description
Ranma ½ (2024)
IMDB – 7.9/10, MyAnimeList – 8/10
အသစ်အသစ်တွေ ဘယ်လောက်ထွက်ထွက် Retro vibe နဲ့
ရှေးဟောင်းလေးတွေကောင်းရင် ဘယ်သူမှ မမှီနိုင်ဘူးဆိုတာ ဒါကသက်သေပါပဲ။
အဲဒီလိုပြောလို့ ရှေးခေတ်တုန်း ထွက်ထားတဲ့ကောင် မဟုတ်ပါဘူး
အောက်တိုဘာ ၂၀၂၄ ကမှ ထွက်ရှိထားတာပါ ဒါပေမဲ့လည်း အသစ်မဟုတ်ပြန်ပါဘူး။
နားရှုပ်သွားပြီထင်တယ် ဒီလိုပါ၊ မူရင်း Manga ကိုတော့ နာမည်ကျော် Inuyasha တို့
Urusei Yatsura တို့ကို ရေးသားခဲ့တဲ့ ဆရာမ Rumiko Takahashi ပဲ ၁၉၈၇ ခုနှစ်မှာ ဖန်တီးထားတာပါ။
နောက်ပြီးတော့ အဲဒါကိုပဲ ၁၉၈၉ ခုနှစ်မှာ Anime အဖြစ် အသက်သွင်းခဲ့ကြပါသေးတယ်
ကျွန်တော်တို့တောင် မမွေးသေးဘူးပေါ့ ပြောရမယ်ဆို။
ဒီလိုနဲ့ အခု နှစ်တွေအများကြီးကြာမှ နာမည်ကျော် စတူဒီယို MAPPA ကနေ
ပြန်လည်မွေးဖွားပေးခဲ့တာ ဖြစ်ပါတယ်။
မူရင်း Anime ထက်ကောင်းမကောင်းဆိုတာတော့ အပေါ်က Rating တွေသာ ကြည့်လိုက်ဗျာ
အလကားပေးထားတာ မဟုတ်ဘူးရယ်။
80 Retro Vibe ပီပီ သူ့ Anime ရုပ်လေးတွေက တစ်မျိုးမူကွဲနေပြီ
း ပိုချစ်စရာကောင်းတယ်လို့ ခံစားရတယ်။
ဇာတ်လမ်းလေးကလည်း တစ်ပိုင်းပြီး တစ်ပိုင်း မရပ်ချင်ရလောက်အောင်
အူတက်လုနီးပါး ခွီနေရပြီး ဆက်တိုက်ဆွဲဆောင်သွားတာမျိုးပါ။
ဇာတ်လမ်းအကျဉ်းလေးက ဒီလို….။
Ranma တို့အဖေက သူ့သူငယ်ချင်းအရင်းကြီးနဲ့ ကတိတစ်ခု လုပ်ထားတာရှိတယ်။
အဲဒါကတော့ သူ့သား Ranma နဲ့ ဟိုဖက်ကလူကြီးရဲ့ သမီးနဲ့ ပေးစားဖို့ပေါ့။
ဟိုဖက်မှာလည်း သမီးက ၃ ယောက်တောင်ရှိတာ
အိမ်လာရင်း ဘယ်သူ့ခေါင်းခေါက်ယူမလဲ ကြည့်ပေါ့လေ
။ ဒီတော့ တရုတ်ပြည်ကအပြန် သားအဖနှစ်ယောက် အိမ်လာလည်မယ်ပြောပြီး
တကယ်တမ်းရောက်လာတော့ ဆယ်ကျော်သက်အရွယ် ကောင်မလေးတစ်ယောက်ရယ်
ပန်ဒါကြီးတစ်ကောင်ဖြစ်နေရော။
ဟို သားအဖတွေခင်ဗျာ ကြောင်တောင်တောင်ဖြစ်နေတုန်း
တကယ့်ဇာတ်လမ်းက သားအဖနှစ်ယောက် တရုတ်ပြည်သွား ဖင်ယားပြီး
သိုင်းကျင့်ကြတာ ကျိန်စာသင့်လာတော့ သားဖြစ်သူက လုံးရာကပြားပြီး
ဖအေဖြစ်သူက လူစင်စစ်ကနေ ပန်ဒါဖြစ်သွားခဲ့ရော ဒါပေမဲ့
သူတို့က တစ်နည်းတော့ရှိတယ် ရေနွေးလောင်းရင် သာမန်ပြန်ဖြစ်ပြီး
ရေအေးပက်ခံရရင် သောက်တလွဲ ပြန်ဖြစ်တာပေါ့။
ဒီလိုနဲ့ ကျားတစ်ပိုင်း မတစ်ပိုင်း Ranma တစ်ယောက် ဟိုဖက်က အငယ်ဆုံးမလေး Akane နဲ့
တစ်အိမ်တည်း မတည့်အတူနေ ဘုနဲ့ဘောက်ဖြစ်ကြရင်း…
Ranma ရဲ့နောက်ကြောင်းမရှင်းတဲ့ ဇာတ်ကောင်အစုံအလင် ပါဝင်လာတဲ့အခါမှာတော့
ပြည့်စုံ မြိုင်ဆိုင်တဲ့ အချစ်ဟာသ သိုင်းကားလေး ဖြစ်လာပါတော့တယ်။
(အညွန်းနဲ့ ဘာသာပြန်ကတော့ Thura Aung ဖြစ်ပါတယ်)
File size…(400 MB)
Quality….WEB-DL 1080p
Format…. mp4
Genre….Animation, Action & Adventure, Comedy, Sci-Fi & Fantasy
Duration….00:25:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Thit San Khant
Translated by Thura Aung
========================== Season 1 End ========================================
Related Keywords
Ranma1/2 (2024) mmsub, Ranma1/2 (2024) myanmar sub, Ranma1/2 (2024) burmese sub, Ranma1/2 (2024) မြန်မာစာတန်းထိုး