channelmyanmar သည် 4K၊ 1080P၊ 720P ကဲ့သို့သော လူကြိုက်များသည့် အရည်အသွေးများနှင့်အတူ မြန်မာစာတန်းထိုးဖြင့် ရုပ်ရှင်များကို အခမဲ့ ကြည့်ရှုရန်နှင့် ဒေါင်းလုဒ်လုပ်ရန်အတွက် ဝဘ်ဆိုဒ်တစ်ခုဖြစ်ပြီး နေ့စဉ်အမြန်ဆုံးအပ်ဒိတ်လုပ်ပေးနေပါသည်။

Sherwood (2022)

Sherwood (2022)
  • other name

    updating

  • author

    updating

  • status

    ongoing

  • genres

    updating

  • views

    0

rating: 5/5 - 1 votes.

description

IMDb Rating – 7.4 /10

ဒီတစ်ခါ စာရေးဆရာ James Graham ရေးသားထားတဲ့ ဖြစ်ရပ်မှန် Crime Drama Series လေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ ဒီစီးရီးကိုတော့ BBC One က ၂၀၂၂ ခုနှစ်မှာ ထုတ်လွှင့်ပြသခဲ့ပြီး အဓိကဇာတ်ဆောင်များအနေနဲ့ မင်းသားကြီး David Morrissey နဲ့ မင်းသမီးကြီး Lesley Manville တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဒါကစာရေးသူ ကြီးပြင်းခဲ့ရာ ‘နော့တင်မ်ဟမ်ရှိုင်းယား’မှာဖြစ်ပွားခဲ့တဲ့ လူသတ်မှု ၂ ခုအကြောင်းကို အခြေခံပြီး ဖြစ်ရပ်တွေ၊ လူအမည်တွေကို ပြောင်းလဲရိုက်ကူးထားတာပဲဖြစ်ပါတယ်။

၁၉၈၄ ခုနှစ်၊ အင်္ဂလန်မှာ မာဂရက်သက်ချာလက်ထက် အစိုးရအနေနဲ့ ကျောက်မီးသွေးလုပ်ငန်းက တွက်ခြေမကိုက်သလိုဖြစ်လာပြီလို့ သတ်မှတ်တဲ့အတွက် ပိတ်သိမ်းဖို့ ပြုလုပ်တဲ့အခါ မိုင်းတွင်းအလုပ်သမားတွေအနေနဲ့ ဆန္ဒပြသပိတ်မှောက်မှု တစ်ရပ်ကို ပြုလုပ်ကြပါတယ်။ လန်ဒန်လို မြို့ကြီးမှာတော့ တက်ညီလက်ညီသပိတ်မှောက်ကြပေမယ့် နော့တင်မ်ဟမ်ရှိုင်းယားမှာကတော့ သပိတ်မှောက်သူက လူနည်းစုသာ ရှိပါတယ်။ အဲ့ဒီမှာ ဆန္ဒပြတဲ့အုပ်စုက အလုပ်ဆက်လုပ်ချင်ကြတဲ့ မိုင်းတွင်းအလုပ်သမားတွေကို ‘Scab’ လို့ ခေါ်ပါတယ်။

