description
Schindler’s List (1993)
IMDb Rating (9.0) / Rotten Tomatoes (98%)
ကမ္ဘာပေါ်က အကောင်းဆုံး Biographical ဇာတ်ကားတွေထဲမှာ No.1 ရရှိထားတဲ့ဇာတ်ကားဖြစ်ပါတယ်။
Schindler’s List ဇာတ်ကားဟာ German စီးပွားရေး သမားဖြစ်တဲ့ Oskar Schindler အကြောင်း ရိုက်ကူးထား တာဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ် အတွင်း နာဇီတွေရဲ့ လူမဆန်စွာ သတ်ဖြတ်မှုတွေ အကြား ရပ်တည် နေရတဲ့ Polish Jewish ဒုက္ခသည် ၁၀၀၀ ကျော်ကို အသက်ဘေး ကနေ လွတ်အောင် သူ့ရဲ့ စက်ရုံ အမျိုးမျိုးမှာ နေထိုင် လုပ်ကိုင် စေချင်အားဖြင့် စောင့်ရှောက်ခဲ့ပုံတွေကို ရှုစားရမှာ ဖြစ်ပါတယ်။ Biographical Movies တွေထဲမှာ အကောင်းဆုံး ဇာတ်လမ်းအဖြစ် ရပ်တည် နေပြီး အောင်မြင်မှုများစွာ ရရှိခဲ့ပါ တယ်။ အော်စကာဆု ၇ ဆုအပြင် အခြားဆုပေါင်း ၇၀ နဲ့ ဆု ၂၅ ဆုအတွက် ဇကာတင် စာရင်း တင်သွင်း ခံခဲ့ရပါတယ်။မင်းသားကြီး Liam Neeson မှာ Oskar Schindler အဖြစ်ပါဝင်ထားပါတယ်။
ဒါရိုက်တာက Steven Spielberg ဖြစ်သလို တကယ့်အဖြစ်အပျက်အကြောင်းအရာတွေအတိုင်း အပြင်ကလူတွေပါထည့်သွင်းရိုက်ကူးပြထားတာမလို့ ရင်ထဲနစ်နေအောင်ခံစားရတဲ့ရုပ်ရှင်ကားဖြစ်ပါတယ်။
ရုပ်ရှင်အညွှန်းကိုတော့ Eliza Pru ရဲ့ခံစားမှုအက်ဆေးနဲ့မိတ်ဆက်ခဲ့ချင်ပါတယ်။ Spoiler တချို့ပါတာမလို့မကြည့်ရသေးရင် အက်ဆေးကိုမဖတ်သေးဘဲ ဇာတ်လမ်းကိုအရင်ကြည့်ဖို့တိုက်တွန်းပါတယ်။
++++++++++++
ဒီနေ့ Netflix ကနေ Schindler’s List ဆိုတဲ့ German Industialist သူဌေးကြီး Oskar Schindler ရဲ့ German Holocaust က နေ Jewish ၁၂၀၀ ခန့်ကို ကယ်တင်ခဲ့တဲ့ အကြောင်း ရုပ်ရှင်ကို ကြည့်ဖြစ်ပါတယ်။
ဆုတွေအများကြီးရတယ် ရေးထားတယ်ဆိုတာရယ်၊ ၁၉၉၃ မှာ ပြခဲ့တဲ့ ဇာတ်လမ်းဆိုပြီး Black and White ပုံစံ ပြထားလို့ ထူးခြားတာအပြင် ကိုယ်ကြိုက်တဲ့ သရုပ်ဆောင်မင်းသားတွေ ဖြစ်တဲ့ Liam Neeson နဲ့ Ralph Finennes တို့ ပါနေတာကြောင့် ကြည့်ဖြစ်ခဲ့တာပါ။
Ralph Finennes ကိုတော့ သူ့ရုပ်ရှင်မှန်သမျှ ကားဟောင်းတွေက အစ ကြည့်ဖူးပေမယ့် Liam Neeson ကတော့ အခုနောက်ပိုင်း ထွက်လာတဲ့ Taken လို ရုပ်ရှင်မျိုးပဲ ကြည့်ဖူးတာပါ။ အခု Schindler’s List ထဲမှာတော့ Liam Neeson ရဲ့ ငယ်ရွယ်စဥ်က ပုံကို မြင်ရလို့ တော်တော့်ကို ကြည့်ကောင်း ခန့်ညားတဲ့ မင်းသားမှန်း သိတော့တာပါ။
