိသားစုဘ၀လေးကို
ပိုင်ဆိုင်ထားပါတယ်။အဲ့ဒီအခါမှာဗိုင်အိုလက်က ဒီလိုမျိုးရတောင့်
ရခဲအခွင့်အရေးကိုကောင်းကောင်းအသုံးချပြီး ဂဲရက်ရဲ့မိန်းမနေရာမှာ
သူ့ကိုယ်သူအစားထိုးဖို့ကြိုးစားတဲ့အခါမှာတော့ ဂဲရက်တို့မိသားစုထဲမှာ
ဘယ်လိုအရာတွေဆက်ဖြစ်လာမလဲ ဗိုင်အိုလက်ကရောသူလိုချင်နေတဲ့
ဂဲရက်ရဲ့အချစ်ကိုရသွားပါ့မလားဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့
ရှုစားရဦးမှာပဲဖြစ်ပါတယ်။
File size… (1.51GB) / (765MB)
Quality… WEB-DL 1080p HEVC / 720p
Format…mkv / mp4
Duration….1h 28m
Genre …..Thriller
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Saw Lay
Related Keywords
She’s Obsessed With My Husband (2024) mmsub, She’s Obsessed With My Husband (2024) myanmar sub, She’s Obsessed With My Husband (2024) burmese sub, She’s Obsessed With My Husband (2024) မြန်မာစာတန်းထိုး