ဒီလိုနဲ့ နှစ်ပေါင်း ၃၀ ကျော်ကြာသွားပြီးနောက် နော့တင်မ်ဟမ်မှာ လူသတ်မှုတစ်ခုဖြစ်ပါတော့တယ်။ သတ်ခံရသူက ‘ဂယ်ရီဂျက်ခ်ဆန်’ဆိုတဲ့ အဘိုးကြီး ဖြစ်ပြီးတော့ သူက ဆန္ဒပြခဲ့သူ မိုင်းတွင်းအလုပ်သမားတစ်ဦးဖြစ်ကာ ရွာထဲက အလုပ်သွားလုပ်ခဲ့သူတွေကို နှစ် ၃၀ လုံးလုံး Scab, Scab နဲ့ မကြားတကြား လိုက်ခေါ်တတ်သူပါ။ တစ်ရွာလုံးနဲ့မတည့်တဲ့ အော်ကြောလန် ဆိုပါစို့။ တစ်ရက်သူအရက်သောက်ပြီး အပြန် လူသတ်သမားက သူ့ကို မြားနဲ့ ပစ်သတ်ခဲ့တာပါ။ လူ့ဂွစာကြီးဆိုတော့ လူသတ်သမားက ဟိုလူလား ဒီလူလားနဲ့ သံသယဝင်စရာတွေ များတော့တာပါပဲ။ ဆန္ဒပြခဲ့ဖူးတဲ့ မှတ်တမ်းကလည်း ရှိထားတော့ အဲ့အချိန်ကာလတုန်းက ကိစ္စရပ်တစ်ခုခုနဲ့များ ပတ်သတ်နေမလား – လူတကာကို ဒေါသထွက်လာအောင် လိုက်ပြောတတ်တဲ့ သူ့ရဲ့ အကျင့်ကြောင့်ပဲ သတ်ခံခဲ့ရတာလားဆိုတာကို ဝန်ထောက်ချုပ်ဖြစ်သူ ‘အီယန်စင်ကလဲ’က အမှုဖော်ထုတ်နေချိန် နောက်ထပ် လူသတ်မှု တစ်ခု ထပ်ဖြစ်လာတဲ့အခါ ….

ဒီ Season 1 မှာ အပိုင်း ၆ ပိုင်းပါဝင်ကာ ယခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Season 2 မှာလည်း နောက်ထပ် အပိုင်း ၆ ပိုင်း ပါဝင်မှာဖြစ်ပါတယ်။

(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Nway Oo K Zaw က တင်ဆက်ထားပါတယ်။)

File size…(932 MB)/(523 MB)
Quality….Webrip 1080p / 720p
Format…mp4
Duration….00:52:00
Genre…Crime, Mystery
Subtitle….Myanmar Subtitle (Hardsub)
Encoder….Swan Min Htet
Translated by Nway Oo K Zaw

 

Season 1

Episode 1 720p  –  Yoteshin/ Gdot / Megaup / Telegram 

Episode 1 1080p  –  Yoteshin/ Gdot / Megaup 

 

Episode 2 720p  –  Yoteshin/ GdtotMegaup / Telegram 

Episode 2 1080p  –  Yoteshin/ Gdtot / Megaup 

 

Episode 3 720p  –  Yoteshin/ GdtotMegaup / Telegram

Episode 3 1080p  –  Yoteshin/ Gdtot / Megaup 

 

Episode 4 720p  –  Yoteshin/ GdtotMegaup / Telegram

Episode 4 1080p  –  Yoteshin/ Gdtot / Megaup 

 

Episode 5 720p  –  Yoteshin/ GdtotMegaup / Telegram

Episode 5 1080p  –  Yoteshin/ Gdtot / Megaup 

 

Episode 6 720p  –  Yoteshin/ GdtotMegaup / Telegram

Episode 6 1080p  –  Yoteshin/ Gdtot / Megaup 

 

Season 2

Episode 1 720p  –  Yoteshin/ Gdot / Megaup / Telegram 

Episode 1 1080p  –  Yoteshin/ Gdot / Megaup 

 

Episode 2 720p  –  Yoteshin/ GdtotMegaup / Telegram 

Episode 2 1080p  –  Yoteshin/ Gdtot / Megaup 

 

Episode 3 720p  –  Yoteshin/ GdtotMegaup / Telegram

Episode 3 1080p  –  Yoteshin/ Gdtot / Megaup 

 

Episode 4 720p  –  Yoteshin/ GdtotMegaup / Telegram

Episode 4 1080p  –  Yoteshin/ Gdtot / Megaup 

 

Episode 5 720p  –  Yoteshin/ GdtotMegaup / Telegram

Episode 5 1080p  –  Yoteshin/ Gdtot / Megaup 

 

Episode 6 720p  –  Yoteshin/ GdtotMegaup / Telegram

Episode 6 1080p  –  Yoteshin/ Gdtot / Megaup 

 

Season 2 End

 

 

 

Related Keywords

Sherwood (2022) mmsub, Sherwood (2022) myanmar sub, Sherwood (2022) burmese sub, Sherwood (2022) မြန်မာစာတန်းထိုး