Schindler’s List ထဲမှာ တော့ Liam Neeson က German စစ်တပ်ထဲအထိကို ဝင်ရောက်ချယ်လှယ်နိုင်တဲ့ သူဌေးကြီး Oskar Schindler အနေနဲ့ သရုပ်ဆောင်ထားပြီး Ralph Finennes ကတော့ Jew တွေမှန်သမျှကို ရက်ရက်စက်စက် အပျင်းပြေကို သတ်နေတဲ့ German စစ်အရာရှိ Goeth အနေနဲ့ သရုပ်ဆောင်ထားပါတယ်။
ထုံးစံအတိုင်း German Holocaust နဲ့ အတိတ်တွေကို ရိုက်ပြတာမို့ စစ်ရဲ့အကျည်းတန်မှုတွေ၊ စစ်ကြောင့် အသက်ရော အရှက်ရော ဘာမှ မကျန်တဲ့ ဘဝ တွေ အမျိုးမျိုးကို ပီပီပြင်ပြင် နဲ့ အဖြူအမည်း ပြကွက်တွေထဲမှာ ရိုက်ပြသွားပါတယ်။
Goeth ကလည်း ရက်စက်လိုက်တာမှ Camp မှာ အလုပ်မလုပ်ပဲ ထိုင်နားနေတဲ့သူ၊ ဖိနပ်ကြိုးချည်နေတဲ့သူတွေကအစ ပျင်းတိုင်း အိမ်ရှေ့ ဝရန်တာကနေ ကျကျနနထိုင်ပြီး sniper နဲ့ ပစ်သတ်တာက အစ ပြကွက်တွေဟာ ကိုယ်သာ အဲ့ဒီနေရာ၊ အဲဒီ့အချိန်မှာ ရှိနေရင် ဆိုတဲ့အထိ တွေးမိပြီး ထိတ်လန့်မိစေတာပါ။
ကလေးလေးတွေ ၁၀ နှစ်လောက်တောင် မရှိလောက်သေးပေမယ့် မစင်တွင်းထဲအထိ ဝင်ပုန်းနေရတာ၊ အသက်ရှင်သန်ရဖို့ ဘယ်နေရာ ပုန်းရပါစေ၊ ပုန်းနေရတဲ့ ဘဝတွေကို ရိုက်ပြထားပါတယ်။
တစ်နေ့မှာ Oskar က Goeth ကို Jew တွေကို အရမ်းသတ်နေလို့ လာပြီး သတိပေးစကားအနေနဲ့ ပြောသွားတဲ့ စကားပြောခန်းလေးလည်း အတော့်ကို ကောင်းလှပါတယ်။ အဲဒီ့အခန်းမှာ တကယ့် Power ဆိုတာ ဘာလဲဆိုတာကိုလည်း ထောက်ပြသွားပါတယ်။
“Power ဆိုတာ ကိုယ့်ဆီမှာ သတ်လို့ရနေတဲ့ အကြောင်းခိုင်လုံမှု ဘယ်လောက်ပဲ ရှိနေပါစေ၊ မသတ်ဖို့ ကိုရွေးချယ်နိုင်မှ Power ပါပဲ တဲ့။
အပြည့်အစုံလေး အောက်မှာ ဆက်ဖတ်ကြည့်ပါ။
“Oskar: Power is when we have every justification to kill, and we don’t.
Goeth: You think that’s power?
Oskar: That’s what the Emperor said. A man stole something, he’s brought in before the Emperor, and he throws himself down on the ground. He begs for mercy, he knows he’s going to die. And the Emperor – pardons him. This worthless man, he lets him go.
Goeth: I think you are drunk.
Oskar: That’s power, Amon. That is power.”
ဒီစကားပြောခန်းလေး အပြီးမှာတော့ Goeth ဟာ အရင်ကလောက် လူမသတ်တော့တာကို လည်း ပြထားပါသေးတယ်။ ဒါလေးတွေဟာ မထင်မှတ်ပဲ ရင်ထဲကျန်ခဲ့တဲ့ အနှစ်သာရတွေပဲ ဖြစ်ပါတယ်။
Oskar ဟာ သူရှာထားသမျှ ငွေတွေ မြောက်မြားစွာကို သုံးပြီး Jew လူမျိုး ၁၂၀၀ ခန့်ကို သူ့စက်ရုံမှာ ခိုင်းဖို့ skilled labour တွေအနေနဲ့ German Holocaust ကနေ ကယ်တင်ခဲ့ပုံကို ပြသထားတာဟာ လူတစ်ယောက်ရဲ့ အမြင့်မားဆုံးသော အကြင်နာတရားကို မြင်ရတာပဲ ဖြစ်ပါတယ်။
