channelmyanmar သည် 4K၊ 1080P၊ 720P ကဲ့သို့သော လူကြိုက်များသည့် အရည်အသွေးများနှင့်အတူ မြန်မာစာတန်းထိုးဖြင့် ရုပ်ရှင်များကို အခမဲ့ ကြည့်ရှုရန်နှင့် ဒေါင်းလုဒ်လုပ်ရန်အတွက် ဝဘ်ဆိုဒ်တစ်ခုဖြစ်ပြီး နေ့စဉ်အမြန်ဆုံးအပ်ဒိတ်လုပ်ပေးနေပါသည်။

Savior (1998)

Savior (1998)
  • other name

    updating

  • author

    updating

  • status

    ongoing

  • genres

    updating

  • views

    0

rating: 5/5 - 1 votes.

description

Savior.1998. ဇာတ်ကားဟာ စစ်ပွဲကြောင့် လူသားများ၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ၊ အကြမ်းဖက်မှုများ၏ သံသရာနှင့် လူသားတို့ မျှော်လင့်ချက်ကို ဖော်ပြထား တဲ့ ဒါရိုက်တာ ပီထရက်ဂ် အန်တိုနီယေဗစ် (Predrag Antonijević) ရိုက်ကူးထားပြီး နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ ဒင်နစ်စ် ကွိတ် (Dennis Quaid) နဲ့ စတဲလန် စကာစ်ဂတ် (Stellan Skarsgård) တို့ပါဝင်ထားပါတယ်။

ဇာတ်လမ်းအကျဥ်း——-

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိ ဂျော့ရှ် ရို့စ် ကပဲရစ်မြို့ (Paris) ရှိ အမေရိကန်သံရုံးတွင် တာဝန်ထမ်းဆောင်နေစဉ် အစ္စလာမ္မစ် အကြမ်းဖက်သမားများ၏ ဗုံးခွဲတိုက်ခိုက်မှုကြောင့် သူ့ရဲ့ဇနီး မာရီယာ နှင့် သားလေးတို့ကို ဆုံးရှုံးလိုက်ရတဲ့ ဖြစ်ရပ်ကြောင့် ဂျော့ရှ်က ဒေါသမီးတောက်ပြီး အနီးအနားရှိ ဗလီထဲမှာ ဘာသာရေးဝတ်ပြုနေသူ အများအပြားကို ပစ်သတ်လိုက်ခဲ့တယ်။ သူ့သူငယ်ချင်း ပီတာ က ဂျော့ရှ်ကို ဖမ်းဆီးရာမှ တိမ်းရှောင်ဖို့နဲ့သူ့အသက်ကိုကယ်ဖို့ နောက်ထပ် လူတစ်ဦးကိုပါ ပစ်သတ်လိုက်ရပြီးနောက် နှစ်ဦးသား ပြင်သစ် နိုင်ငံခြားရေးတပ်ထဲသို့ ဝင်ရောက်ခဲ့ကြပြီး ဂျော့ရှ်ကဂိုင် အဖြစ် နာမည်ပြောင်းပြီး နောက်နှစ် အနည်းငယ်ကြာပြီးနောက် ဂိုင်က ဘော့စနီးယား စစ်ပွဲ တွင်ပါဝင်ပြီး စစ်ပွဲရဲ့ ကြမ်းကြုတ်မှူတွေကြောင့် လူသားဆန်မှူ ကင်းမဲ့လာပြီး သူ့သူငယ်ချင်း ပီတာကိုလည်း စစ်ပွဲအတွင်းမှာ ဆုံးရှူံးလိုက်ရပါတော့တယ်။

အဲ့ဒီနောက် ဂိုင်လည်း ဂိုရန်ဆိုတဲ့ ဆာ့ဘ် ဘာစနီးယားစစ်သားတစ်ယောက်နဲ့ စစ်မီးသင့်နေတဲ့ မြို့ထဲ ဝင်ရောက်စီးနင်းရာမှ အဖမ်းခံထားရတဲ့ ဆာ့ဘ်လူမျိိူး ဗီရာဆိုတဲ့ ကိုယ်ဝန်သည်တစ်ယောက်ကို တွေ့ပြီးဗီရာက မွတ်ဆလင် မုဒိန်းကျင့်ခံထားရတာကြောင့် ကလေးကို မလို ချင်ကြောင်း ပြောပြီး ဂိုင်က တော့ ဆာ့ဘ်လူမျိုးတစ်ယောက် အနေနဲ့ သတ်ပစ်မယ်လုပ်တာကြောင့် ဂိုရန်က ပဲ ဂိုင်ကိုသတ်လိုက်ရပြီး ကလေးကို မွေးဖွားစေပြီး ဘေးကင်းရာ ကုလသမဂ္ဂ ဒေသသို့ ပို့ဆောင်ပေးလိုက်ပါတော့တယ်။  စစ်ပွဲ၏ အမှန်တကယ် ရက်စက်မှုများကို မျက်ဝါးထင်ထင် မြင်တွေ့ရပြီး လူသားချင်း စာနာထောက်ထားမှုနှင့် ကရုဏာစိတ်ကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပုံကို ပုံဖော်ထားတဲ့ ဇာတ်ကားလေး မလို့ ပေးရတဲ့ အချိန်နဲ့ တန်မှာမလို့ ကြည့်ရှုခံစားလိုက်ပါ။

File size…(1.9 GB)/(1 GB)
Quality….Webrip HEVC 1080p / 720p
Format…mp4/ mkv
Duration….01:48:00
Genre…History, Drama, War 
Subtitle….Myanmar Subtitle (Hardsub)
Encoder….Swan Min Htet
Translated by Htet Naing Lin 

  • Download Links Server Size Quality

Related Keywords

Savior (1998) mmsub, Savior (1998) myanmar sub, Savior (1998) burmese sub, Savior (1998) မြန်မာစာတန်းထိုး