channelmyanmar သည် 4K၊ 1080P၊ 720P ကဲ့သို့သော လူကြိုက်များသည့် အရည်အသွေးများနှင့်အတူ မြန်မာစာတန်းထိုးဖြင့် ရုပ်ရှင်များကို အခမဲ့ ကြည့်ရှုရန်နှင့် ဒေါင်းလုဒ်လုပ်ရန်အတွက် ဝဘ်ဆိုဒ်တစ်ခုဖြစ်ပြီး နေ့စဉ်အမြန်ဆုံးအပ်ဒိတ်လုပ်ပေးနေပါသည်။

Sanctuary: A Witch’s Tale (2024)

Sanctuary: A Witch’s Tale (2024)
  • other name

    updating

  • author

    updating

  • status

    ongoing

  • genres

    updating

  • views

    0

rating: 5/5 - 1 votes.

description

Sanctuary: A Witch’s Tale (2024)

၂၀၂၄မှာ အသစ်စက်စက်ထွက်ရှိထားတဲ့ fantasy/thriller အမျိုးအစား ဇာတ်လမ်းတွဲဖြစ်ပြီး လက်ရှိမှာတော့ ၂ပိုင်း ထွက်ရှိထားပါပြီ။
လူသတ်မှုစုံစမ်းဖော်ထုတ်တာတို့ witch နဲ့ပတ်သတ်တဲ့ fantasy တို့လို genre မျိုးကိုကြိုက်နှစ်သက်တဲ့ ပရိတ်သတ်ကြီးအတွက်
အကြိုက်တွေ့စေမယ့် ဇာတ်လမ်းတွဲလေးဖြစ်မှာပါ။

ဇာတ်လမ်းအညွှန်း

“စုန်းမဆိုရင် ရွာပြင်ထုတ်”
လူ့အသိုင်းအဝိုင်းမှာ စုန်းအတတ်ကို လက်မခံနိုင်စရာအဖြစ် အများစု တွေးကြမယ်ထင်ပါတယ်။ ဥပဒေမှာလည်း စုန်းအတတ်အသုံးပြုခြင်းကို တားမြစ်ထားပါတယ်။
အင်္ဂလန်သမိုင်းမှာဆိုရင် ၁၆၄၅ခုနှစ်ဝန်းကျင် Matthew Hopkins ခေါင်းဆောင်ခဲ့တဲ့ စုန်းအမဲလိုက်ပွဲမှာ အမျိုးသမီးတွေ ရာချီသေဆုံးခဲ့ရတဲ့ အဖြစ်ဆိုးတွေရှိခဲ့ပါတယ်။
အဲဒီခေတ်တွေကတော့ စုန်းကဝေတွေအတွက် အမှောင်ခေတ်တွေဖြစ်ခဲ့တာပေါ့။

ဒီဇာတ်လမ်းမှာ ဇာတ်အိမ်တည်ထားတဲ့ ‘ဆန်ကျူရီ’မြို့လေးကတော့ လူမျိုးဘာသာမရွေး ယုံကြည်မှုမတူညီကြတဲ့လူတန်းစားမရွေးကို လက်ခံကြိုဆိုပေးထားတဲ့ အေးချမ်းတဲ့မြို့လေးတစ်မြို့ပါ။ နှစ်ရာချီကြာ စုန်းကဝေတွေ လွတ်လွတ်လပ်လပ် နေထိုင်နိုင်ခဲ့ကြတဲ့ ခိုလှုံရာနေရာလေး ဖြစ်လို့နေပါတယ်။ “ဆယ်ရာဖန်း”ဆိုတဲ့ စုန်းမတစ်ယောက်က ဒီမြို့လေးမှာ အေးအေးချမ်းချမ်းနေထိုင်ရင်း သူ့ပညာတွေကို မြို့ခံတွေရဲ့ကောင်းကျိုးအတွက် အသုံးချပေးနေပါတယ်။ သူ့သမီးဖြစ်သူ ဟာပါဖန်းကတော့ စုန်းမဖြစ်ဖို့ ပါရမီပါမလာခဲ့ပါဘူးတဲ့။ တစ်နေ့မှာတော့ ဟာပါရဲ့ရည်စားဖြစ်သူ၊ဆယ်ရာရဲ့သူငယ်ချင်း အက်ဘီဂေးလ်ရဲ့သားဖြစ်သူ “ဒန်နီယယ်”ဟာ ပါတီပွဲတစ်ခုမှာ သေဆုံးသွားပါတယ်။

ဒီသေဆုံးမှုကြောင့် အေးချမ်းတည်ငြိမ်နေတဲ့ ဆန်ကျူရီမြို့မှာ ဂယက်ရိုက်ခတ်သွားပါတယ်။ ဒီသေဆုံးမှုမှာ အဓိကတရားခံက “ဟာပါ”၊ အောက်လမ်းပညာနဲ့ သတ်လိုက်ပါတယ်ဆိုတဲ့ စွပ်စွဲချက်လည်း ထွက်ပေါ်လို့လာပါတယ်။ ဒန်နီယယ်တစ်ယောက် ဘယ်လိုသေဆုံးသွားရတာလဲ။ မတော်တဆသေဆုံးမှုလား၊ အသတ်ခံရတာလား၊ ဟာပါကို စွပ်စွဲပြောဆိုနေတဲ့အချက်တွေက တကယ်ပဲ အမှန်တွေ ဖြစ်နေမလား။ ဆယ်ရာကရော သူ့သမီး စွပ်စွဲခံနေရတာတွေကို ဘယ်လိုကာကွယ်သွားမလဲပေါ့။ ဒီအမှုကို စစ်ဆေးဖော်ထုတ်တဲ့နေရာမှာ ဘာတွေဆက်ဖြစ်လာမလဲ…ဆက်လက်စောင့်မျှော်လိုက်ကြပါဦး။

ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ်။

File Size – 700MB (Appx;)@Episode

Quality – 1080p

Duration – 47minute (@Episode)

Total Episodes: 7Eps

Subtitle – Myanmar Hardsub

Format – Mp4

Genre : Drama, Sci-Fi & Fantasy

Translator – Orika

Encoder – YK

Episode 1 – Yoteshin | Userdrive | Megaup | Streamsb | Steamvid

Episode 2 – Yoteshin | Userdrive | Megaup | Streamsb | Steamvid

Episode 3 – Yoteshin | Userdrive | Megaup | Streamsb | Steamvid

Episode 4 – Yoteshin | Userdrive | Megaup | Meganz | Steamvid

Episode 5 – Yoteshin | Userdrive | Megaup | Streamsb | Steamvid

Episode 6 – Yoteshin | Userdrive | Megaup | Streamsb | Meganz

Episode 7 – Yoteshin | Userdrive | Megaup | Streamsb | Meganz

Related Keywords

Sanctuary: A Witch’s Tale (2024) mmsub, Sanctuary: A Witch’s Tale (2024) myanmar sub, Sanctuary: A Witch’s Tale (2024) burmese sub, Sanctuary: A Witch’s Tale (2024) မြန်မာစာတန်းထိုး