သူ့နေရာမှာ ကိုယ်သာဆို ဒီလို အရဲစွန့်ရွေးချယ်နိုင်ပါ့မလား၊ လူထောင်ဂဏန်း အသက် နဲ့ ကိုယ့်စီးပွါးနဲ့ လဲနိုင်တဲ့ ဆုံးဖြတ်ချက်ဟာ ငါ သာဆို ချ နိုင်မလား စတဲ့ မေးခွန်းတွေ အများကြီး မေးဖြစ်စေပါတယ်။
Jew လူမျိုး အသက်ကြီးသူတွေကို ခိုင်းမရတော့လို့ ရထားတွဲထဲ ပြွတ်သိပ်တင်ပြီး Auschwitz ကိုပို့ခါနီးမှာတောင် ရထားတွဲမှာ မွန်းကြပ်နေကြသူတွေကို သူက ရေပိုက်တွေနဲ့ ရေတွေ ထိုးပေးပြီး ရေတိုက်ရှာတဲ့အခန်းတွေ၊ ဂျာမန် စစ်သားငယ်တွေကိုလည်း လာဘ်လာဘ တွေပေးပြီး နောက်တစ်ခါ ဒီလို ရထားထွက်ရင် ဒီလို ရေဖျန်းပေး၊ ရေတိုက်ပေး ဆိုတာလေးတွေဟာ သူ့ရဲ့ ကုသိုလ်စိတ်ကို ဘေးကနေကြည့်ရင်း ဒီလို ရေအလှူ လှူဖို့ကို လုပ်နိုင်တာ ဦးနောက်က အကြံဥာဏ်ထွက်တာ နည်းတဲ့ ပါရမီမဟုတ်ဘူး ဆိုပြီး တွေးမိပါတယ်။ သူ့ရဲ့ ကုသိုလ်စိတ်ကြီးမားလွန်းလို့ ဘေးက Goeth တို့တောင် ငိုင်ပြီး ကြည့်နေရတဲ့အထိပါပဲ။
ဒါတောင် သူကယ်လိုက်တဲ့ လူ ၁၀၀၀ ကျော်မှာ အမျိုးသမီးနဲ့ ကလေးတွေကို Auschwitz အထိ မှားခေါ်သွားလို့ သူ့မှာ အသည်းအသန် လိုက်ခေါ်ရပါသေးတယ်။
မိသားစု တွေ မကွဲရအောင် သေချာ စာရင်းနဲ့ ပြုစုခေါ်တာမို့ ဒီ ရုပ်ရှင်ကို Schindler’s list လို့ ခေါ်တာပါ။
နောက်ဆုံးမှာတော့ German စစ်ရှုံးချိန် သူလည်း ထွက်ပြေးရချိန်မှာ သူ့ကို Jew တွေက သူတို့ထဲက ငွေသွားစိုက်ထားတဲ့ သူတစ်ယောက်နဲ့ သွားကို နှုတ် ငွေကို ထုတ်ပြီး လက်စွပ်လေးတစ်ကွင်း လုပ်ပေးလိုက်ပါတယ်။စာတန်းလေးလည်း Hebrew နဲ့ ထွင်းထားပါသေးတယ်။
အဓိပ္ပါယ်ကတော့ “Whoever saves one life, saves the world entire.”
“ဘဝတစ်ခုကို ကယ်တင်သူဟာ တလောကလုံးကို ကယ်တင်သူပါပဲ” တဲ့။
အဲ့ဒီလက်စွပ်လေးကို ရပြီးဝတ်လိုက်ချိန်မှာတော့ Oskar ဟာ ငိုကြွေးပြီး သူ့နောင်တတွေကို ထုတ်ပြောပါတော့တယ်။
သူ့မှာ ချမ်းသာခြင်းဆိုတဲ့ ဂုဏ်တွေအတွက် ငွေတွေအလဟဿ သုံးခဲ့မိတယ်။ အခု သူစီးတဲ့ ကားကို သာ မဝယ်ခဲ့ရင် နောက်ထပ် လူ ၁၀ ယောက်လောက် ကယ်လို့ ရနိုင်တယ်။ သူ့ရင်ဘတ်က ရွှေနဲ့လုပ်ထားတဲ့ နာဇီ တံဆိပ်ဟာ လူ နှစ်ယောက် အသက်ကို ကယ်လို့ ရနိုင်သေးတယ်.. ဆိုပြီး ငိုကြွေး ပါတော့တယ်။
သူနေ့ရာမှာ ကိုယ်လည်း ဝင်ခံစားကြည့်မိပြီး လူ ၁၂၀၀ ကျော်တောင် ကယ်နိုင်မှတော့ နောက်ထပ် ၁၀ ယောက် ၁၅ ယောက် ထပ်ကယ်နိုင်လည်း ကယ်ဖို့ကိုပဲ ကြိုးစားမိတော့မှာပါပဲ။ သူ့ရဲ့ ယူကျုံးမရခြင်းဟာ ကိုယ့်ကိုလည်း သင်ခန်းစာတွေ အများကြီး ပေးသွားပါတယ်။
