description
Sapne Vs Everyone 2024 ဦးသူစားစတမ်း
IMDb – 9.3/10
Reviewကိုကြည့်မလား Ratingကိုကြည့်မလား အဘက်ဘက်က
အလွင့်တွေချည်း ပိုင်ဆိုင်ထားတဲ့ Best Branded series ဆုရ Bollywood seriesလေးကို တင်ဆက်ပေးချင်ပါတယ်။
ဒီဇာတ်လမ်းလေးမှာ အပိုင်း ၅ ပိုင်း ပါဝင်ပြီးတော့ တစ်ပိုင်းဆိုတစ်ပိုင်းဆိုသလောက်
ဇာတ်ရှိန်တက်စေမယ့် စီးရီးလေးဖြစ်တာမလို့ Business Drama တွေကြိုက်တဲ့သူတိုင်း အကြိုက်တွေ့စေမှာပါ။
ဒီတော့ ဇာတ်လမ်းအကျဉ်းလေးကို ဆက်လိုက်ကြရအောင်ပါ။
အိပ်မက်ဆိုတာ ဘယ်ကနေဖြစ်လာသလဲလို့မေးရင် ကျွန်တော်တို့အားလုံးမှာ အဖြေမရှိတတ်ကြပါဘူး။
ဒါပေမဲ့ ကျွန်တော်တို့အားလုံးက ကျွန်တော်တို့စိတ်ကူးယဉ်အိပ်မက်တွေရဲ့ ကျေးကျွန်တွေပါပဲ။
ဒီထဲမှာ ပရာရှန့်နဲ့ ဂျင်မီတို့လည်းအပါအဝင်ပေါ့။
ပရာရှန့်ကတော့ အောင်မြင်တဲ့ပြဇာတ်သရုပ်ဆောင်ဖြစ်ချင်ပေမဲ့
ငွေလိုနေလို့ အိမ်ခြံမြေပွဲစားအလုပ်ကိုလုပ်ရင်း အိပ်မက်နဲ့လက်တွေ့ကြားမှာ ဗျာများနေတဲ့သူ။
ဂျင်မီကတော့ အိမ်ခြံမြေပွဲစားလောကရဲ့ အရောင်းဘုရင်လို့ပြောရအောင် နည်းပရိယာယ်ကြွယ်၊
လိမ္မာပါးနပ်ပေမဲ့ သူ့မှာ အရင်းအနှီးမရှိနေတဲ့သူပေါ့။ ဆင်းရဲတွင်းထဲကနေ ရုန်းကန်လာခဲ့ရတဲ့ဘဝသမားပီပီ
ဂျင်မီကတော့ အောင်မြင်ချမ်းသာတဲ့ အိမ်ခြံမြေလုပ်ငန်းရှင်ဖြစ်ချင်တာပေါ့။
ဒီအိပ်မက်သမား ဂျင်မီနဲ့ပရာရှန့်တို့နှစ်ယောက် အိမ်ခြံမြေလုပ်ငန်းဆိုတဲ့ ဘဝဇာတ်ခုံပေါ်မှာ ဆုံဆည်းကြရင်း
သူတို့ရဲ့အိပ်မက်ကိုယ်စီကို အခက်အခဲတွေကြားက အကောင်အထည်ဖော်ကြပုံကို
plot twistတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ရှုစားရမှာဖြစ်လို့ အခုပဲ ကြည့်ရှုခံစားလိုက်ရအောင်ပါ။
(အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ KKKZ ~ Yunniတို့ပဲဖြစ်ပါတယ်)
File Size – 1 GB(Appx;)@Episode
Quality – 1080p WEB DL
Duration –60minute (@Episode)
Total Episodes:5Eps
Subtitle – Myanmar Hardsub
Format – Mp4
Genre : Drama
Translator – Alex ~ KKKZ ~ Yunni
Encoder – YK
=====Complete =====
Related Keywords
Sapne Vs Everyone (2024) mmsub, Sapne Vs Everyone (2024) myanmar sub, Sapne Vs Everyone (2024) burmese sub, Sapne Vs Everyone (2024) မြန်မာစာတန်းထိုး