description
Selection Day (2018) “ပြိုင်ပွဲ”
IMDb – 7.3/10
အိန္ဒိယရုပ်ရှင်ဇာတ်လမ်းတွေမှာ ရိုးအီနေပြီးတာတောင် စိတ်ဝင်စားဖို့ကောင်းအောင်
အမျိုးမျိုးရိုက်ကူးတင်ဆက်တဲ့ဇာတ်ကြောင်းတွေထဲမှာ ကျွန်တော့်အမြင် အတွေ့ရများဆုံး လေးခုရှိတယ်။
သောက်ရမ်းကြမ်းတဲ့ ရဲ၊ အကျင့်ပျက်ခြစားနေတဲ့စနစ်ကြီးကို ပြောင်းလဲတာ၊အိန္ဒိယ-ပါကစ္စတန်စစ်ပွဲ၊ ခရစ်ကတ်။
၂၀၁၈မှာ အပိုင်း ၁၂ပိုင်းနဲ့ Netflixကနေထုတ်လွှင့်ခဲ့တဲ့ ဒီစီးရီးဆိုလည်း ကျွန်တော်တို့ဆီမှာ
သိပ်မတွေ့ရတဲ့ခရစ်ကတ်အားကစားကို စိတ်ဝင်စားအောင် ရိုက်ပြထားတာ။
ကိုယ် ဘယ်ကောင်ကြီးဖြစ်လာမလဲဆိုတာ ရွေးချယ်တဲ့။
ဒီထဲက ဖခင်ဖြစ်သူနေရာမှာပါဝင်တဲ့ မိုဟန်ကူမားကတော့ ကိုယ်ဘာကောင်ကြီးထက်
ကိုယ့်သားနှစ်ကောင်ကို ကမ္ဘာပေါ်မှာ အတော်ဆုံးခရစ်ကတ်သမားတွေဖြစ်စေချင်သူ။
ဘယ်လောက်ထိရည်စူးထားလဲဆို ယူမဲ့မိန်းမကိုတောင် အားကစားသမားကောင်းတွေ မွေးထုတ်ပေးနိုင်မဲ့
အားကစားအရည်အချင်းရှိတဲ့မိန်းမကို လိုက်ရှာယူတဲ့ထိပဲ။
သားနှစ်ယောက်မွေးပြီး မွေးပြီးကတည်းက ခရစ်ကတ်နဲ့ဖက်ပြီးကြီးပြင်းစေခဲ့သူ။
နည်းပြလက်စွဲ၇၂အုပ်ကို အာဂုံဆောင်ထားပြီးနည်းစနစ်အသစ်တွေဖန်တီးသင်ပြရုံမက
အစားအသောက်၊ ဆေးနဲ့ အရိုးအဆစ်ထိပါကျွမ်းကျင်အောင် လုပ်ခဲ့တဲ့ ဖခင်ကြီးမိုဟန်ကူမား။
သားနှစ်ယောက်ဖြစ်တဲ့ ရာဒါကူမားနဲ့ မန်ဂျူးကူမားတို့ညီကိုနှစ်ယောက် ဒီဖခင်ကြီးရဲ့ဆန္ဒကို
ဖြည့်ဆည်းပေးနိုင်ပါ့မလားဆိုတာကိုစိတ်ဝင်စားဖွယ်ရှုစားကြရမှာပါ။
(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)
File Size – 500 MB (Appx;)@Episode
Quality – 1080p WEB DL
Duration –25minute (@Episode)
Total Episodes: 12Eps
Subtitle – Myanmar Hardsub
Format – Mp4
Genre : Drama
Translator – CM Bollywood Team
Encoder – YK
=== Season- 1 ===
===== Complete =====
Related Keywords
Selection Day (2018) mmsub, Selection Day (2018) myanmar sub, Selection Day (2018) burmese sub, Selection Day (2018) မြန်မာစာတန်းထိုး