အသက်တွေ ကယ်နိုင်လျက်နဲ့ အတ္တ နဲ့ ကိုယ့်အတွက်ကို သာယာ ဖို့ သုံးဖြုန်းမိခဲ့တဲ့ Oskar ကို ကြည့်ရင် ကိုယ်လည်း တစ်ကျပ် တစ်ပြားကအစ အကျိုးရှိရှိ လေးနက်စွာ နဲ့ အတ္တဟိတ ပရဟိတ မျှတစွာနဲ့ လူဖြစ်ရကျိုးနပ်အောင်၊ လူပိီသအောင် သုံးတတ်ရမှာပါလား ဆိုတာကို ကွက်ကွက်ကွင်းကွင်း ခံစားသင်ယူမိစေပါတော့တယ်။
Oskar နေရာကနေပြီး သူ့ရဲ့ နောက်ဆုံးအချိန်တွေကို ကျွန်မ ဝင်ခံစားကြည့်မိပါတယ်။ အသက်တွေ ထောင်ချီ ကယ်တင်နိုင်ခဲ့တဲ့ သူရဲ့ ကုသိုလ်ပါရမီဟာ ဆန်းကျယ်လိုက်တာ၊ သေခါနီးမှာ ပီတိ တွေ ဘယ်လောက် ဖြစ်ရပြီး လူဖြစ်ရကျိုးနပ်၊ လူပီသပြီး သေပျော်ရမှာပဲ လို့ကို တွေးပြီး သင်ယူမိပါတယ်။
Goeth ကတော့ နောက်ဆုံး ကြိုးပေးချိန်အထိ Hail ဟစ်တလာ အော်ပြီး ခေါင်းမာမာနဲ့ သေသွားတာကို ပြသွားပါသေးတယ်။ သေချိန်အထိ ခေါင်းမာသွားခွင့်သာရှိပြီး မိုက်မဲခြင်းကနေ ရုန်းမထွက်လိုက်နိုင်အောင်ကို လူသတ်ကွင်းမှာတင် ရှင်သန်ရတဲ့ ဘဝ မျိုးဟာလည်း ဝဋ်ကြွေးကြီးတာပဲ လို့ သံဝေဂ ရမိပါတယ်။
ကိုယ်တွေလည်း လူသာ မသတ်တာ၊ နောင်တ ရသင့်တဲ့အချိန် မရ၊ ပြုပြင်သင့်တဲ့ အခွင့်အရေးရှိလည်း ခေါင်းမာမာနဲ့ “ငါ” ဆိုတဲ့ မာန်ပိုက်ပြီး မိုက်မဲနေတာတွေ ဘယ်လောက်တောင် များလိုက်သလဲ…
တစ်ကားလုံး ဟာကွက်မကျန် အကုန်ကောင်းပြီး နဲ့ ဇာတ်သိမ်းခါနီးရောက်တော့ မျက်ရည်ဖြိုင်ဖြိုင်ကျပြီး ဝမ်းသာ ဝမ်းနည်း တွေ အများကြီး ဖြစ်ရပါတယ်။
နောက်ဆုံး ရုပ်ရှင်ပြီးလို့ ဇာတ်သိမ်းတော့ ဒီရုပ်ရှင် ကောင်းလိုက်တာ၊ ငါ ဒီနေ့ ကြည့်ရတာ တန်လိုက်တာ၊ ဒါရိုက်တာ ဘယ်သူများပါလိမ့်၊ Steven Spielberg လက်ရာများလားလို့ စာတန်းထိုးကို စောင့်ကြည့်ခါမှ ဒါရိုက်တာက Steven Spielberg ဖြစ်နေတာ တွေ့လိုက်ရတော့ ဝမ်းတွေသာ ကျေနပ်အားရလိုက်တာ ပြောမနေပါနဲ့တော့…
အားလုံးအတွက် ခွန်အား၊ သတ္တိ နဲ့ ပညာ တွေ အများကြီး ရစေတဲ့ ရုပ်ရှင်ကားကောင်းလေးမို့ အခုလို မျှဝေလိုက်ရပါတယ်။
ရသ ထက် တစ်ဘဝ စာကို နောင်တကင်းကင်းနဲ့ နေနိုင်အောင် သင်ပေးတဲ့ ကမ္ဘာမှာ ကျန်ရစ်မယ့် ရုပ်ရှင်မျိုးမို့ ကြည့်ဖြစ်အောင် ကြည့်သင့်တယ်လို့ လည်း ပြောချင်ပါတယ်။
မေတ္တာဖြင့်
Eliza Pru
File size…(10 GB) / (6.4 GB )/ (2.8 GB)
Quality…BluRay 4K HEVC/ 1080p HEVC / 720p
Format…mkv/mp4
Duration….03:15:07
Subtitle….Myanmar Subtitle (Hardsub)
Encoder….Ka Naung
Related Keywords
Schindler’s List (1993) mmsub, Schindler’s List (1993) myanmar sub, Schindler’s List (1993) burmese sub, Schindler’s List (1993) မြန်မာစာတန်းထိုး