description
Remember You (2016) / Don’t Forget Me (2016)
**********************************************
ဒီတစ်ခါမှာတော့ မင်းသားကြီး Jung Woosung နဲ့ မမလှလှ Kim Haneul တို့
ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားကို CM Team က ပြန်လည်
တင်ဆက်ပေးလိုက်ရပါတယ် ။
ဇာတ်လမ်းကတော့ ..
ကိုယ့်ကိုယ်ကိုယ် လူပျောက်လာတိုင်တဲ့ ယွန်းဆော့ဝန်း ( Jung Woosung )နဲ့ စတင်ထားပါတယ် ။
ရဲစခန်းမှာ ကိုယ့်ကိုယ်ကိုယ် လူပျောက်လာတိုင်ရတဲ့အထိ ဖြစ်နေတဲ့ ယွန်းဆော့ဝန်းဟာ
ကားမတော်တဆမှုကြောင့် ၁၀ နှစ်တာ မှတ်ဉာဏ် ပျောက်ဆုံးနေတဲ့သူတစ်ယောက်ပါ ။
သူ မသိလိုက်တဲ့ အဲဒီ ၁၀ နှစ်အတွင်းမှာပဲ သူဟာ ရှေ့နေတစ်ယောက် ဖြစ်နေခဲ့သလို
ငယ်စဉ်တည်းက ကွဲကွာသွားတဲ့ မိခင်ဖြစ်သူနဲ့လည်း ပြန်ဆုံပြီးလျက်သား ဖြစ်နေခဲ့ပါတယ် ။
နေ့စဉ်ဘဝကို အဆင်ပြေပြေဖြတ်သန်းနေခဲ့ပေမဲ့ ယွန်းဆော့ဝန်းဟာ ဘာမှမသိတော့တဲ့ သူ့ဘဝကို
သူ မပိုင်သလိုပါပဲ ။ ဒီလိုအချိန်မှာ အလုပ်ပြန်လုပ်နိုင်ဖို့အတွက် စိတ်ရောဂါကုဆရာဝန်ဆီကနေ
ထောက်ခံစာယူဖို့ လာခဲ့တဲ့ ယွန်းဆော့ဝန်းဟာ ဂင်ဂျင်ယောင်း ( Kim Haneul ) လို့ ခေါ်တဲ့
အမျိုးသမီးတစ်ယောက်နဲ့ တွေ့ခဲ့ပါတယ် ။
အတိတ်မေ့နေတဲ့ ယွန်းဆော့ဝန်း နဲ့ လျှို့ဝှက်ချက်တွေများလွန်းပုံရတဲ့ ဂင်ဂျင်ယောင်းတို့
ချစ်မိသွားတဲ့အခါမှာ တရိပ်ရိပ်နဲ့ ပြန်ပေါ်လာတဲ့ မှတ်ဉာဏ်တွေက သူတို့ အချစ်ရေးလမ်းခရီးမှာ
ဘယ်လိုအနှောင့်အယှက်ဖြစ်လာမလဲ ။
ယွန်းဆော့ဝန်းရဲ့ ပျောက်နေတဲ့ ၁၀ နှစ်တာအတွင်းမှာ အီဘိုယောင်းလို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက်
ပေါ်လာတဲ့အခါ သူကရော ဘယ်လိုပတ်သက်မှုမျိုးတွေ ရှိခဲ့တာလဲဆိုတာကိုတော့ Remember You
ဇာတ်ကားမှာ ယွန်းဆော့ဝန်းနဲ့အတူတူ မှတ်ဉာဏ်တွေကို အတူတူရှာဖွေလိုက်ရအောင်နော် ။
(အညွှန်းကို Hazelle မှ ရေးသားထားပါတယ်)
File size…1.04GB / 469MB
Quality… WEB-DL 1080p/ 720p
Format…mp4
Duration…. 1 hr. 46 min.
Genre ….. Mystery, Romance, Melodrama
Subtitle….Myanmar Subtitle (Hard Sub)
Translated by Hazelle
Encoded by AHtet
Related Keywords
Remember You (2016) mmsub, Remember You (2016) myanmar sub, Remember You (2016) burmese sub, Remember You (2016) မြန်မာစာတန်းထိုး